cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဖူးစားပြောင်းများဝယ်လိုအားများ၍ စျေးကောင်းရရှိနေကြောင်း

. ဈေးကွက်သတင်းများ
ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်တွင် ဖူးစားပြောင်းများဝယ်လိုအားများ၍ စျေးကောင်းရရှိနေကြောင်း
  • ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်၌ ဖူးစားပြောင်းများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံက သိရသည်။ 

    ကျောင်းကုန်းမြို့နယ်၌ စက်တင်ဘာလဒုတိယပတ်မှစ၍ ဖူးစားပြောင်းများ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်းနှင့် အဆိုပါဖူးစားပြောင်းများဝယ်လိုအားကောင်းလာခြင်းသည် ဒေသထွက်ဖူးစားပြောင်းများကို ပုသိမ်အပါအဝင် တခြားဒေသ များမှ ဝယ်လို အားကောင်းလာခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ 

    "ဒေသထွက်ဖူးစားပြောင်းတွေကို ဒေသဈေးကွက်အပြင် တခြားဒေသတွေကပါ အဝယ်လိုက်နေပါတယ်။ လက်ရှိမှာ ဖူးစားပြောင်းတွေ အဝယ်လိုက်နေတဲ့အပြင် ဈေး လည်းကောင်းလာပါတယ်။ ဒေသထွက်ဖူးစားပြောင်းတွေကို ရန်ကုန်ဈေးကွက်က လည်း အဝယ်လိုက်နေပါတယ်" ဟု ၎င်းကပြောသည်။ကျောင်းကုန်းမြို့နယ်မှ လယ်ယာထွက်ကုန်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများသည် ဒေသထွက်ဖူးစားပြောင်းများကို ဝယ်ယူပြီး ရန်ကုန်ဈေးကွက်သို့ ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသထွက် ဖူးစားပြောင်းများသည် ပိုးမွှား ကင်းရှင်းပြီး အရည်အသွေးကောင်းမွန်သဖြင့် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း သိရသည်။ 

    ----------- 

    Myawady Webportal မှ  ကူးယူဖော်ပြပါသည်။ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
10
comments
0
views
2931