ငါးကန်များရှိ ရေညှိ၊ ရေမှော်များ ဖယ်ရှားခြင်း
ငါးမွေးတောင်သူများသည် ရေဩဇာရရှိရေးအတွက် ကန်ပြင်ချိန်မှစတင်ပြီး ကန်အတွင်းသို့မြေဩ ဇာထည့်သွင်းခြင်း နှင့် ငါးမွေးမြူရေးကာလအတွင်း မြေဩဇာထပ်မံဖြည့်သွင်းခြင်းကို ဆောင်ရွက်ကြပါ သည်။ ဆိုလိုသည်မှာ ကန်ရေအရောင် အစိမ်းနုရောင်နှင့်အစိမ်းရောင် ဖြစ်လာစေရန်အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ကြပါသည်။ အချို့သော ငါးမွေးတောင်သူများသည် အစာတောင့်ကို ကျွေးပြီးမွေးမြူရာတွင် အစာကြွင်း အစာကျန်များကြောင့်လည်း ကန်ရေ၏အရောင်သည် အစိမ်းရောင်မှ စိမ်းညိုရောင်အထိဖြစ်လာ ခြင်းများတွေ့ရှိရပါသည်။
အဆိုပါ အစိမ်းရောင် နှင့်စိမ်းညိုရောင် အဆင့်တွင် မိုးရွာသောအချိန် ၊အလင်းရောင်(နေရောင်) ကောင်းစွာမရရှိသောအချိန်များတွင် (တနည်း)ရာသီဥတု ပုံမှန်မဟုတ်သောအချိန်ကာလများတွင် ကန်အ တွင်း ရေညှိ ရေမှော်များဖြစ်ပေါ်လာပြီး၊ အဆိုပါရေညှိရေမှော်များသည် ကန်အတွင်း တဖြည်းဖြည်းများ ပြားလာပါသည်။ အချို့သော ကန်များတွင် ရေညှိတုံးများ(ဂျယ်လီပုံစံ)အဖြစ် ပေါ်ပေါက်လာတတ်ပါသည်။
ငါးမွေးမြူရေးနည်းပညာအရ ကန်အတွင်း အပင်မျှောလှေးနှင့်အကောင်မျှောလှေးများ ပေါက်ဖွား လာစေရန် ဇီဝမြေဩဇာ နှင့်ဓါတုမြေဩဇာကို အချိုးကျ ထည့်သွင်းရပါသည်။ အဆိုပါ မြေဩဇာများသည် နေရောင် (အလင်းရောင်)ဖြင့် ကန်အတွင်း အပင်မျှောလှေး နှင့်အကောင်းမျှောလှေး ပေါက်ဖွားကြပါသည်။ အဆိုပါ အပင်မျှောလှေးနှင့်အကောင်မျှောလှေးများ များစွာပေါက်ဖွားပြီး ကန်ရေ၏အရောင်သည် အစိမ်းရင့် ရောင်နှင့်စိမ်းညိုရောင်အထိဖြစ်လာပါသည်။
အဆိုပါကန်အတွင်း အပင်မျှောလှေး များပြားခြင်းမှ အလင်းရောင် နှင့်အပူချိန် မှန်ကန်စွာမရရှိပါက အပင်မျှောလှေးများသေကြေပြီး ရေညှိများ ရေညှိဖမ်းများအဖြစ် ပြောင်းလဲဖြစ်ပေါ်လာရပါသည်။ ရေညှိ ရေမှော်များကန်အတွင်းများပြားပါက ငါးများညအချိန်တွင် အောက်စီဂျင်ကျခြင်းများကို ကြုံတွေ့ နေတတ်ပါသည်။ ငါးများသွားလာလှုပ်ရှားမှု့ကိုလည်း အနှောက်အယှက်ဖြစ်ပေါ်စေပါသည်။ အဆိုပါ ရေညှိ ရေမှော်များကို အောက်ပါအတိုင်း ဖြေရှင်းနိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။
- တစ်ဧက ကန်အတွက် ဂျစ်ပ်ဆမ် (၆၃) ပိဿာ (သို့မဟုတ်)
- ဒုတ္တာ (ကောပါးဆာလ်ဖိတ်) (၆)ပိဿာ မှ (၈)ပိဿာအထိသုံးစွဲနိုင်ပါသည်။ ၄င်းကောင်းတို့ကို အိပ်ငယ်ကလေးများတွင် ထည့်စီးပြီး ရေထဲရှိ ဝါးလုံးတိုင်တွင် ကပ်ချည်ပါ။ အိပ်ငယ်ကလေးများ ကို ရေထဲသို့ (၄)လက်မ (သို့မဟုတ်) (၆)လက်မခန့် နှစ်ထားရပါမည်။
ဦးစန်းအောင်
ထွက်တိုး
မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း