ကြိတ်ဖတ်များကို သိုလှောင်ပြီး စျေးနှုန်းကြီးမြင့်အောင်မလုပ်ဖို့ သတိပေး
လက်ရှိမှာ ပြည်တွင်းဆီကြိတ်ဖတ်တွေဖြစ်တဲ့ ထွက်ရှိတဲ့ ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုံညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုပ်ဖတ် စတဲ့ ဆီကြိတ်ဖတ်စျေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
ကြိတ်ဖတ်တွေက မြန်မာနိုင်ငံရဲ့ မွေးမြူရေးကဏ္ဍအတွက် အရေးပါတဲ့ ကုန်စည်တွေဖြစ်တာကြောင့် ကြိတ်ဖတ်စျေးတွေ မြင့်တက်လာပါက အများပြည်သူနေ့စဉ်စားသုံးရတဲ့ အသား၊ ငါး၊ ဥ၊ နို့စျေးတွေ မြင့်တက်လာနိုင်တဲ့အပြင် ပြည်တွင်းတိရိစ္ဆာန်အစာ လိုအပ်ချက်ရှိသောကြောင့် ပြည်ပမှ ပဲပုပ်ဖတ်တွေ တင်သွင်းရတဲ့ အခြေအနေကို ရောက်ရှိလာနိုင်တယ်လို့လည်း ဆိုထားပါတယ်။
ဒါကြောင့် ဆီစက်ပိုင်လုပ်ငန်းတွေအနေနဲ့ ကြိတ်ဖတ်တွေကိုသိုလှောင်ပြီး စျေးကစားတာမျိုးမလုပ်ဖို့ အသိပေးလာတာဖြစ်တယ်လို့ သိရပါတယ်။
" ပဲဖတ်စျေးက ပြန်တက်လာတာပါ။ ပဲဖတ်စျေးတက်တော့ ပဲဆီစျေးကိုချရောင်းပေးလို့ရတာပေါ့။ ပဲဖတ်က မွေးမြူရေး အစာအတွက်သုံးကြတာပါ။ ကျွန်မတို့ကတော့ ကြိတ်ခွဲပြီးလို့ လာဝယ်ရင် ရောင်းလိုက်တာပဲ။ သိုလှေင်တာမျိုးမရှိဘူး။ " လို့ တနိုင်တပိုင် ဆီကြိတ်လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိပြည်တွင်းမှာ ပဲဆီ၊နှမ်းဆီ၊နေကြာဆီကို စားသုံးမှုများပြီး ကျန်တဲ့ဆီတွေကတော့ အသုံးပြုမှုနည်းတယ်လို့ သိရပါတယ်။
ယနေ့ စက်တင်ဘာ ၁၈ ရက်နေ့ မန္တလေးကုန်စည်ဒိုင်မှာ ပဲဖတ်တစ်ပိဿာကို ၅၈၀၀ မှ ၅၈၅၀ ကျပ်၊ နှမ်းဖတ်တစ်ပိဿာကို ၃၅၀၀ မှ ၃၆၀၀ ကျပ်၊ နေကြာဖတ် ဖတ်တစ်ပိဿာ ၂၉၀၀ မှ ၃၁၀၀ ကျပ်၊ မုန်ညှင်းဖတ်တစ်ပိဿာကို ၂၉၅၀ မှ ၃၀၀၀ ကျပ်ရှိနေပါတယ်။
Source: ချစ်ခွန်း(AMIA) စက်တင်ဘာ ၁၈
------
မိုးလေဝသအဖွဲ့ဝင်ရန် -
https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း