cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖရဲစျေးကွက်

. ဈေးကွက်သတင်းများ
ပြည်ပတင်ပို့ရန် စရိတ်ကြီးသဖြင့် ဖရဲသခွားစိုက်တောင်သူများ ပြည်တွင်းဈေးကွက်ကိုသာ မျှော်မှန်းစိုက်ပျိုးနေရ
  • နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ပြည်ပနိုင်ငံများသို့တင်ပို့ရန် စရိတ်ကြီးမြင့်မှုများကြောင့် ဖရဲသခွားစိုက်တောင် သူများ ပြည်တွင်းဈေးကွက်ကိုသာ မျှော်မှန်းစိုက်ပျိုးနေရကြောင်း ဖရဲသခွားစိုက်တောင်သူများမှ သိရပါတယ်။

    လက်ရှိအချိန်မှာလည်း မိုးဖရဲသီးများ ဆွတ်ခူးချိန်ဖြစ်ပြီး ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး နှင့် နေပြည်တော် ဈေးကွက်များတွင်သာ ရောင်းချနေရပြီး ပြည်တွင်းဈေးကွက်အတွင်း စားသုံးနိုင်သည့် ပမာဏကိုသာ တွက်ချက်စိုက် ပျိုးထုတ်လုပ်ရောင်းချနေရတယ်လို့ အဆိုပါ တောင်သူများထံမှ သိရပါတယ်။

    “မိုးဖရဲသီးတွေကို ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော် ဈေးကွက်များမှာပဲ ရောင်းချနေရတယ်။ လက်ရှိအချိန် နယ်စပ်ကုန်သွယ်မှုက နေတစ်ဆင့်လည်း ပြည်ပနိုင်ငံများကို တင်ပို့ဖို့ စရိတ်ကြီးမြင့်တော့ မပို့နိုင်ဘဲ ပြည်တွင်းဈေးကွက်မှာသာ ရောင်းချနေရတာဖြစ်တယ်။ ပြည်တွင်းမှာသာ ရည်ရွယ်ပြီး ရောင်းချရတဲ့အတွက်လည်း စိုက်ပျိုးတဲ့ဧကကို လျှော့ချ စိုက်ပျိုးနေရပါတယ်။ ပြည်တွင်းစားသုံးမှု ပမာဏကိုသာ ချိန်ဆပြီး တစ်နှစ်ပတ်လုံး ဈေးကွက်အတွင်းမှာ အသီးရရှိရေးအတွက်သာ မျှော်မှန်းစိုက်ပျိုးနေရတာဖြစ်ပါတယ်။ ” လို့ ဖရဲသခွားစိုက် တောင်သူတစ်ဦးက ပြောပါတယ်။

    လက်ရှိတွင် ပြည်ပတင်ပို့နိုင်ခြင်းမရှိသည့်အတွက် ဈေးကွက်အတွင်းမှာလည်း စားသုံးသူများအနေဖြင့် ဈေးပေါပေါ ဖြင့် စားသုံးနိုင်ကြောင်း၊ သို့သော်လည်း လာမည့်နှစ်ဆောင်းရာသီတွင်စိုက်ပျိုးထွက်ရှိမည့် ဖရဲ သခွားများကိုမူ နိုင်ငံခြားဈေးကွက်သို့ ပြန်လည်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရပါတယ်။

    ရန်ကုန်။ ၂၀၂၅၊ ဩဂုတ် ၃၁ ရက်

    Myanmar Future News Agency

    ----------


  • article
likes
5
comments
0
views
2498