cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခံတွင်းမြိန်စေပြီး ကောင်းကျိုးများစွာပေးတဲ့ ဟင်းခပေါင်းသီး စားဖူးကြပါသလား.....

. ကျန်းမာရေးဆောင်းပါးများ
ဆီး၌ ကျောက်တည်ရောဂါ ဖြစ်ပါက၎င်းအမြစ်ကို အခြောက်လှန်း၊ အမှုန့်ပြုလုပ်ပြီး ပျားရည်သကြားခဲတို့နှင့် ရောကာ မကြာမကြာ လျက်ပေးခြင်း သို့မဟုတ် ရေနွေးနှင့်သောက်ပေးခြင်းများပြုလုပ်ပေးနိုင်ပါသည်။
  • ဟင်းခပေါင်းသည် နွယ်ပင်မျိုးပင်ဖြစ်သည်။ ၎င်းသည် ကြီးငယ်နှစ်မျိုးရှိ၏။ အကြီးမျိုးကို တောသပျက်သီးဟုခေါ်ပြီး၊ အငယ်မျိုးကို ဟင်းခပေါင်းသီး ဟုလည်းကောင်း၊ ကုလားကြက်ဟင်းခါး ဟုလည်းကောင်း ခေါ်ကြသည်။ ဟင်းခပေါင်းသီးသည် အလေ့ကျပေါက်တတ်သော်လည်း၊ များသောအားဖြင့် စိုက်ခင်းများဖြင့်သာ ပြုစုပျိုးထောင်စိုက်ပျိုးကြကုန်၏။ 

    ဟင်းခပေါင်းသီးသည် ကင်းပုံသီးခန့်ရှိပြီး ထိပ်နှစ်ဖက် ချွန်သွားသည်။ အသီး၏အပေါ်၌ ပဒိုင်းသီးကဲ့သို့ ဆူးအနု အဖုကလေးများရှိသည်။ အတွင်းသားသည်ကြက်ဟင်းခါးသီး သဏ္ဌာန်ရှိ၏။ မှည့်သော အခါ၌လည်း ကြက်ဟင်းခါးသီး ကဲ့သို့ပင်လျှင် အတွင်းသား နီမြန်းပြီး ပျစ်ချွဲသော အသားများရှိသည်။ ၎င်းသည်နုသောအခါ ခါးပြီး အဝါရောင်ရှိသည်။ မှည့်သောအခါ၌ကား ချိုပြီး၊ နီသောအရောင်ရှိသည်။ 

    ဟင်းခပေါင်းသည် နှုတ်ကိုမြိန်စေတတ်သည်။ ပွင့်သောသဘောရှိ၏။ ဝမ်းမီးကို တောက်စေတတ်၏။ များသောအားဖြင့် ခါးဆိမ့်သောအရသာရှိ၏။ ချိုသောအရသာလည်း ပါဝင်၏။ ကြေညက် လွယ်သော ဂုဏ်ရှိသည်။ လေရောဂါ၊ အဆိပ်သင့်ရောဂါ၊ လေထိုးအောင့်သောရောဂါ၊ ချောင်းဆိုးရောဂါ၊ ညောင်းကျရောဂါ၊ ပန်းနာရင်ကျပ်ရောဂါ၊ အဖျားရောဂါ၊ ခံတွင်းပျက် နှုတ်မမြိန်နာ၊ နှလုံးနာသောရောဂါ၊ သုက်ဓာတ်ကုန်ခန်းသော ရောဂါ၊ နူနာရောဂါတို့ကို ပျောက်ကင်းစေတတ်သည်။ ထိုမှတစ်ပါး ဆီးချို၊ သွေးချို၊ သွေးကြောပိတ်၊ လေဖြတ်၊ လေငန်းရောဂါ ရှိသုများအတွက် အထူးသင့်လျော်သော အာဟာရကိုပေးစွမ်းနိုင်သည်။ 

    အထူးသဖြင့် ကာလသား ရောဂါ အမျိုးမျိုးတို့ကိုလည်းကောင်း၊ ဟတ္ထမေထုန် ကျူးလွန်မှုများ၍ ဖြစ်ရသော ပန်းသေရောဂါကိုလည်းကောင်း၊ နူနာရောဂါ စသည်တို့ကို စိန်ဟင်းရိုင်း စသည်တို့နှင့် မှိုင်းတိုက်ကုသမှုလွန်ခြင်းကြောင့်ဖြစ်ရသောအခါတွင် ဟင်းခပေါင်းအမြစ်ကို ဥသျှစ်မြစ်၊ မြန်မာကုက္ကိုလ်ခေါက်၊ သဖန်းရွက်တို့နှင့် ရောလျက် တစ်လုံးတစ်စုတည်းထောင်းပြီး ထိုဟင်းခပေါင်း အရော ၄ ကျပ်သားအား ရေ ၆၄ ကျပ်သားနှင့် ၉ကျပ်သား ကျန်သည်အထိ ကျိုပြီး တစ်ခါသော်လျှင် တစ်ခွက်စာ ၃ကျပ်သားခန့် ည ၁ ကြိမ်၊ နံနက် ၁ ကြိမ် မှန်မှန်သောက်ပေးလျှင် အမြန်ဆုံးပျောက်ကင်းစေ တတ်၏။ 

    ဆီး၌ ကျောက်တည်ရောဂါ ဖြစ်ပါက၎င်းအမြစ်ကို အခြောက်လှန်း၊ အမှုန့်ပြုလုပ်ပြီး ပျားရည်သကြားခဲတို့နှင့် ရောကာ မကြာမကြာ လျက်ပေးခြင်း သို့မဟုတ် ရေနွေးနှင့်သောက်ပေးခြင်းများပြုလုပ်ပေးနိုင်ပါသည်။ 

    အရှင်နာဂသိန် ရုပ်ပြအဘိဓာန်မှ ကောက်နှုတ်ဖော်ပြသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
6
comments
0
views
2630