ဆေးဖက်ဝင် ဒန့်ဒလွန်ပင်
၁။ ဒန့်ဒလွန်သီးစေ့
* ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
* သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် ဆီးချိုသမားတွေအတွက် သင့်လျော်ပါတယ်။
* ကိုလက်စထရောကို လျော့ကျစေပြီး နှလုံးကို အားကောင်းစေပါတယ်။
* ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
*ရောင်ရမ်းမှုကို သက်သာစေတဲ့ သဘာဝပစ္စည်းတွေပါဝင် တာကြောင့် ကိုက်ခဲနာကျင်တာ၊ အဆစ်အမြစ်၊ ခါးနဲ့ နောက်ကျောနာကျင်တာတွေကို သက်သာစေပါတယ်။
* ဝမ်းမှန်စေပြီး ဝမ်းနုတ်ဆေးအပျော့စားအဖြစ် အလုပ်လုပ်ပါတယ်။
စားသုံးနည်း....
* တစ်နေ့ကို အစေ့ ၂-၃ စေ့လောက်ကို အစိမ်းလိုက်ဝါးစားပြီး ရေများများသောက်ပါ (သို့မဟုတ်) ဒန့်ဒလွန်သီးစေ့ ၅-၇ စေ့လောက်ကိုရေနွေးနဲ့ ပြုတ်ပြီး လက်ဖက်ရည်ကြမ်းလိုမျိုး နွေးနွေး လေး သောက်နိုင်ပါတယ်။
၂။ ဒန့်ဒလွန်ရွက်
* ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ဖြည့်တင်းပေးပါတယ်။
* ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ Antioxidant ဓာတ်တွေ ပါဝင်ပါတယ်။
* Flavonoid နဲ့ ပိုတက်စီယမ်များစွာ ပါဝင်တာကြောင့် သွေးကြောတွေကို ပြေလျော့စေပြီး သွေးတိုးရောဂါကို ကျစေပါတယ်။
* ခန္ဓာကိုယ်က သကြားဓာတ်ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်အောင် ကူညီပေးတာကြောင့် သွေးတွင်းသကြားဓာတ်များသူတွေနဲ့ ဆီးချိုသမားတွေအတွက် အထူးသင့်တော်ပါတယ်။
* ဗီတာမင် A မြင့်မားစွာ ပါဝင်တာကြောင့် မျက်စိအားကောင်းစေပါတယ်။
* မောပန်းနွမ်းနယ်တာကို ပြေစေပြီး သွေးအားကောင်းစေပါတယ်။
ဒန့်ဒလွန်ရွက် စားသုံးနည်း....
* အရွက်နုတွေကို ချဉ်ရည်ဟင်း၊ သို့မဟုတ် ဟင်းချိုချက်ပြီးသောက်လို့ရပါတယ်။
* နေလှန်းပြီး အမှုန့်ကြိတ်ကာ တစ်နေ့ကို ၁-၂ ခွက် ဖျော်သောက်နိုင်ပါတယ်။
အထူးသတိပြုရန်....
* သွေးတိုးကျဆေး သို့မဟုတ် ဆီးချိုကျဆေးသောက်နေ သူများ အနေဖြင့်ဆရာဝန်နဲ့ အရင်တိုင်ပင်သင့် ပါတယ်။
* တစ်နေ့ကို အရွက်စိမ်း လက်တစ်ဆုပ်စာ ၁-၂ ဆုပ်လောက်ပဲ အသင့်အတင့်စားသုံးသင့်ပါတယ်။
၃။ ဒန့်ဒလွန်ပွင့်
* ခန္ဓာကိုယ်ကို အားဖြည့်ပေးပြီး ခွန်အားကို တိုးစေပါတယ်။
* မောပန်းနွမ်းနယ်တာကို ပြေစေပြီး အိပ်ပျော်လွယ်စေပါတယ်။
* သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။
* အရိုးနဲ့ အဆစ်အမြစ်တွေကို သန်မာစေပါတယ်။
ဒန့်ဒလွန်ပွင့် စားသုံးနည်း...
* အပွင့်စိမ်းတွေကို ရေနွေးဖြောပြီး ငပိရည်နဲ့တို့စားပါ။
* ချဉ်ရည်ဟင်း သို့မဟုတ် ဟင်းချိုထဲမှာ ထည့်ချက်စားမယ်ဆိုရင် မွှေးပြီး အရသာရှိပါတယ်။
* နေလှန်းပြီး လက်ဖက်ရည်ကြမ်းလိုမျိုး ဖျော်သောက်လို့လည်း ရပါတယ်။
၄။ ဒန့်ဒလွန်သီး
မီးနေသည်များ ဒန့်သလွန်ရွက် ဟင်းခါးရည် သောက်ပေးခြင်း၊ ဒန့်သလွန်သီးကို ငါးကင်ဖြင့် ချက်ကျွေးခြင်းများဖြင့် နို့ဖြိုင်ဖြိုင် ထွက်စေသည်။ ထို့နောက် ပန်းသေ ပန်းညှိုးဝေဒနာရှင်များ ဒန့်သလွန်သီး မနုမရင့်ကို ငါးကြင်းသားဖြင့် ချက်၍ စားပေးပါက ရောဂါဝေဒနာများ ပျောက်ကင်းစေပါသည်။
၅။ ဒန့်သလွန် အခေါက်
*ဒန့်သလွန် အခေါက်ကိုခွာပြီး ထုချေ၍ နာနာရှူပေးပါက ခေါင်းအုံ၊ ဇက်လေး၊ ဇက်ကြောတက်၊ နောက်ကြောတက်ရောဂါများ ပျောက်ကင်းစေပါသည်။ ဒန့်ဒလွန်ပင်ဟာ ရှာရလွယ်ကူတဲ့ ဆေးဖက်ဝင်အပင်ဖြစ်ပြီး ၊ သင့်တင့်မျှတစွာ ပုံမှန်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာစေမှာ အမှန်ပါပဲ။
MON SOUNG ထံမှ ကိုးကားဖော်ပြပါသည်။
-------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း