cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မျှစ်ကိုဘယ်သူတွေမစားသင့်တာလဲ?

. ကျန်းမာရေးဆောင်းပါးများ
မျှစ်သည် အာဟာရပြည့်ဝပြီး အရသာရှိသော်လည်း ၎င်းတို့၏ ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများကို သတိထားရန် အရေးကြီးပါတယ်။ အထူးသဖြင့် အခုဖော်ပြပါ ရောဂါတစ်ခုခုရှိနေရင် မျှစ်မစားတာ အကောင်းဆုံးပါပဲ။
  • ကိုယ်ဝန်ဆောင်မိခင်တွေ။

    မျှစ်ကို ကိုယ်ဝန်ဆောင် မိခင်တွေ မစားသင့်ဘူးဆိုတဲ့ အထောက်အထား အခိုင်အမာ မရှိသေးပေမယ့် မစားတာ ပိုကောင်းပါတယ်။

    သိုင်းရွိုက်ရောဂါ။

    မျှစ်ကို သိုင်းရွိုက်ရောဂါရှိသူတွေ၊ သိုင်းရွိုက်ဆေးဝါးများ သောက်သုံးနေရသူတွေ မစားတာပိုကောင်းပါတယ်။

    မျှစ်ကို ပမာဏ များများဖြင့် ကာလကြာရှည် ဆက်တိုက် စားသုံးမယ်ဆိုရင် သိုင်းရွိုက်ရောဂါတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

    အစာအိမ်နာ/ရောင် ရောဂါ။

    မျှစ်စားသုံးတဲ့အခါ လူတွေကြုံတွေ့ရတဲ့ အဖြစ်များဆုံး ပြဿနာတွေထဲက တစ်ခုကတော့ အစာမကြေခြင်းပါပဲ။ လေထိုး‌၊လေအောင့်၊လေနာတာတွေကို ဖြစ်စေနိုင်ပါတယ်။

    အကြောင်းရင်းမှာ မျှစ်တွင် အမျှင်ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် လူအချို့အတွက် အစာကြေရန် ခက်ခဲနိုင်ပါတယ်။

    မျှစ်မှာ cyanhydric acid အများအပြားပါဝင်တာကြောင့် အစာအိမ်နာနေသူတွေ မျှစ်မစားသင့်ပါဘူး။

    ဤအက်ဆစ်သည် အမြောက်အမြား စုပ်ယူသောအခါတွင် အစာအိမ်အနာကို ဖြစ်စေပြီး ကုသရန်ခက်ခဲသော နာတာရှည်ရောဂါများ တဖြည်းဖြည်း ဖြစ်လာစေနိုင်ပါတယ်။

    ကျောက်ကပ်ကျောက်တည်ခြင်း။

    မျှစ်တွင် oxalate ဟုခေါ်သော ဒြပ်ပေါင်းတစ်မျိုးပါဝင်ပြီး ခန္ဓာကိုယ်တွင်းရှိ ကယ်လ်စီယမ်နှင့် အခြားသတ္တုဓာတ်များကို ပေါင်းစပ်ကာ ကျောက်ကပ်ကျောက်တည်စေနိုင်ပါတယ်။

    ကျောက်ကပ်တွင် ကျောက်တည်‌နေလျှင်၊ သို့မဟုတ် ကျောက်ကပ်ကျောက်တည်ဘူးလျှင် မျှစ်စားသုံးမှုကို ရှောင် သို့မဟုတ် လျှော့ချသင့်ပါတယ်။

    ဂေါက်ရောဂါ (Gout)။

    ဂေါက်ရောဂါရှိသူတွေမှာ သွေးထဲမှာ ယူရစ်အက်ဆစ်ပမာဏကို ပိုဆိုးစေနိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။

    မျှစ်၊ ကညွှတ်တို့လို ကြီးထွားမြန်တဲ့ အစားအစာတွေက ယူရစ်အက်ဆစ် ပေါင်းစပ်မှုကို မြန်စေပြီး ဂေါက်ရောဂါအတွက် မသင့်‌တော်ပါဘူး။

    ကျောက်ကပ်ရောဂါ။

    မျှစ်တွင် ကယ်လ်စီယမ် နှင့် အက်ဆစ် ပမာဏ များသောကြောင့် ကျောက်ကပ် ရောဂါ ရှိသူများအတွက် ကောင်းကျိုး မရှိနိုင်ပါဘူး။

    မျှစ်ကို အလွန်အကျွံစားတာက ကျောက်ကပ်ကို ပျက်စီးစေတဲ့ သွေးကြောနံရံတွေကို ထိခိုက်စေနိုင်တဲ့အတွက် ကျောက်ကပ်ရောဂါရှိသူတွေမှာ မျှစ်ကို အနည်းငယ်စားသုံးလိုပါက မိမိကို ကုသပေးတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    အရိုးကျိုးလူနာ။

    အရိုးကျိုး ဒဏ်ရာ ရရှိခဲ့ပါက မျှစ်ကို အလွန်အကျွံ မစားသင့်ပါ။

    အကြောင်းရင်းမှာ မျှစ်တွင် ပါဝင်သော oxalic acid သည် ခန္ဓာကိုယ်၏ ကယ်လ်စီယမ်နှင့် ဇင့်၏ စုပ်ယူမှုနှင့် အသုံးချမှုကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဖြစ်ပါတယ်။

    ဒါကြောင့် ကျိုးသွားသောအရိုးများ ပြန်လည်ကောင်းမွန်လာစေရန် အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။

    ခုခံအားနည်းနေသူများ ဖျားခြင်း။

    ခုခံအားနည်းနေသူများသည် ဖျားနာချိန်အခါ၌ မျှစ်တွင်ပါဝင်သော ဂလူးကို့စ်ပမာဏအချို့က ဒုက္ခပေးတတ်ပါတယ်။

    ပုံမှန်အားဖြင့် Glucide သည် ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိသော်လည်း ခန္ဓာကိုယ် အားနည်းလာသောအခါတွင် အစာခြေအင်ဇိုင်းများနှင့် အစာအိမ်အတွင်းရှိ အက်စစ်ဓာတ်များ ကွဲထွက်ကာ အလွယ်တကူ အန်တတ်စေပါတယ်။

    ဆိုင်ယာနိုက်အဆိပ်သင့်ခြင်း။

    မျှစ်များများစားခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ ဆိုင်ယာနိုက်အဆိပ်သင့်ခြင်း ဖြစ်ပါတယ်။

    ရှားပါးပြီး ပုံမှန်အားဖြင့် မျှစ်ကို စနစ်တကျ မသန့်စင်၊ မချက်ပြုတ်ပဲ စားသော နိုင်ငံများတွင်သာ တွေ့ရသော်လည်း လတ်လတ်ဆတ်ဆတ် သို့မဟုတ် စည်သွတ်ဘူးမျှစ်ဖြင့် ချက်ပြုတ်ရာတွင် သတိထားရန် အရေးကြီးပါတယ်။

    အစာအဆိပ်သင့်ခြင်း။

    နောက်ဆုံးအနေနဲ့ မျှစ်မှာ အစာအဆိပ်သင့်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ပါဝင်နိုင်ပါတယ်။

    ဒီအန္တရာယ်ကို လျှော့ချရန် မျှစ်ကို သေချာသန့်စင်ပြီး ပြုတ်ထားသော မျှစ်များကို ရွေးချယ်ပါ။

    စည်သွပ်မျှစ်များကို အနည်းဆုံး ၁၀ မိနစ်ခန့် ဆူအောင်အပူပေးပြီးမှ စားသင့်ပါတယ်။

    မျှစ်နဲ့ဓာတ်မတည့်ခြင်း။

    ရှားပါးသော်လည်း မိမိအနေဖြင့် မျှစ်စားပြီး ဝေဒနာတစ်ခုခုခံစားရပါက၊ ဓာတ်မတည့်ခြင်း ဖြစ်ပါက မျှစ်ကို မစားတာ ပိုကောင်းပါတယ်။

    မျှစ်စားခြင်းနှင့် ဆက်စပ်၍ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုး အချို့ရှိသော်လည်း မျှတစွာ စားသုံးပြီး စနစ်တကျ ပြင်ဆင်ချက်ပြုတ်သောအခါတွင် လူအများစုအတွက် ဘေးကင်းပါတယ်။

    မျှစ်စားတဲ့အခါ အဆိပ်သင့်ခြင်း မဖြစ်စေရန် အောက်ပါအချက်များကို သတိပြုပါ။

    မျှစ်များကို ရေဖြင့်စိမ်ထားခြင်းသည် ရွှံ့နွံများကို သန့်စင်စေပြီး အဆိပ်အတောက်များကို ဖယ်ရှားပေးပါတယ်။

    မျှစ်ကို အစိမ်းမစားပါနဲ့။

    မျှစ်ကို ရေဖြင့် အထပ်ထပ်အခါခါ ဆေးကြောပြီး အချိန်အတန်ကြာအောင် ပြုတ်ထားပါ။

    ထိုမျှစ်ပြုတ်ရေများကို စွန့်ပစ်ပါ။

    မျှစ်ချဉ်သည် အဝါရောင်သန်းပြီး ချဉ်သောအနံ့ရှိရပါမယ်။

    (အချို့မျှစ်အမျိုးအစားတွေက အနီရောင် သန်းလေ့ရှိပါတယ်)

    ဆိုးဆေး အသုံးပြုတ်ပြီး အရောင်တင်ထားသော မျှစ်များကို လုံးဝမစားသင့်ပါ။

    Source: ဒေါက်တာထက်အာကာ

    Crd to original uploader

    ✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


  • article
likes
7
comments
0
views
2517