ထမင်းအခြေခံ ဇီဝမြေသြဇာ
အော်ဂဲနစ်စိုက်ပျိုးရေးမှာ အလွယ်တကူ ထုတ်လုပ်သုံးစွဲတဲ့ အစွမ်းထက်သော မြေသြဇာဖြစ်ပါတယ်။
ပါဝင်သော ပစ္စည်းများ-
၁။ ဆန် နို့ဆီဘူး တစ်လုံးချက် ထမင်း။
၂။ ဖွဲနုတစ်ပြည်။
၃။ ငှက်ပျောသီးမှည့် ၆ လုံး။
၄။ တင်လဲရည် (သို့) ထန်းလျက် (၅) ကျပ်သား။
၅။ ရေ (၆) ဂါလံ တို့ဖြစ်ပါသည်။
ပါဝင်သော ပစ္စည်းအချိုး နမူနာသာဖြစ်ပါတယ်။ ဖျော်စပ်ရာမှာ အနည်းအများ လိုချင်တဲ့ ပမာဏအတိုင်း၊ အဲ့ဒီအချိုးအတိုင်း ပြောင်းလဲဖျော်စပ်သုံးဖို့လိုပါတယ်။
ပထမ ဆန်နို့ဆီတစ်ဘူးချက် ထမင်းချက် အအေးခံပြီး(၃)ရက်ထားရပါမယ်။ ထမင်းသိုးပါမယ်။ သိုးရခြင်းမှာ သဘာဝအဏုဇီဝပိုးတွေ ဝင်လာခြင်းကြောင့်ဖြစ်ပါတယ်။
ထမင်းသိုးတွေကို ရေ (၇-၈) ဂါလံဆံ့ ပလတ်စတစ်ပုံး (သို့) စဥ့်အိုးထဲကို ထည့်ပြီး ထည့်ရမယ့်ပစ္စည်းတွေ၊ အချိုးအတိုင်း ရေ (၆) ဂါလံ၊ ဖွဲနုတစ်ပြည်၊ ငှက်ပျော်သီး (၆) လုံး၊ တင်လဲရည်(သို့) ထန်းလျက် (၅) ကျပ်သားတို့ကို ထည့်ပါ။ အပေါ်မှ ပိတ်ပါးစ နဲ့ ဖုံးထားပေးရပါတယ်။
နေ့တိုင်း နံနက်/ညနေ (၂) ကြိမ်မွှေပေးပါ။။
(၃) ရက်ပြည့်ရင် စတင်အသုံးပြုနိုင်ပါတယ်။
အသုံးပြုရာမှာ အပင်ဖျန်းတဲ့အခါ အောက်ပါအတိုင်း
၁။ ထမင်းအခြေခံဇီဝဖျော်ရည် ၁-ဆ
၂။ ဖွဲနု ၂-ဆ
၃။ စက်ဖွဲပြာ ၃-ဆ
၄။ နွားချေး (ကြက်ခြေး၊ တီက်စ္စာ) ၄-ဆ
(ရနိုင်တဲ့ တစ်မျိုးသာထည့်ရန်)
စသည်တို့ကို သမအောင်ရောစပ်ပြီး ရေပန်းခရားနဲ့ ဖျန်းပေးပါ။ အကယ်လို့ ပြစ်နေပါက ရေထပ်ရောပြီး သမအောင်မွှေပေးခြင်းဖြင့် အသုံးပြုနိုင်ပါတယ်။
Source; စိုက်ပျိုးရေးဦးစီးဌာန
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း