စပါးလင် စိုက်ပျိုး ဝင်ငွေတိုး
- စပါးလင်ကို ကြားသီးနှံအဖြစ် တွဲဖက်စိုက်ပျိုးခြင်းဖြင့် ဒီလိုမျိုး အကျိုးကျေးဇူး တွေရရှိနိုင် ပါတယ်... - ၁။ ပိုးမွှားတွေကို သဘာဝအတိုင်း နှိမ်နင်းနိုင်ခြင်း.... - စပါးလင်မှာ ပိုးမွှားတွေ မကြိုက်တဲ့ အနံ့တစ်မျိုးရှိပါတယ်။ သီးပင် ၊ စားပင်တွေကို ပျက်စီးစေတတ်တဲ့ ပိုးကောင်လေးတွေ၊ ပင့်ကူနီတွေ ၊ ပျ နဲ့ ပိုးလောက်လန်းတစ်ချို့ကို နှိမ်နင်းရာ မှာ အသုံးဝင်ပါတယ်။ စပါးလင်ကို ကြားသီးနှံ အဖြစ် ရောနှောစိုက်ပျိုးခြင်းဖြင့် သဘာဝအတိုင်း အကာအကွယ် ပေးပြီး ဓာတုဗေဒဆေးတွေကို အသုံးပြုရတာ လျှော့ချနိုင်ပါတယ်။ - ၂။ မြေဆီလွှာ တည်ငြိမ်အောင် ကူညီပေးခြင်း.... - စပါးလင်ရဲ့ အမြစ်တွေက မြေဆီလွှာကို ခိုင်မြဲစေပါတယ်။ အထူးသဖြင့် မိုးရာသီမှာ မြေဆီလွှာ တိုက်စားမှုနဲ့ ရေတိုက်စားမှုကို ကာကွယ်ပေးပါတယ်။ ဒါကြောင့် သီးပင်၊ စားပင် ပတ်ဝန်းကျင်က မြေဆီလွှာကို အမြဲတမ်း ကောင်းမွန်နေစေပါတယ်။ ပေါင်းမြတ် ပေါက်ရောက်မှုကို နည်းပါးစေပြီး အဓိက စိုက်ပျိုးသည့် သီးနှံပင် အတွက် အစာယှဉ်ပြိုင်မှု နည်းပါးသည့် အတွက် သီးပင် ၊ စားပင်များ အစာအာဟာရ ပိုမိုရရှိနိုင်ပါတယ်။ - ၃။ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အထောက်အပံ့ ဖြစ်စေခြင်း... - မြေကြီးပေါ်ကို ကြွေကျတဲ့ စပါးလင်ရွက်ခြောက်တွေဟာ မြေဆွေးအဖြစ် ပြောင်းလဲသွားပြီး မြေဆီလွှာကို ကောင်းမွန်စေပါတယ်။ ဒါ့အပြင် မြေကြီးမျက်နှာပြင်ကို ဖုံးအုပ်ပေးတာကြောင့် ရေငွေ့ပျံတာကို လျှော့ချပေးပြီး မြေကြီးကို အချိန်ကြာကြာ စိုစွတ်နေစေပါတယ်။ စပါးလင် ကို သီးနှံများ ကြား ကြားညှပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိူးခြံပါတ်ဝန်းကျင်အတွက် ပိုမိုကောင်းမွန်ပြီး ဘေးကင်းတဲ့ သီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ - ၄။ ဝင်ငွေတိုးစေခြင်း... - စပါးလင်ကို ဟင်းခတ်အမွှေးအကြိုင် အဖြစ်သာမက ၊ ကျန်းမာရေးအတွက် ဆေးတစ်လက် အဖြစ် မှီဝဲစားသုံးသူများပြားခြင်း ၊ အစားအသောက် နှင့် အဖျော်ယမကာများတွင် ထူးခြားကောင်း မွန်သော ရနံ့ရရှိစေရန် အသုံးပြုခြင်း ၊ စပါးလင်မှ ရနံ့မွှေးဆီ ထုတ်လုပ်ကာ ရနံ့မွှေးကုထုံးတွင် အသုံးပြုခြင်း ၊ စပါးလင်မှရရှိသော Citronella oil ကို ခြင်ပြေးဖျန်းဆေး ၊ ခြင်ပြေးလိမ်းဆေး၊ အင်းဆက်ပိုးသတ်ဆေးအဖြစ် ထုတ်လုပ်အသုံးပြုကြခြင်းတို့ကြောင့် စပါးလင်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေ တိုးလာနိုင်ပါကြောင်း သတင်းစကားပါးလိုက်ရပါတယ်။ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
