မိုးအသင့်အတင့်မှ မိုးများနိုင်သည့် ဒေသများ သတိပြုရန်⛈⛈❗❗
(၂၄ နာရီ မှ ၄၈ နာရီအတွင်း )
တိုင်ဖွန်းမုန်တိုင်း TAPAH အကြွင်းအကျန်များဝင်ရောက်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းလာခြင်းတို့ကြောင့် -
· ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် စက်တင်ဘာ ၉ ရက် နံနက်မှ ၁၁ ရက် နံနက် အထိ မိုးအသင့်အတင့်ရွာပြီး နေရာကွက်၍ မိုးများနိုင်ပါတယ် -
· ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်တောင်ပိုင်း ဒေသအချို့(မိုင်းယန်း၊ မိုင်းခတ်ဒေသ၊ ဟိုပုံး၊ လဲချား၊ လွိုင်လင်၊ နန့်စန်) နှင့် ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူ၊ ရေတာရှည်၊ ဆွာမြို့များ၏ အရှေ့ဘက် - ခပေါင်းတမံနှင့် ဆွာတမံ တို့အပေါ်တွင် မိုးအသင့်အတင့်မှ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၃ လက်မအထက်) ရွာသွန်းနိုင်ပါမယ်။
ကျန် ပြည်နယ်တိုင်းဒေသများမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ရွာသွန်းနိုင်ပါတယ် -
(စက်တင်ဘာလ ၉ ရက် နံနက် ၇ နာရီ)
https://disasterinfo.mmweather.org/divisionTownPage
https://www.mmweather.org/divisional-cities-weather
Win Naing
Administration Team,
MMWEATHER
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752




ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း