cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဂျင်း၏ ကောင်းကျိုးရှိတာပဲသိပြီး ဆိုးကျိုးတွေမသိပဲ စားနေကြတဲ့သူများအတွက်

. ကျန်းမာရေးဆောင်းပါးများ
ဂျင်းက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတယ်ဆိုပေမဲ့ လူတိုင်းအတွက် ကောင်းလှ တယ်တော့မဟုတ်ပါဘူး။ အောက်ဖော်ပြပါ ဝေဒနာရှင်တွေအနေနဲ့ ဂျင်းစားသုံးမှုကို လုံးဝ ရှောင်ကြဉ်တာမျိုးဖြစ်ဖြစ် ဒါမှမဟုတ် အတိုင်းအချင့်နဲ့ စားသုံးတာမျိုးဖြစ်ဖြစ် လုပ်ဆောင်သင့် ပါတယ်။
  • (၁) သွေးခဲဆေးသောက်သုံးနေရသူတွေ 

    ဂျင်းကသွေးကို ကျဲစေနိုင်စွမ်းရှိတာကြောင့် သွေ:မတိတ်တဲ့ဝေဒနာရှိတာကြောင့် သွေးခဲ ဆေးသောက် သုံးမှီဝဲနေရ သူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုရင်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။  အချို့သော ဖြစ်ရပ်တွေမှာ ဂျင်းကဆေ:အာနိသင်ကို လျော့ပါးစေနိုင်တာကြောင့် ဂျင်းစားသုံးတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ စားသုံးသင့်ပါတယ်။ 

    (၂) ဆီးချိုဆေးမှီဝဲနေရသူတွေ 

    ဂျင်းက သွေးတွင်းသကြားဓာတ်ကို လျော့ကျစေနိုင်စွမ်းရှိပေမဲ့ မက်ဖော်မင်နဲ့အင်ဆူလင်လိုမျိုး ဆီးချို ဆေးသောက်သုံးနေရသူတွေအနေနဲ့ ဆေးအာနိသင်ကိုလျော့ပါးစေနိုင်တာကြောင့် ဂျင်းမစားသုံး သင့်ပါဘူး။ သွေးချိုတအားကျဆင်းသွားနိုင်တာကြောင့်လည်း ဂျင်းစားသုံးမှုကို ရှောင်ကြဉ်သင့်တာ ဖြစ်ပါတယ်။ 

    (၃) သွေးကျဆေးသောက်နေရသူတွေ 

    သွေးတိုးကျစေဖို့အတွက် သောက်သုံးရတဲ့ဆေ:တွေကို မှီဝဲနေရသူတွေအနေနဲ့လည်း ဂျင်းကို မစားသုံး သင့်ပါဘူး။ ဂျင်းကသွေးတိုးကျဆေးအချို့နဲ့ ဓာတ်ပြုနိုင်တာကြောင့် ဖြစ်ပါတယ်။ ဂျင်းနဲ့ သွေးတိုးကျဆေးတို့ ဓာတ်ပြုတဲ့အခါ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို အန္တရာယ်ရှိတဲ့ အခြေအနေလောက် အထိကျဆင်းစေတာမျိုး ဖြစ်ပေါ်စေပါတယ်။ နှလုံးခုန်မမှန်တာမျိုးလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ 

    (၄) သည်းခြေကျောက်တည်နေသူတွေ 

    သည်းခြေကျောက်တည်မှုကို ခံစားရနိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းစားသုံးမယ်ဆိုပါက ရောဂါ အခြေအနေက ပိုမိုဆိုးရွားသွားနိုင်ပါတယ်။ သည်းခြေအိတ်မှာ သည်းခြေကျောက်တည်တာမျိုး ဖြစ်လာနိုင်ပါတယ်။ 

    သည်းခြေကျောက်တွေက သည်းခြေပြွန်တစ်လျှောက် စီးပါသွားရင်း သည်းခြေရည်တွေကို အသည်းဆီကိုရောက်ရှိသွားစေနိုင်ပါတယ်။ ဂျင်းက သည်းခြေရည်ထုတ် လွှတ်မှုကိုတိုးစေနိုင်ပါတယ်။ သည်းခြေကျောက်ပိတ်ဆို့မှုကိုဖြစ်ပေါ်စေပြီးဆိုးရွားလှတဲ့ နာမကျန်းဖြစ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ သည်းခြေရည်များလွန်းတာက သည်းခြေကျောက်ဖြစ်နိုင်ခြေကို တိုးစေနိုင်တာကြောင့် သည်းခြေကျောက်တည်နိုင်ခြေရှိသူတွေအနေနဲ့ ဂျင်းမစား သုံးသင့်ပါဘူး။ 

    (၅) ကိုယ်ဝန်ဆောင်အမျိုးသမီးများ 

    ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ချင်းမစားသုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ဂျင်းစားသုံးသင့်သလားဆိုတာကို သိရတာမျိုးမရှိပေမဲ့ ဆိုးကျိုးဖြစ်နိုင်သလားဆိုတာကိုလည်း ရေရေ ရာရာမသိရသေးပါဘူး။ လေ့လာမှုတော်တော်များများမှာတော့ ဂျင်းစားသုံးတာက သန္ဓေသားရဲ့ လိင်ပိုင်း ဆိုင်ရာဟော်မုန်းကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ ဂျင်းက သွေးထွက်မှုကိုများစေနိုင်တာကြောင့် မီးဖွားမယ့်ရက်နီးတဲ့အခါ မစားသုံးသင့်ပါဘူး။ 

    မူရင်းရေးသားသူကို  လေးစားစွာဖြင့် Creditပေးပါတယ်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
7
comments
0
views
2486