အဝလွန်ခြင်းနှင့် ဆီးချိုရောဂါကို လက်ဖက်စိမ်းက ကောင်းစွာထိန်းချုပ်နိုင်
ဘရာဇီးနိုင်ငံ ဆောင်ပေါ်လို သုတေသန ဖောင်ဒေးရှင်းရဲ့ ထုတ်ပြန်ချက်အရ လက်ဖက်စိမ်းအာနိသင်ဟာ မည်ကဲ့သို့ အလုပ်လုပ်သည်၊ ကိုယ်အလေးချိန်ကိုလျှော့ချမှုနှင့် ဆီးချိုရောဂါကို ထိန်းချုပ်ရာမှာ မည်ကဲ့သို့ အသုံးပြုနိုင်တယ်ဆိုတဲ့ အချက်ကို ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ယခု တွေ့ရှိမှုအတွက် လက်ဖက်စိမ်းရဲ့ အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး ၁၅ နှစ်ကြာသုတေသနလုပ်နေတဲ့ ရို့စမာရီအော့တွန်က ကြွက်တွေကို အဝလွန်စေပြီးတော့ စမ်းသပ်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အဆိုပါ စမ်းသပ်မှုမှာ ကြွက်တွေကို သာမန်ကုသမှုတွေပေးနေစဉ် အဝလွန်ခြင်းက ကျဆင်းသွားခြင်းမရှိဘဲလက်ဖက်စိမ်းမှ ထုတ်လုပ်ထားတဲ့ ဆေးဝါးကိုအသုံးပြုပြီးကုသမှသာ ကိုယ်အလေးချိန်ကိုလျှော့ချနိုင်ပြီး ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည်း ထိန်းချုပ်လိုက်နိုင်တယ် ဆိုတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ဖက်စိမ်းက ဆေးဘက်ဆိုင်ရာမှာ ကောင်းကျိုးများစွာကို ပိုင်ဆိုင်ထားသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ပတ်သက်ပြီး အရည်အသွေးကောင်းများစွာကို ပိုင်ဆိုင်ထားတယ်ဆိုတာကို ပညာရှင်များက သုတေသနများအရ သိရှိထားကြပေမယ့် လေ့လာမှုတွေကို ရပ်တန့်ခဲ့ခြင်း မရှိဘဲ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လက်ဖက်စိမ်းကို ဘယ်လို နေရာတွေမှာ အသုံးပြုနိုင်သေးလဲဆိုတာကိုပါ ဆက်လက်လေ့လာခဲ့ကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Myanmar Future News မှ ကူးယူဖော်ပြပါသည်။
------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း