ကြက်ဆင်တွေမှာ ထူးခြားတဲ့ အသံ ၂၀ ကျော်ရှိတယ်ဆိုတာ သိပြီးပြီလား..?
အိမ်မွေးတိရစ္ဆာန်အဖြင့် မွေးမြူကြတဲ့ ကြက်ဆင်များဟာ တောကြက်ဆင်ကနေ ဆင်သက်လာတာဖြစ်ပြီး သူတို့မှာ ထူးထူးခြားခြား အသံပေါင်း ၂ဝ ကျော်လောက်ရှိတယ်လို့ ဆိုပါတယ်။ လူမှုဆက်ဆံရေးလည်း ကောင်းမွန်ကြပြီး ဉာဏ်ရည်လည်း ထက်မြတ်ကြပါတယ်။ ပြီးတော့ ခွေးတွေလို သူတို့ သင်ယူစရာရှိရင်လည်း အသေးစိတ်အချက်အလက်ကအစ တိကျသေချာ စွာ သင်ယူနိုင်စွမ်းရှိကြပါတယ်။
ကြက်ဆင်အထီးတွေက အိမ်ထောင်ဖက်တွေကို ဆွဲဆောင်ရာမှာ ဒေါင်းတွေလိုမျိုး သူတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖောင်းဖွပြီး အမွေးတွေကို ဖြန့်ကျက်ကြတာ ဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ သူတို့ရဲ့ အော်သံက ၁ မိုင်လောက်ကနေ ကြားရပါတယ်။
တောရိုင်းကြက်ဆင်တွေက တစ်နာရီ ၅၅ မိုင်နှုန်းအထိ ပျံသန်းနိုင်ကြပေမယ့် ပုံမှန်အားဖြင့် အကွာအဝေးအနည်းငယ်ပဲ ပျံ့သန်းကြတာ ဖြစ်ပါတယ်။ အိမ်မွေးကြက်ဆင်တွေကတော့ တောရိုင်းကြက်ဆင်တွေထက် ခန္ဓာကိုယ် ပိုကြီးကြတဲ့ အတွက်ကြောင့် မပျံသန်းနိုင်ကြပါဘူး။ ကြက်ဆင်ထီးတွေမှာ စိတ်လှုပ်ရှားရင် ပြောင်းလဲတတ်ကတော့ သူတို့ရဲ့ ဦးခေါင်းအရောင်ပါ။
စိတ်လှုပ်ရှားတဲ့အခါ ကြက်ဆင်ထီးရဲ့ ဦးခေါင်းက ပြာသွားပြီး ရန်သူကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်လာတဲ့အခါ အနီရောင်ပြောင်းသွားကြပါတယ်။ နှုတ်သီးအပေါ်မှ တွဲလောင်းကျနေတဲ့ အသားတွဲကိုတော့ snood လို့ခေါ်ပါတယ်။
ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ကြက်ဆင်တစ်ကောင်ရဲ့ အမွေးဟာ ၅၀၀၀ မှ ၆ဝဝဝ အထိရှိတယ်လို့ ဆိုပါတယ်။ ကြက်ဆင်တွေကို အချို့ က ယဉ်ကျေးမှုအရ " ရတနာငှက်”အဖြစ် အထွက်အမြတ်ထား မွေးမြူကြပေမယ့် အချို့မှာတော့ ကြက်ဆင်များကို တွင်တွင်ကျယ်ကျယ် မွေးမြူစားသောက်ကြပါတယ်။
Source: Onekindplanet
Myanmarload မှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
--------
မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။





ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း