ရှမ်းပြည်နယ် မိုးလေဝသအခြေအနေ နှင့် စိုက်/မွေးအကြံပြုချက်
- ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ - တိုင်ဖွန်း BUALOI - · ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တိုက်ခတ်ခဲ့သည့် မုန်တိုင်း BUALOI သည် စက်တင်ဘာ ၂၆ ရက် ည တွင် တောင်တရုတ်ပင်လယ်သို့ရောက်ရှိပြီးနောက် တိုင်ဖွန်းမုန်တိုင်း BUALOI ဖြစ်လာနိုင်ပါမယ်။ - · တိုင်ဖွန်း BUALOI သည် စက်တင်ဘာ ၂၈ ရက် နံနက် ၀၆ ၃၀ နာရီတွင် လေတိုက်နှုန်းတနာရီ ၇၄ မိုင်၊ ဗဟိုဖိအား ၉၈၇ hPa နှင့် မုန်တိုင်းအရွယ်အစား အချင်းမိုင် ၅၃၀ ခန့်ရှိလာနိုင်ကြောင်းသိရပါတယ်။ - · အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး စက်တင်ဘာလ ၂၈ ရက် ည တွင် ဗီယက်နမ်ကမ်းခြေကို Vinh မြို့အနီး မြေပုံညွှန်း 18.688N, 105.765E မှ ဖြတ်ကျော်ဝင်ရောက်နိုင်ပါမယ်။ - · ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီးနောက်အနောက်-အနောက်မြောက်ဘက်သို့ ကုန်းတွင်းမုန်တိုင်း၊ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားကာ စက်တင်ဘာ ၂၉ ရက်နေ့မှာ လာအိုနိုင်ငံအလယ်ပိုင်းအထိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်ရောက်ရှိနိုင်ကြောင်း JTWC မှ နောက်ဆုံးရရှိထားသည့်ထုတ်ပြန်ချက် Warning-13 မှာ ဖေါ်ပြထားပါတယ်။ - · မုန်တိုင်းအကြွင်းအကျန်များသည် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ကိုဖြတ်သန်းပြီး အိန္ဒိယနိုင်ငံ အာသံမဏိပူရနယ်ထဲအထိ ဆက်လက်ရွေ့လျားနိုင်ကြောင်း ECMWF Model ကြိုတင်ခန့်မှန်းချက်များတွင် တွေ့ရပါတယ်။ - ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နိုင်သည့် မုန်တိုင်းငယ် - · ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ ၂၉ ရက် ညမှစတင်ပြီး လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ကာ၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အနည်းဆုံးမုန်တိုင်းငယ်အဆင့်အထိရောက်လာပြီးနောက် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်ပါတယ်။ - · ဘင်္ဂလားပင်လယ်အော်မှ မုန်တိုင်းငယ်နှင့် တိုင်ဖွန်းမုန်တိုင်း BUALOI ဆက်လက်ရွေ့လျားကာ ရှမ်းပြည်နယ်အရှေ့ပိုင်းကိုဖြတ်သန်းပြီး ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ရွေ့လျားဝင်ရောက်လာနိုင်မည့် ထူးခြားမိုးလေဝသအခြေအနေများကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင်မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး စက်တင်ဘာလ ၂၉-၃၀ ရက်တွေမှာ မိုးရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏ အများဆုံးဖြစ်နိုင်ပါတယ်။ - · စက်တင်ဘာလ ၂၉ ရက် နှင့် ၃၀ ရက်နေ့တွေမှာ တနိုင်ငံလုံးအတိုင်းအတာဖြင့်မိုးရွာနိုင်၊ (POSSIBLE CLOUD BURST)ကြောင့် နေရာကွက်ကျားမိုးသည်းထန်နိုင်ပြီး ၄၈ နာရီအတွင်း မိုးရေချိန် ၅ လက်မနှင့် အထက် ရွာနိုင်/မိုးများနိုင်ပါတယ်။ - ယခု ၁ ပါတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ - · ရှမ်းပြည်နယ်အတွင်း ရှမ်း-အရှေ့၊ ရှမ်း-တောင်နှင့် ရှမ်း-မြောက်ဒေသအားလုံးတွင် ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန် ၆ လက်မ အထက်ရှိနိုင်ပါမယ်။ - · တောင်ကြီးမြို့နှင့် ကလောမြို့တို့တွင် ၂၇/၂၉/၃၀ ရက်တို့တွင် ၂၄ နာရီ မိုးရေချိန် ၁ လက်မအထက်မရွာနိုင်၊ အများဆုံး ၀.၈ လက်မခန့်ရွာသွန်းနိုင်ပြီး - - ၁ ပတ်အတွင်းမှာ မိုးရေချိန် ၅ လက်မကျော်ခန့် ရွာသွန်းရရှိနိုင်၊ နေရာကွက်၍ မိုးသည်းထန်နိုင်ပါတယ်။ - · လားရှိုးမြို့နှင့် မူဆယ်မြို့များမှာ မိုးပြတ်တောင်းရွာပြီး ခေတ္တမျှသည်းထန်နိုင်ပါတယ်၊ တပတ်အတွင်း မိုးရေချိန်အများဆုံး ၄ လက်မအထိ ရွာသွန်းရရှိနိုင်ပါတယ်။ - · ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းယောင်းမြို့နယ်များမှာမိုးအသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး နေရာကွက်မိုးသည်းထန်နိုင်ကာ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး၊ တောင်ကျချောင်းများရေလျှံခြင်း ရုတ်ချည်းရေကြီးနိုင်ခြင်းတို့ဖြစ်ပေါ်ပြီး လမ်းပိတ်ဆို့ခြင်းကြောင့် ခရီးသွားလာရေးအဟန့်အတားများလည်း ဖြစ်ပေါ်နိုင်ပါတယ်။ - · တောင်ကြီး၊ ကလောနှင့် လားရှိုးမြို့အနီးဝန်းကျင်ဒေသများမှာမိုးသည်းထန်ပြီး မြေပြို/တောင်ပြိုခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တခုလုံးမှာ ၂၉ ရက်နေ့အထိ အမြင့်ဆုံးနေ့အပူချိန် ၃၀°C ခန့်ရှိရာမှ ၃၀ ရက်နေ့မှာမိုးရွာခြင်းကြောင့် အမြင့်ဆုံးအပူချိန် ၂၂°C အထိကျဆင်းပြီး အနိမ့်ဆုံးညအပူချိန် ၂၁°C ခန့် ရှိနိုင်ပါတယ်။ - · ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့်တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်ရှိနိုင်ပါတယ်။ - · ရှမ်းပြည်နယ်ရဲ့ လေထုစိုထိုင်းဆအခြေအနေများအနေနဲ့ စက်တင်ဘာ ၂၉ ရက်အထိ ၆၀% ဝန်းကျင်ရှိရာမှ ၂၉ ရက်နောက်ပိုင်းမှာ ၈၀% မှ ၁၀၀% အထိ ရှိလာနိုင်ပါတယ်။ - · လေထုစိုထိုင်းဆမြင့်မားချိန် ၂၉ ရက်အထိ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၈°C ခန့်ရှိနေနိုင်ပါမယ်။ - ရှမ်းပြည်နယ်တခုလုံးတွင် လေထုညစ်ညမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်စရာမရှိပါ။ - (စက်တင်ဘာလ ၂၇ ရက် မှ အောက်တိုဘာ ၃ ရက်အထိ) - Win Naing - Administration Team, - MMWEATHER, - ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် - ငါးကန်များ အစာကျွေးရာမှာ အလေအလွင့်မဖြစ်စေဖို့ အကြံပြုအပ်ပါသည်။ - - မိုးသည်းထန်စွာ ရွာသွန်းချိန်မှာ ပတ်ဝန်းကျင်အခြေအနေ ပြောင်းလဲမှုကြောင့် ငါးများ အစာစားနှုန်း ကျတတ်ပါသည်။ - - အစာများ စျေးကြီးနေချိန် အလေအလွှင့် မဖြစ်စေဖို့ ၃၀ ရာခိုင်နှုန်းခန့် လျော့ကျွေးပေးသင့်ပါသည်။ - - ဗီတာမင်စီ၊ သတ္တုဓာတ်တို့ ထည့်သွင်းကျွေးခြင်းဖြင့် ငါး၊ပုစွန်များ ခံနိုင်ရည်ရှိမှုကို ကောင်းစေပါသည်။ - - ကန်များမှာ ရေကြီးရေလျှံဖြစ်နိုင်ပါသဖြင့် ကန်ဘောင်မှ ၆ လက်မအောက်အကွာတွင် ရေထုတ်ပြွန်များ တပ်ပေးသင့်ပါသည်။ - - အပြင်ဘက်မှလည်း ကန်အတွင်း ရေဝင်လာနိုင်သောကြောင့် ကန်ဘောင်အပေါ်မှ သဲအိတ်များ စီထားသင့်ပါသည်။ - ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
