cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေနေသတ္တဝါများ၏ သက်ရှိအစာအကြောင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးမွေးတောင်သူများအတွက် မည်သည့်စနစ်နှင့်မွေးမြူ ရေးလုပ်ငန်းကို ဆောင်ရွက်ပါစေ၊ ရေနေသတ္တဝါ များ၏ အခြေခံအစာနှင့် သက်ရှိအစာအကြောင်းကိုအခြေခံ သိရှိစေရန် အောက်ပါအတိုင်းတင်ပြအပ်ပါသည်။
  •            ငါးမွေးတောင်သူအများစုသည် ငါးမွေးမြူလုပ်ငန်းတလျှောက် ကန်အတွင်း ရေဩဇာရရှိစေရန် မဖြစ်မနေဆောင်ရွက်ကြပါသည်။ ထို့အတူ ငါးကြီးထွားနှုန်းကောင်းစေရန် ဖွဲနု ၊ပဲဖတ် နှင့် အစာတောင့်ကို ကျွေး ပြီး မွေးမြူကြပါသည်။ အဆိုပါလုပ်ရပ်သည် မြန်မာနိုင်ငံရှိ ငါးမွေးတောင်သူများ၏ လုပ်ရိုးလုပ်စဉ် တရပ် ဖြစ်သည်။ အချို့သော ငါးမွေးတောင်သူများသည် ဈေးကွက်ကောင်း ရရှိစေရန်အတွက် ၊ ကောင်းမွန်သော မွေးမြူရေးနည်းလမ်းအတိုင်း စနစ်တကျမွေးမြူကြသူများလည်း ရှိပါသည်။ သို့သော် နည်းပါး ကြပါသည်။ ထို့ကြောင့် ငါးမွေးမြူသော တောင်သူအများစု၏ ဈေးကွက်သည် ပြည်တွင်းဈေးကွက်ကိုသာ ဦးတည် အားထားနေကြရပါသည်။ ကောင်းမွန်သော မွေးမြူးရေး (GAP) စနစ်နှင့်လုပ်ငန်းစဉ်ကို နောင်အခါတွင်ဖော်ပြ ပေးပါမည်။

               ငါးမွေးတောင်သူများအတွက် မည်သည့်စနစ်နှင့်မွေးမြူ ရေးလုပ်ငန်းကို ဆောင်ရွက်ပါစေ၊ ရေနေသတ္တဝါ များ၏ အခြေခံအစာနှင့် သက်ရှိအစာအကြောင်းကိုအခြေခံ သိရှိစေရန် အောက်ပါအတိုင်းတင်ပြအပ်ပါသည်။ ရေ နေသတ္တဝါများအတွက် အစာနှစ်မျိုးခွဲခြားနိုင်ပါသည်။ (၁) သက်ရှိအစာ (Natural food) နှင့် ဖော်စပ်အစာ (Supplementary feed)တိူ့ဖြစ်ပါသည်။ ဖော်စပ်အစာကို ဖြည့်စွက်စာဟုလည်းခေါ်ကြပါသည်။

               သက်ရှိအစာသည် သဘာဝအစာတစ်မျိုးဖြစ်ပြီး ၊ သားလောင်းများအတွက် အာဟာရ၏ ၆၀ရာခိုင်နှုန်း ကို ရရှိစေပါသည်။ သက်ရှိအစာကျွေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးကိုရရှိစေပါသည်-

    - သက်ရှိအစာသည် အစာကို ကျေချက်လွယ်ခြင်း။

    - သက်ရှိအစာသည် အာဟာရပြည့်ဝမှုရှိခြင်း။

    - သားလောင်းများနှစ်သက်သော အရောင်အဆင်းရှိခြင်း။

    - အလွယ်တကူရရှိနိုင်ခြင်း။

    - ရေထုညစ်ညမ်းမှုကိုနည်းပါးစေခြင်း။

    - ထုတ်လုပ်မှုစရိတ်သက်သာခြင်း။

    - အမြောက်အမြားထုတ်လုပ်ရန်လွယ်ကူခြင်း။

    သက်ရှိသတ္တဝါတွင် (၁)အပင်မျှောလှေး (Phytoplankton) (၂) အကောင်မျှောလှေး (Zooplankton) နှင့် အာတီးမီးယားသားလောင်း(Artemia nauplii) တို့ ဖြစ်ကြပါသည်။

    အပင်မျှောလှေး (Phytoplankton)တွင် (diatoms ,green algae, bule green algae ,…) ပါဝင်ပြီး အကောင်မျှောလှေး Zootoplankton တွင် (rotifer, copepots ,ect.) ပါဝင်ပါသည်။ တောင်သူအများ လက် ရှိဆောင်ရွက်နေသော ရေဩဇာရရှိစေရန် ဆောင်ရွက်နေခြင်းသည် အပင်မျှောလှေးနှင့် အကောင်မျှောလှေး ရရှိပေါက်ဖွားစေရန် စေရန် ဆောင်ရွက်သဖြင့် သက်ရှိအစာမွေးခြင်းများဖြစ်ပါသည်။ အဆိုပါသက်ရှိအစာ မွေး ခြင်းကို စနစ်တကျဆောင်ရွက်နိုင်ရန် ဆက်လက်ဖော်ပြအပ်ပါမည်။

    ဦးစန်းအောင်

    ထွက်တိုး

    ---------

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
6
comments
0
views
2668