cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးလေဝသခန့်မှန်းချက်နှင့် ရေကြီးခြင်းသတိပေးချက်

. ရာသီဥတု သတင်းများ
စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ လက်မခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
  • ၂ဝ၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် မှ စက်တင်ဘာလ ၃၀ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်  

    ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်များအတွက် တစ်ပတ်တာပျမ်းမျှ မိုးရေချိန် ၇ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၂၄ မှ ၂၆ ရက်နေ့အထိ ပျမ်းမျှ မိုးရေချိန် ၁ လက်မကျော် ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင် ၁လက်မအောက် အနည်းငယ်လျော့၍ ရွာသွန်းနိုင်ပါသည်။ ၂၉ ရက်နေ့တွင် ၀.၇ လက်မဝန်းကျင်သာ ရှိပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။ 

    ပဲခူးတိုင်း၊ ပဲခူးမြို့အတွက် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၅.၂ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၂၄၊ ၂၆ ရက်နေ့တို့တွင် ၁ လက်မဝန်းကျင် ရွာသွန်းနိုင်ပြီး ၃၀ ရက်နေ့တွင် ပျမ်းမျှ မိုးရေချိန် ၀.၈ လက်မဝန်းကျင်အထိ ရရှိနိုင်ပါသည်။ ကျန်ရက်များတွင် ၀.၅ မှ ၀.၇ လက်မဝန်းကျင်အထိ ရရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။        

    မန္တလေးတိုင်း၊ ရမည်းသင်းမြို့အတွက် ပျမ်းမျှမိုးလေဝသခန့်မှန်းချက် အနေဖြင့် တစ်ပတ်တာ မိုးရေချိန် ၃.၁ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၂၄၊ ၂၇၊ ၃၀ ရက်နေ့တို့တွင် ပျမ်းမျှ နေ့စဉ်မိုးရေချိန် ၀.၅ လက်မ ရရှိနိုင်ပြီး ၂၆ ရက်နေ့တွင် ၀.၆ လက်မရွာသွန်းနိုင်သဖြင့် ဒီတစ်ပတ်အတွင်း အများဆုံးနေ့ ဖြစ်ပါသည်။ ကျန်ရက်များတွင် ၀.၄ အောက်သာ ရရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၂°C ရှိနိုင်ပါတယ် ခင်ဗျာ။              

     မွန်ပြည်နယ်၊ သထုံမြို့အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၇.၄ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် ပျမ်းမျှ မိုးရေချိန် ၂ လက်မနီးပါး ရွာသွန်းနိုင်ပြီး ၂၅၊ ၂၆၊ ၃၀ ရက်တို့တွင်လည်း ၁ လက်မကျော် ရွာသွန်းနိုင်ပါသည်။ ကျန်ရက်များတွင်လည်း ၁ လက်မအောက် အနည်းငယ် လျော့နည်းပြီး ရွာသွန်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။     

     မကွေးတိုင်း၊ ပခုက္ကူမြို့အတွက် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၃.၅ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် ပျမ်းမျှ မိုးရေချိန် ၀.၈ လက်မဝန်းကျင် ရရှိနိုင်ပြီး ၂၆ ရက်နေ့တွင် ၁ လက်မနီးပါး ရွာသွန်းနိုင်ပြီး ယခုတစ်ပတ်အတွင်း အများဆုံးရက်ဖြစ်သည်။ ၂၇ ရက်နေ့တွင် ၀.၅ လက်မခန့် ရရှိနိုင်ပြီး ကျန်ရက်များတွင် ၀.၄ လက်မအောက်သာ ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။     

     ဧရာဝတီတိုင်း၊ ဖျာပုံမြို့အတွက် တစ်ပတ်တာ ပျမ်းမျှမိုးရေချိန် ၇.၃ လက်မ ဝန်းကျင် ရရှိနိုင်ပါသည်။ စက်တင်ဘာ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေ့စဉ်မိုးရေချိန် ၁ လက်မကျော် ရွာသွန်းနိုင်ပြီး ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေ့စဉ် မိုးရေချိန် ၀.၉ လက်မဝန်းကျင်အထိ ရရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်အနေဖြင့် အမြင့်ဆုံး အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၂၃°C ရှိနိုင်ပါတယ် ခင်ဗျာ။      

    #ရေကြီးခြင်းသတိပေးချက်

    (၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်၊ ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

    ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ -

    စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၂ လက်မခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

    ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၁ ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

    သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

    ဘီးလင်းမြစ်ရေသည် ဘီးလင်း မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၃ ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။

    သို့ဖြစ်ပါ၍ တောင်ငူမြို့နယ်၊ ပဲခူးမြို့နယ်၊ ဘားအံမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန်နှင့် မြစ်ရေမြင့်တက် လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

    ကိုးကား။ Weather Impact ၊ မြစ်ရေသတင်း - မိုးဇလ  

    ဂန္ဓမာစပ်တိုးရီးယားရွက်ပြောက်ရောဂါကာကွယ်နှိမ်နင်းနည်း အကြံပြုချက်

    • Septoria မှိုကြောင့်အဓိကဖြစ်ပွားပြီး စိုက်ခင်းအစိုဓာတ်များလွန်းသောအခြေအနေတွင် ပွားများနှုန်းမြန်သည်။
    • ရောဂါစတင်ကျရောက်ပါက အလွန်သေးငယ်သော အဝါရောင်အစက်အပြောက်ကို စတင်တွေ့ ရသည်။ ထို့နောက် အညိုရောင်ပြောင်းသွားပြီး အစက်အပြောက်များပေါင်းစပ်သွားကာ အရွက်ခြောက်ပြီး ညှိုးသွားသည်။
    • ရောဂါကျစိုက်ခင်းရှိ ပင်ကြွင်းပင်ကျန်အမှိုက်သရိုက်တို့ကို မရှင်းဘဲထားပါက နောက်ရာသီ ရာသီဥတု အခြေအနေပေးပါကပြန်လည်ကျရောက်နိုင်သည်။
    • ရောဂါကျရောက်ပါက အုပ်မိုးပြီး ရေဖျန်းခြင်းကိုရှောင်ကြဥ်ပါ။
    • ဓာတုဆေးမဖျန်းခင် ရောဂါကျအရွက်တွေကိုတစ်ခါတည်းရှင်းပြီး ကြွပ်ကြွပ်အိတ်ထဲထည့်လာခဲ့ပါ။ ပြီးမှ ဆေးဖျန်းပေးပါ။
    • အသုံးပြုနိုင်သောဓာတုမှိုသတ်ဆေးများ- Propiconazole, Difenoconazole+Cymoxanil, Tebuconazole

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်

    ငါးကန်များ အ‌စာ‌ကျွေးရာမှာ အလေအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။ 

    - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။

    - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။

    - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။

    - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။

    - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်‌သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။

    ------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


likes
0
comments
0
views
87