ဧရာဝတီတိုင်း စက်တင်ဘာလ ၄ ရက် မှ ၁၀ ရက်အထိ မိုးလေဝသအခြေအနေ
ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်အခြေအနေ
· စက်တင်ဘာလ ၃ ရက် ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော်၊ အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ ဆက်လက်တည်ရှိနေပါတယ်၊၊ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်အိန္ဒိယနိုင်ငံအလယ်ပိုင်းကို ဆက်လက်ရွေ့လျားမယ်လို့ခန့်မှန်းထားပါတယ်။
· တောင်တရုတ်ပင်လယ် ဟောင်ကောင်/မကာအိုတောင်ဘက်ပင်လယ်ပြင်မှာ လေပွေလှိုင်းတခုဖြစ်ပေါ်နိုင်ကြောင်းတွေ့ရသော်လည်း လေဖိအားနည်းရပ်ဝန်းအဆင့်ကိုရောက်လာနိုင်ရန်ပင် မသေချာသေးပါ။
ဧရာဝတီတိုင်း ၇ ရက် ၁ ပါတ်အတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေကြိုတင်ခန့်မှန်း
· ဧရာဝတီတိုင်းအလယ်ပိုင်း(ဟင်္သာတမြို့အောက်ဘက်)နှင့် ဧရာဝတီတိုင်းတောင်ပိုင်း ညောင်တုန်း၊ ပုသိမ်မြို့အောက်ဘက်မြို့နယ်များမှာ ၇ ရက် မိုးရေချိန် အများဆုံး ၃ လက်မခန့်ရွာသွန်းရရှိနိုင်ပါတယ်။
· ကျိုက်လတ်၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းမြို့နယ်တွေမှာ ၇ ရက်အတွင်းရရှိနိုင်တဲ့ မိုးရေချိန် အများဆုံးဖြစ်နိုင်ပါတယ်။
· ပုသိမ်၊ မြောင်းမြ၊ အိမ်မဲ၊ ပန်းတနော်၊ ညောင်တုန်းမြို့နယ်တွေမှာ မိုးပြတ်တောင်း အသင်အတင့်ရွာနိုင်ပြီး၊
· ဧရာဝတီတိုင်းမြောက်ဘက်အစွန်က အင်္ဂပူ၊ မြန်အောင်၊၊ ကြံခင်းမြို့နယ်တွေမှာလဲ နေ့စဉ်မိုးအသင့်အတင့်ရွာနိုင်ပါတယ်။
· ယခုရက်သတ္တပါတ် ၁ ပါတ်အလွန် စက်တင်ဘာလ ဒုတိယ ၁၀ ရက်ပါတ်အတွင်းမှာတော့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးက မြို့နယ်၊ ကျေးရွာတွေမှာ မိုးအနည်းငယ် ပိုလာနိုင်ပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် ကမ်းနီးပင်လယ်ပြင်အခြေအနေ
· ဧရာဝတီတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး ခံစားရသည့်အပူချိန်(Temperature Feels Like or Apparent Temperature) ၃၉°C ခန့် ရှိနိုင်ပါမယ်။
· ယခု ၁ ပါတ်အတွင်း မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေနဲ့ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေမှာ လေတိုက်နှုန်း အမြင့်ဆုံး တနာရီ ၁၄ မိုင်နှုန်းခန့်ရှိနိုင်ပြီး
· စက်တင်ဘာလ ၄ ရက်နောက်ပိုင်းမှ ၁၀ ရက်ကျော်သည်အထိ ကမ်းနီးပင်လယ်ပြင်တွင် လှိုင်းအမြင့် ၅ ပေ မှ ၂ ပေ ခန့်အထိလျော့ကျသွားနိုင်၊ လှိုင်းလေငြိမ်သွားနိုင်ပါမယ်။
Win Naing
Administration Team,
MMWEATHER,
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများထံသို့ အကြံပြုချက်....
- စပါး မှို့ကပ်ချိန်မရောက်ခင် (၇ ရက်) အလိုတွင် ပိုတက်ရှ် (K) မြေဩဇာကို အဓိကထည့်ပေးပါ။
- ရေကြာရှည်သိုလှောင်ထားသော စပါးစိုက်ခင်းများအနေဖြင့် ဖြုတ်ကျရောက်မှုရှိ၊မရှိကို သေချာကွင်းဆင်းစစ်ဖို့လိုပါတယ်။
- ရွက်ညိုပြောက်ကျနေသောစိုက်ခင်းများအနေနဲ့ မှိုသတ်ဆေးကို Trifloxystrobin (သို့မဟုတ်) Iprodione ကိုရွေးချယ်နိုင်ပြီး၊ နောက်ရာသီတွေမှာ ရွက်ညိုပြောက်ရောဂါကျသော စိုက်ခင်းကမျိုးကို ပြန်မစိုက်ဖို့လိုပါတယ်။
- ဘက်တီးရီးယားရွက်ခြောက်ကျသော စပါးခင်းများအနေဖြင့် Copper oxychloride+ Kasugamycin ကိုရွေးချယ်ဖျန်းနိုင်ပြီး ၊ ရောဂါကျနေစဥ် အရွက်ဖြတ်ခြင်းကို မပြုလုပ်ပါနဲ့။
- ပုလဲမြေဩဇာကိုလည်း အလွန်အကျွံထည့်သွင်းခြင်းမပြုလုပ်ပါနဲ့။
ယင်မဲသားလောင်းများကို အသုံးပြုပြီး ငါး အစာများပြုလုပ်ခြင်း
ယခုအချိန်တွင် ဖွဲနုဈေးသည်မြင့်တက်လာသလို ပဲဖတ် နှင့် ငါးပေါင်းမှုန့်သည် ပိုမိုဈေးကြီးနေကြပါ သည်။ ပဲဖတ် နှင် ငါးပေါင်းမှုန့်အစား ယင်မဲသားလောင်းများကို အစာထိုးပြီး စပ်စာအဖြစ်ဆောင်ရွက်ပါက ၊ စပ်စာတွင် ပရိုတိန်း ၂၀-၂၅ ရာခိုင်နှုန်း ရရှိလာပါမည်။ ယင်မဲ မွေးမြူရေး လုပ်ငန်းသည် စွန့်ပစ်စာများကျွေးပြီး မွေးမြူခြင်းကြောင့် ကုန်ကျစရိတ်သက်သာပါမည်။
ယင်မဲသားလောင်းများသည် ပရိုတိန်း ၄၀ မှ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်းနှင့်ယင်မဲအခြောက်တွင် ပရိုတိန်း ၅၀ မှ ၆၀ ရာခိုင်နှုန်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။
ပရိုတိန်း (၂၀) ရာခိုင်နှုန်းပြည့်ရန် ဖွဲနု ၆၆.၆၆ ဆ နှင့် ယင်မဲ ၃၃.၃၃ ရောစပ် ရပါမည်။ စပ်စာ တပိဿာအတွက် ဖွဲနု (၆၆.၆၆)ကျပ်သားနှင့် ယင်မဲသားလောင်း (၃၃.၃၃)ကျပ်သားရောစပ်ပေးပါ။
----------
ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း