cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ယင်မဲသားလောင်းကျွေးပြီး ကြက်မွေးမြူရေးလုပ်ငန်း အောင်မြင်မှုအခြေအနေ

. ငါးမွေးမြူရေးဆောင်းပါးများ
တစ်နေ့ ယင်မဲ(၇)ကောင်ကျွေးသော ကြက်သည် တကောင်လျှင် (၉၅)ကျပ်သား (1.5)Kg ဖြစ်လာပြီး ၊ ဖွဲနုနှင့်ဆန်ကွဲကျွေးပြီး မွေးမြူထားသော ကြက်များသည် တကောင်လျှင် (၆၀)ကျပ်သား (0.95)Kgသာရှိကြောင်း တွေ့ရှိရပါသည်။
  •            မြန်မာနိုင်ငံရှိကျေးလက်နေပြည်သူလူထုသည် ရာခိုင်နှုန်း(၇၀)နီးပါး ရှိပါသည်။ ကျေးလက်နေပြည်သူ များသည် မိရိုးဖလာအစဉ်အလာအရ မိမိတို့နေအိမ်တွင် ကြက်၊ ဘဲ၊ ဝက်နှင့် အခြားသော ကုန်နေသတ္တဝါ များကို အိမ်နေဟင်းစားဖြစ်စေ၊ ပိုလျှံသည်ကို အိမ်စရိတ်အဖြစ် ထုတ်လုပ်ရောင်းချခြင်းသည် ဓလေ့အဖြစ် လုပ်ကိုင်နေခဲ့ကြပါသည်။

               ယခုအချိန်တွင် စားနပ်ရိက္ခာအခက်အခဲကြောင့် အချို့သောကျေးလက်နေတောင်သူများသည် ကြက်၊ ဘဲ နှင့်ဝက်ကို တနိုင်တပိုင်စီးပွါးရေးအရ ပြောင်းလဲမွေးမြူလာကြပါသည်။ ဥပမာအားဖြင့် ကြက် မွေးမြူရေးလုပ်ငန်းတွင် စီပီ(CP)ကြက်မျိုးသည် အကြီးမြန်ပြီး ထုတ်လုပ်မှုကောင်းသဖြင့် စီပီ ကြက်မျိုးကို မွေးမြူလာကြပါသည်။ သို့သော် စားသုံးသူများသည် စီပီ(CP)ကြက်ထက် မြန်မာတိုင်းရင်းကြက်မျိုးကို ပိုမို နှစ်သက်စွာ စားသုံးကြသဖြင့် မြန်မာတိုင်းရင်းကြက်သည် ဈေးပိုမိုကောင်းမွန်ပြီး ရောင်းပန်းလှခြင်း၊ ဝယ်လိုအားများခြင်းများ ရှိနေပါသည်။ ထို့ကြောင့် မြန်မာတိုင်းရင်ကြက်ကို ကာလတိုအတွင်း ကြီးထွားနှုန်းမြန်စေရန် အာဟာရပြည့်ဝသောအစာကိုကျွေးပြီး မွေးမြူ‌ရးစနစ်သို့ ပြောင်းလဲလာစေရန် အကြံပြုအပ်ပါသည်။

               ကျေးလက်နေပြည်သူများသည် မိမိတို့တနိုင်တပိုင်မွေးမြူသော ကြက်၊ ဘဲ၊ ဝက်များကို ဖွဲနု၊ ဆန်ကွဲ ကိုကျွေးလေ့ရှိကြပါသည်။ အဆိုပါ အစာတွင် တိရိစ္ဆာန်များအတွက် အာဟာရပြည့်ဝစေရန် ပရိုတိန်းသည် ဖွဲနုတွင် ပရိုတိန်း ၁၀-၁၂ ရာခိုင်နှုန်းနှင့် ဆန်းကွဲတွင် ပရိုတိန်း ၁၄-၁၅ရာခိုင်နှုန်းသာ ပါဝင်သဖြင့် ကြီးထွားနှုန်း နှေးကွေးကြပါသည်။ ထို့ကြောင့် Village Link အဖွဲ့သည် ၂၀၂၂ မှ ၂၀၂၅ အထိ ငါးမြန်မာစီမံကိန်းတွင် ငါးစားအဖြစ် ယင်မဲသားလောင်ကို အစားထိုးအသုံးပြုရန် ပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ ယင်မဲမွေးမြူခြင်း သင်တန်းများကိုလည်း တောင်သူ (၃၀၀)ကျော်အား ပညာပေးသင်တန်းပေးခဲ့ပြီး ဖြစ်ပါသည်။

               အဆိုပါယင်မဲသားလောင်းသည် တိရိစ္ဆာန်အစာအဖြစ်သုံးသဖြင့် ယင်မဲသားလောင်းတွင် ပရိုတိန်း ၄၀မှ၅၀ရာခိုင်နှုန်းအထိ ပါဝင်ကြောင်းသိရှိရပါသည်။ ယင်းမဲမွေးမြူသူများမှ ဖျာပုံမြို့နယ် ကျွဲတဲကျေးရွာနေ ‌တောင်သူတဦးအား မြန်မာတိုင်းရင်းကြက်ကို ယင်မဲကျွေးပြီး စမ်းသပ်စေခဲ့ပါသည်။ အသက်တူ အရွယ်တူ ကြက် များအား ဖွဲနု၊ ဆန်ကွဲကျွေးပြီး မိရိုးဖလာမွေးခြင်းအား အုပ်စုတခုခွဲထားပြီး၊ တနေ့လျှင်ယင်မဲ(၇)ကောင် ကျွေးပြီး မွေးသောကြက်များအား အုပ်စုတခု မွေးမြူစေခဲ့ပါသည်။ သက်တမ်း(၆)လ အကြာတွင် တစ်နေ့ ယင်မဲ(၇)ကောင်ကျွေးသော ကြက်သည် တကောင်လျှင် (၉၅)ကျပ်သား (1.5)Kg ဖြစ်လာပြီး ၊ ဖွဲနုနှင့်ဆန်ကွဲကျွေးပြီး မွေးမြူထားသော ကြက်များသည် တကောင်လျှင် (၆၀)ကျပ်သား (0.95)Kgသာရှိကြောင်း တွေ့ရှိရပါသည်။ တကောင်အလေးချိန် (၃၅)ကျပ်သားပိုမိုလာပြီး (၁၀)ကောင်မွေးပါက (၃.၅)ပိဿာ ပိုမိုရရှိနိုင်ပါသည်။

               ထို့ကြောင့် မြန်မာတိုင်းရင်းကြက်ကို ယင်မဲသားလောင်းဖြင့် စပ်စာဖော်ထုတ်ပြီး အစာကျွေးပါက စီပီ(CP)ကြက်များကဲ့သို့ အချိန်တိုအတွင်းကြီးထွားနှုန်း ကောင်းမွန်လာစေပါမည်။ ကျေးလက်နေပြည်သူများ လည်း တနိုင်တပိုင်မွေးမြူရေးလုပ်ငန်းမှ ဝင်ငွေတိုးလာနိုင်စေရန် အကြံပြုတင်ပြအပ်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    ----------------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
70