ငရုတ်ခါးရိရောဂါ အကြောင်းသိကောင်းစရာ
ငရုတ်စိုက်ပျိုးရာတွင် ငရုတ်ခါးရိရောဂါ (Chilli Damping Off) မှာ တောင်သူတိုင်း ကြားဖူး နားဝရှိပြီးဖြစ်တဲ့ ရောဂါ တစ်မျိုးဖြစ်ပါသည်။ ရောဂါဖြစ်စေတဲ့သက်ရှိမှာ Pythium. Spp ဟုခေါ်သော မြေဆောင်မှို တစ်မျိုးဖြစ်သည့်အတွက် မစိုက်ခင်ကတည်းက ကြိုတင်ကာကွယ်ရမည့် ရောဂါ ဖြစ်ပါသည်။ငရုတ်ခါးရိရောဂါမှာ ပျိုးခင်းအဆင့် ငရုတ်အပင်ငယ်စဥ်တွင် အဓိကကျရောက်တတ်သော ရောဂါဖြစ်ပြီး ရောဂါလက္ခဏာတွေ့မြင်မှ နှိမ်နင်းပါက မကာကွယ်နိုင်တော့ပါ။ ရောဂါလက္ခဏာမှာ ငရုတ် အရွက် ၂-၅ ရွက် ထွက်ချိန်တွင် အပင်ခြေနားမှ ရေစိုနာကွက်မှ စတင်ဖြစ်ပေါ်ပြီး အရွက်များဝါလာကာ တဖြေးဖြေးအပင်ညှိုးလာ၍ခါးရိကာ စိုက်ခင်းအထိမစိုက်ပျိုးခင် ပျိုးခင်းထဲတွင် သေဆုံးသွားတတ်ပါသည်။ ထို့ကြောင့် ငရုတ်ခါးရိရောဂါမှာ မကျရောက်ခင် ကြိုတင်ကာကွယ် ထားသင့်သော ရောဂါတစ်မျိုးဖြစ်ပါသည်။
ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ-
- ရောဂါကျရောက်ဖူးသော မြေနေရာတွင် ပျိုးထောင်ခြင်းမှရှောင်ကြဥ်ပါ။
- မျိုးစေ့များအား မစိုက်ပျိုးခင် Thiram၊ Ziram ကဲ့သို့သော မျိုးစေ့လူးနယ်မှိုသတ်ဆေး အသုံးပြုပေးပါ။
- မြေဆောင်ရောဂါဖြစ်သည့်အတွက် Hymexazol ကဲ့သို့သော မြေဆောင်မှိုသတ်ဆေး အားမြေပြင်ချိန်တွင် ကြိုတင်ပက်ဖျန်းပေးဖြင့်ကာကွယ်ပါ။
- ရောဂါကျရောက်လာပါက Metalaxyl၊ Azoxystrobin၊ Difenoconazole၊ Trifloxystrobin၊ Tebuconazole စသော ဆေးအဆိပ်များပါဝင်သည့် မှိုသတ်ဆေးများအား သတ်မှတ်နှုန်းထား အတိုင်းပက်ဖျန်းပေးပါ။
ရတနာ မှ ဘာသာပြန် ဖော်ပြပါသည်။
Source: AgriBegri
---------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း