ပိုးသတ်ဆေး ဓာတ်ကြွင်းများလို့ မြန်မာ့ပဲတီစိမ်း တန်ချိန် ၁ သောင်းကျော်ကို တရုတ်လက်မခံ
မြန်မာကနေ တရုတ်ကို တင်ပို့လိုက်တဲ့ ပဲတီစိမ်းတွေမှာ ပိုးသတ်ဆေး ဓာတုဓာတ်ကြွင်း အကြွင်းအကျန်များနေတာကြောင့် ပြန်ပို့ခံရတယ်လို့ တရုတ်နဲ့ ကုန်သွယ်နေတဲ့အခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။
သိုင်ယာမီသောင်ဇင်နဲ့ ထရိုင်ဆိုင်ကလိုဇော ဓာတ် ၂ မျိုးများနေလို့ ပြန်ပို့ခံရတာလို့လည်း သူက ပြောပါတယ်။
လက်မခံတဲ့ပဲတွေကို ပြည်တွင်းက ပဲတင်ပို့တဲ့ကုမ္ပဏီ ၂၂ ခုက တရုတ်ကို ပေးပို့ခဲ့တာဖြစ်ပြီး ကွန်တိန်နာ ၂၂ လုံးစာ (ပဲတီစိမ်းတန်ချိန် ၁ သောင်းကျော်) ရှိတယ်လို့ သိရပါတယ်။
ပိုးသတ်ဆေး ဖြန့်ဖြူးရောင်းချတဲ့ကုမ္ပဏီတွေအနေနဲ့ တောင်သူပညာပေး လုပ်ငန်းတွေ လုပ်ဆောင်တာ မရှိဘဲ တင်သွင်းဖြန့်ဖြူးနေပြီး ဒီအခြေအနေအပေါ် မထိန်းကျောင်းနိုင်ရင် နောင်မှာ လယ်ယာ ပို့ကုန်လုပ်ငန်းတွေအပေါ် ထိခိုက်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
မြန်မာ့ လယ်ယာထွက်ကုန်ဖြစ်တဲ့ ပဲတီစိမ်းကို တရုတ်ဈေးကွက်ထဲ အဓိကတင်ပို့ရောင်းချနေတာဖြစ်ပြီး မတ်ပဲနဲ့ ပဲစဥ်းငုံနီ တို့ကိုတော့ အိန္ဒိယနိုင်ငံကို အဓိကတင်ပို့နေတာဖြစ်ပါတယ်။
Source:BBC Burmese မှ ပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
-------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း