ပြည်တွင်း မတ်ပဲစျေး ဆက်တိုက်ကျဆင်းလာ📈📈
- အိန္ဒိယနိုင်ငံမှ ဝယ်လိုအားနည်းနေခြင်းကြောင့် ပြည်တွင်း မတ်ပဲစျေး ဆက်တိုက်ဆိုသလို ကျဆင်းနေကြောင်း ကုန်စည်ဒိုင်များထံမှ သိရပါသည်။ - ပြည်တွင်းထွက် ပဲများကို အိန္ဒိယနိုင်ငံသို့ အဓိကထား တင်ပို့နေရခြင်းဖြစ်ပြီး လက်ရှိ အိန္ဒိယနိုင်ငံတွင် အရည်အသွေးရောနှောနေသည့် မတ်ပဲအသစ်များ ဝင်ရောက်နေခြင်းကြောင့် အဆိုပါ နိုင်ငံမှ ကုန်သည်များ နှင့် ပဲခွဲစက်များက ထိန်းဝယ်နေခြင်းကြောင့် စျေးကွက်အေးနေကြောင်း သိရပါသည်။ - ဘုရင့်နောင် ကုန်စည်ဒိုင်တွင် စက်တင်ဘာလ ၁၅ ရက်နေ့တွင် မတ်ပဲ (FAQ )တစ်တန်ကို ၂၉၅၉၀၀၀ ကျပ်ထိ ပြန်တက်လာခဲ့သော်လည်း စက်တင်ဘာလ ၂၃ ရက်နေ့မှာ မတ်ပဲ (FAQ )တစ်တန်ကို ၂၈၅၈၀၀၀ ကျပ်အထိ ပြန်ကျဆင်းသွားကြောင်း သိရပါသည်။ - ထို့ကြောင့် ပြီးခဲ့တဲ့အပတ်ဖြင့် ယှဉ်ရင်တော့ တစ်တန်ကို ငွေကျပ် ၁သိန်း ကျော်အထိ ဈေးကျလာသည်။ - “ပြည်တွင်းပဲကို အဓိက ဝယ်တာက အိန္ဒိယနိုင်ငံပါ။ အိန္ဒိယနိုင်ငံမှာ မတ်ပဲအသစ်တွေ ဝင်နေတော့ ထိန်းဝယ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် တင်ပို့နေတဲ့ ပြည်တွင်းပဲတွေ အရောင်းအဝယ်အေး၊ စျေးမရဖြစ်နေတယ်။ - စျေးက ကျလိုက် တက်လိုက်ပဲ။ အခုဆို ၂၉သိန်းအောက်ထိ ဆင်းသွားတယ်။ ၉လပိုင်းကျော်လောက်မှာ တက်လာမယ်လို့ ထင်ခဲ့ပေမဲ့ အခုထိတော့ ကျနေတုန်းပဲ ။” ဟု ပဲကုန်သည် တစ်ဦးက သုံးသပ်ပြောထား ပါသည်။ - ယင်းအပြင် ပြည်ပ ပေါက်စျေး FOB အနေဖြင့် ပြီးခဲ့ သည့် အပတ်ဖြင့် ယှဉ်ပါက FAQ မတ် ပဲ တစ်တန်လျှင် ဒေါ်လာ ၇၃၅ မှ ဒေါ်လာ ၇၂၀ ဒေါ်လာ ထိ ကျဆင်းသွားကြောင်း တွေ့ရပါသည်။ - ပြည်တွင်းပဲအထွက်နှုန်းမှာ သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေမူ နှင့် တခြား ပြည်တွင်းအခက်အခဲများကြောင့် စိုက်ဧကများ လျော့ကျလျက်ရှိကြောင်းလည်း သိရသည်။ - လက်ရှိ မတ်ပဲအပြင် ပဲစိမ်းငုံစျေးများပါ အရောင်းအဝယ်အေး စျေးကျနေကြောင်း သိရပါသည်။ - ပြည်ပသို့ တင်ပို့နေသည့် ပဲစျေးများမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါအပေါ်မှာလည်း အများကြီး သက်ဆိုင်ကြောင်း ကုန်သည်များက ဆိုသည်။ - မြန်မာနိုင်ငံ မှ ပဲ များကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းထိ အားထားတင်ပို့နေကြောင်းလည်း သိရပါသည်။ - အိန္ဒိယအစိုးရအနေဖြင့် ပြည်တွင်း မတ်ပဲ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားကြောင့်လည်း သိရပါသည်။ - ဖိုးချဲ(AMIA) - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
