မန္တလေးတိုင်း စက်တင်ဘာလ ၅ ရက် မှ ၁၁ ရက်အထိ မိုးလေဝသအခြေအနေ
ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်အခြေအနေ(စက်တင်ဘာလ ၄ ရက် ည ၉ နာရီခွဲ update)
· စက်တင်ဘာလ ၃ ရက် ညနေပိုင်းမှာ ဘင်္ဂလားပင်လယ်အော်၊ အနောက်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဩရိဿပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအနေနဲ့ ဆက်လက်တည်ရှိနေပါတယ်၊၊ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်အိန္ဒိယနိုင်ငံအလယ်ပိုင်းကို ဆက်လက်ရွေ့လျားမယ်လို့ခန့်မှန်းထားပါတယ်။ အဲ့ဒီကုန်းတွင်းလေဖိအားနည်းရပ်ဝန်းကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ အနောက်တောင်မုတ်သုံလေ ဆက်လက်အားကောင်းနေပါတယ်။
· တောင်တရုတ်ပင်လယ် ဟောင်ကောင်/မကာအိုရဲ့ အရှေ့တောင်ဘက်၊ ဖိလစ်ပိုင်နဲ့ ထိုင်ဝမ်ကျွန်းအနောက်ဘက်ပင်လယ်ပြင်မှာ စက်တင်ဘာလ ၇ ရက်နေ့မှ စ ပြီး လေဖိအားနည်းရပ်ဝန်းတခုဖြစ်လာနိုင်ကာ အပူပိုင်းမုန်တိုင်းအဆင့်ထိရောက်လာနိုင်ပြီး၊ မြောက်ဘက်တရုတ်ပြည်မကြီးကမ်းခြေကို ဟောင်ကောင်၊ မကာအိုမြို့များအနီးမှ ဖြတ်ကျော်ဝင်ရောက်သွားနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားပါတယ်။
· ယခုအချိန်အထိ ရရှိပြီး ကြိုတင်ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းဖြစ်လာပြီးနောက် မုန်တိုင်းအကြွင်းအကျန်များသက်ရောက်မှုက မြန်မာနိုင်ငံဘက်ကို သက်ရောက်နိုင်မှုမရှိသေးပါ။
မန္တလေးတိုင်း စက်တင်ဘာ ၅ ရက် မှ ၁၁ ရက် - ၇ ရက်အတွင်း မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ
· မန္တလေးတိုင်းမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေက ယခုတပတ်အတွင်းမှာ မိုးရွာသွန်းနိုင်မှုအများဆုံးဒေသတွေ ဖြစ်ပါမယ်။
· မန္တလေးတိုင်းမြောက်ပိုင်းမှ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်နဲ့ ပြင်ဦးလွင်မြို့တွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၄.၃ လက်မရွာသွန်းရရှိနိုင်ပြီး၊ မန္တလေးတိုင်းထဲမှာ မိုးရေချိန်အများဆုံးမြို့နယ်တွေ ဖြစ်ပါမယ်။
· မန္တလေးတိုင်းအလယ်ပိုင်း - မန္တလေးမြို့၊ အမရပူရမြို့နဲ့ ကျောက်ဆည်မြို့တွေမှာတော့ ၇ ရက်အတွင်း မိုးရေချိန် ၂.၅ လက်မခန့် ရွာသွန်းရရှိနိုင်ပါမယ်။
· မန္တလေးတိုင်းအလယ်ပိုင်းက ပခုက္ကူမြို့နယ်နှင့် ထိစပ်သည့်ဒေသများ၊ မြင်းခြံ၊ တောင်သာစတဲ့မြို့တွေနဲ့ တောင်ပိုင်းက မိတ္ထီလာ၊ သာစည်၊ ပျော်ဘွယ်၊ ရမည်းသင်းစတဲ့မြို့နယ်တွေမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့်(၇ ရက်မိုးရေချိန် ၂.၂ လက်မခန့်)ရွာနိုင်ပါမယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· မန္တလေးမြို့ဝန်းကျင်မှာ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ မကွေးတိုင်းနယ်စပ် ပုဂံညောင်ဦးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၅°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါတယ်။ တောင်ပေါ်မြို့တွေဖြစ်တဲ့ ပြင်ဦးလွင်နဲ့ မိုးကုတ်မြို့တွေမှာ နေ့အပူချိန် ၂၄°C နဲ့ ညအပူချိန် ၂၁°C ရှိနိုင်ပါမယ်။
· မန္တလေးတိုင်းရဲ့ ပျမ်းမျှလေထုစိုထိုင်းဆက နေ့လည်ပိုင်းမှာ ၆၀% ရှိနိုင်ပြီး ညနဲ့ နံနက်စောစောမှာ ၉၀% ရှိနိုင်ပါတယ်။
မန္တလေးတိုင်း၊ မန္တလေးမြို့မှာ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI value 50 အထိရှိနိုင်ပြီး ကျန်ဒေသတွေမှာ AQI value 20 ခန့်သာရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
https://disasterinfo.mmweather.org/
မန္တလေးတိုင်းဒေသကြီးအတွင်း စပါးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
မန္တလေးတိုင်းဒေသကြီးအတွင်း စပါးစိုက်ပျိုးရာတွင် စပါးပင် နှောင်းပိုင်းကာလတွင် ကျရောက်တတ်တဲ့ အနှံဖြူ ဆစ်ပိုးကို ကြိုတင်ကာကွယ်ပေးပါ။
- စပါးပင်ငယ်စဥ်ကျရောက်ပါက စပါးပင်စည်အတွင်းထိုးဖောက်စားသောက်ခြင်းကြောင့် အူပုပ်တဲ့လက္ခဏာကိုတွေ့ရပါသည်။
- စပါးနှံစပြူချိန်တွင်ကျရောက်ပါက အနှံသည်အစေ့အဆန်မအောင်မြင်ဘဲ အနှံဖြူသွားသောလက္ခဏာကိုတွေ့ရသည်။
- နိုက်ထရိုဂျင်မြေဩဇာ (ပုလဲ) ကိုအကြိမ်ရေခွဲထည့်ပေးပါ။
- ပိုတက်ရှ်မြေဩဇာ (K) ကိုအဓိကထည့်ပေးပါ။
- ဆစ်ပိုးအကောင်ကြီးအဆင့် ဖလံကောင်များအား ကြိုတင်ကာကွယ်နှိမ်နင်းပေးပါ။
- ဆစ်ပိုးကျရောက်လက္ခဏာတွေ့ သည်နှင့်တပြိုင်နက် ရေထုတ်၍ ဆေးဖျန်းပေးပါ။
- အသုံးပြုနိုင်သောဓာတုပိုးသတ်ဆေးများမှာ Profenofos+ Lufenuron ၊ Cartap hydrochloride၊ Acephate+ Monosultap၊ Indoxacarb + Emamectin Benzoate
ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက်
- ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။
- သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။
- ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပါ က သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။
------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း