ကုဆိုင် (Chives) စိုက်ပျိုးနည်း
- ကုဆိုင်ဆိုသည်မှာ ကြက်သွန်မျိုးရင်းဝင်တစ်မျိုးဖြစ်ပြီး အလွယ်တကူ စိုက်ပျိုးနိုင်သော နှစ်ရှည်သီးနှံပင်ဖြစ်ပါသည်။ ရုက္ခဗေဒအမည်မှာ Allium schoenoprasum ဖြစ်ပြီး Chive ဟူ၍ခေါ်ဆိုကြပါသည်။ မူရင်းဒေသတွေကတော့ ဥရောပ၊ အာရှနဲ့ မြောက်အမေရိကဒေသတွေပဲ ဖြစ်ပါတယ်။ နည်းငယ်စပ်သောအရသာရှိပြီး အထူးသဖြင့် ဥရောပနိုင်ငံတွေရဲ့ အစားအစာတွေမှာ ထည့်သွင်း စားသုံးလေ့ ရှိကြပါတယ်။ ကုဆိုင်ပင် အပင်အမြင့်မှာ ၁ ပေကနေ ၁ ပေခွဲ အထိ ရှည်လျားနိုင်ပါတယ်။ အက်စစ်အနည်းငယ်ဆန်သောမြအမျိုးအစားကိုကြိုက်နှစ်သက်ပြီး နေရောင်ခြည် ကောင်းစွာရရှိပြီး မြေဆီဩဇာ ထက်သန်သော မြေတွင် ပိုမိုဖြစ်ထွန်းပါသည်။ - မျိုးစေ့မှစိုက်ပျိုးပါက ၂ လက်မအကာအဝေးဖြင့် ၆ မှာထားပြီး စိုက်ပျိုးပါ။ ထို့နောက် အပေါ်မှ မြေသားခပ်ပါးပါး ပြန်ဖုံးပေးထားရပါမယ်။ ရေပေးသွင်းရာတွင် မြေဆီလွှာကို ကောင်းစွာစိုစွတ်သည်အထိ လောင်းပေးရပါမည်။ အပင်ငယ်စဥ် ပေါင်းမြက်ကင်းဝေးစေရန် အထူးဂရုစိုက်နှိမ်နင်းပေးရမည်။ မြေပြင်ရာတွင် ၁၅ ပတ်လည်နှင့် နွားချေးမြေဆွေးများကို ထည့်သွင်းပြင်ဆင်ပေးရပါမည်။ မိုးဦးကျကာစ ကာလတွင် ပုလဲဓာတ်မြေဩဇာကို ကျွေးပေးရန်လိုအပ်ပါသည်။ - အစေ့တိုက်ရိုက်ချ စိုက်ပျိုးပါက မျိုးစေ့ချစိုက်ပြီး ၂ လအကြာတွင်လည်းကောင်း၊ ပျိုးဘောင်မှ ရွှေ့ပြောင်းစိုက်ပါက စိုက်ပြီး ၁ လတွင် လည်းကောင်း ကုဆိုင်ရွက်များစတင်ခူးဆွတ်နိုင်ပြီး စ စိုက်စိုက်ခြင်း ပထမနှစ်တွင် ၃-၄ ကြိမ်အထိ ခူးဆွတ်နိုင်ပါသည်။ ခူးဆွတ်ရာတွင် မြေပြင်မှ ၁-၁.၅ လက်မ အကွာမှဖြတ်၍ ခူးဆွတ်ကြရသည်။ တစ်ကြိမ် ခူးဆွတ်ပြီးတိုင်း ပုလဲဓာတ်မြေဩဇာ ကျွေးပေးပါက အထွက် ပိုမိုရရှိနိုင်ပါသည်။ - ကုဆိုင်ပန်းပွင့်များမှာ ပန်းရောင်၊ ခရမ်းရောင်၊ အနီရောင်နဲ့ အဖြူရောင်ဆိုပြီး ရှိကာ နွေရာသီမှာ ပန်းပွင့်လေ့ရှိပါတယ်။ ထို့ကြောင့် အခြားသီးနှံများဖြင့် သီးညှပ်စိုက်ပျိုးပါက သဘာဝမိတ်ဖက်သတ္တဝါများဖြစ်သော ငှက်များကို ဆွဲဆောင်နိုင်စေရုံသာမက အခြားသော ဖျက်ပိုးများအား ထောင်ချောက်ပင်အဖြစ်ဆွဲဆောင်တိုင်သော အပင်တစ်မျိုးဖြစ်သည်။ - ကုဆိုင်စိုက်ပျိုးရာတွင် အထူးသတိပြုကာကွယ်ရမည့် ပိုးမွှားရောဂါများမှာ ဘက်တီးရီးယားပျော့ပုပ်၊ သံချေးရောဂါ၊ ကြပ်ခိုးမှိုရောဂါ၊ အော်တာနေးရီးယားရွက်ပျောက်ရောဂါ၊ ပင်စည်ထိုးယင်၊ ပျပိုး နှင့် လှေးပိုး တို့ဖြစ်ပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၌ ကုဆိုင်ကို ဖက်ထုပ်၊ ကင်မ်ချီ၊ ဟင်းထုပ်၊ အကင် စသဖြင့် ပုံစံအမျိုးမျိုးစားသုံးလာသည့်အတွက် တွင်ကျယ်စွာ စိုက်ပျိုးလာကြပြီဖြစ်သောကြောင့် ဗဟုသုတအနေဖြင့် ပြန်လည်မျှဝေပေးလိုက်ပါသည်။ - ရတနာ မှ ရေးသားဖော်ပြသည်။ - -------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
