ဉာဏ်စမ်းအဖြေမှန်နှင့်ဖုန်းဘေလ်ကံထူးသူများစာရင်း
- Pre-Harvest Interval (PHI) ဆိုတာ “ဆေးဖြန်းပြီးနောက် ရိတ်သိမ်းရမည့်ရက်” / “ဆေးဖျန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက်” ကို ဆိုလိုပါတယ်။ အချို့တောင်သူတွေက အပွင့်အသီးဝင်မှ၊ အနှံထွက်မှ ဖျန်းရတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးလို့ အထင်မှားတတ်ကြပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သီးနှံအတွင်း ဓာတုဓာတ်ကြွင်းဟာ စားသုံးသူများအတွက် ဘေးကင်းတဲ့အခြေအနေ ဖြစ်နေဖို့ ပဲ ဖြစ်ပါတယ်။ စားသုံးသူများ ဘေးကင်းစေဖို့ရန်နှင့် ဥပဒေကို လိုက်နာဖို့ အတွက်ရယ် ဆေးဗူး၊ ဆေးထုပ်မှာ ပါဝင်တဲ့ PHI ကို လိုက်နာသုံးစွဲပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ သီးနှံအတွင်း ဓာတုပစ္စည်းများ ကျန်ရစ်နေသေးရင်တောင် လူက ခံနိုင်ရည်ရှိ လောက်တဲ့ ပမာဏမျှသာ ရှိနေမည့်ကာလကို စောင့်ဆိုင်းစေခြင်းဖြစ်ပါတယ်။ - ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့အဖြေမှန်က (က) မှန် ဖြစ်ပါတယ်။ - ဝင်ရောက်ဖြေဆိုသူအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ - ဖုန်းဘေလ်ကံထူးသူများကို ထွက်တိုးဘက်ကနေဆက်သွယ်ပြီးတော့ ဖုန်းဘေလ်ဖြည့်ပေးသွားပါမယ်။ - ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
