cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှောက်သံပုရာ ကင်ကာရောဂါ ( Citrus Canker )

. ရောဂါ
အရွက် နှင့် အသီးမျက်နှာပြင်နှစ်ဘက်စလုံးတွင် ‌အဝါရောင်စက်ဝိုင်းရစ် ပုံစံအဖုအလုံးများ မြင်‌တွေ့ရပါသည်။ အသီးတွင် ကျရောက်ပါက အချိန်မတိုင်ခင် အသီးကြွေခြင်းများဖြစ်နိုင်ပါသည်။
  •  ရှောက်သံပုရာ မျိုးနွယ်ဝင် အပင်များတွင် အဓိက ဖြစ်ပွားသော ဘက်တီးရီးယား ရောဂါဖြစ်ပါသည်။ ရှောက်ချဉ်သီး၊ သံပုယိုသီး ၊ ကျွဲကောသီး နှင့် ဂရိတ်ဖရုသီးတို့ကို အဓိက တိုက်ခိုက်ခံရသည်။ အရွက်မျက်နှာပြင် ၊ အသီး နှင့် ပင်စည် တွင် တွေ့ရလေ့ရှိသည်။ ၎င်းရောဂါ တိုက်ခိုက်ခံရခြင်းဖြင့် အပင်ပုံစံပျက်သွားခြင်းမရှိပါ။ အရွက်နုထွက်ချိန် နှင့် သီးကင်းဝင်ချိန် တွင် မိုးရွာသွန်းမှုများခြင်း နှင့် ပူနွေးစွတ်စိုသည့် ရာသီဉတုဒဏ် ခံရပါက ကင်ကာရောဂါ ကျရောက်မှု ဆိုးရွားနိုင်ပြီး အရွက်ကြွေခြင်း ၊ အသီးကြွေခြင်း နှင့် ကိုင်းဖျားခြောက်ခြင်းများ ဖြစ်နိုင်ပါသည်။ ရောဂါလက္ခဏာများ  

    အရွက် နှင့် အသီးမျက်နှာပြင်နှစ်ဘက်စလုံးတွင် ‌အဝါရောင်စက်ဝိုင်းရစ် ပုံစံအဖုအလုံးများ မြင်‌တွေ့ရပါသည်။ အသီးတွင် ကျရောက်ပါက အချိန်မတိုင်ခင် အသီးကြွေခြင်းများဖြစ်နိုင်ပါသည်။ ရောဂါရ အသီးများမှာ စားသုံး ဖို့အတွက်ဖြစ်နိုင်သော်လည်းဈေးကွက်အတွင်း အသီးမလှခြင်းကြောင့် တန်ဖိုးလျော့ကျခြင်း၊ ရောင်းတန်းမဝင် ခြင်းများ ဖြစ်ပေါ်စေသည်။ ပင်စည်ကိုင်းများတွင် ဒဏ်ရာများ သည် အကွင်းလိုက်ဖြစ်ပြီး ကိုင်းများသေးသွားတတ်သည်။ ‌ရောဂါကျနေသော ပင်စည်ကိုင်းများသည် ဘက်တီးရီးယားများ၏ ရေရှည်အသက်ရှင်မှုကို အထောက်အကူပြုနိုင်သည်။ 

    ကာကွယ်နှိမ်နင်းရန် 

    • ‌ရောဂါ ကင်းစင်သော ပျိုးပင်များအား ဝယ်ယူစိုက်ပျိုးပါ။ 
    • ခြံဘေးပါတ်လည် လေကာပင်များ စိုက်ပျိုးပါ။ 
    • ခြောက်သွေ့သောရာသီတွင် ရောဂါကျ ကိုင်းများ နှင့် အရွက်များအား ဖယ်ရှားပေးပါ။ 
    • အပင်အောက်ခြေ တစ်ဝိုက်ရှိ အရွက်ကြွေများ ၊ အသီးကြွေများ နှင့် ကိုင်းခြောက်များအား မီးရှို့ဖျက်စီးပါ။ 
    • ကော့ပါးဟိုက်ဒရောဆိုက်၊ ကော့ပါးအောက်ဆီကလိုရိုဒ် ပါသောဆေးများကို ၁၀ ရက်ခြားတစ်ခါ ဖျန်းပက်ပေးပါ။ အရွက်များ များစွာမထွက်မီ ရွက်ထွင်းပိုးအန္တရာယ်ကာကွယ်ပါ။ အပင်ကို ကိုင်းများချိုင်ပေးပါ။ 

    Ref : https://www.apsnet.org/edcenter/pdlessons/Pages/CitrusCanker.aspx  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
8
comments
0
views
2925