cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မီးပိုးကောင်အန္တရာယ်

. ကျန်းမာရေးဆောင်းပါးများ
အရေပြားတွေ ယောင်ယမ်းလာပြီး မီးလောင်ထားသကဲ့သို့ ဖြစ်စေတတ်တဲ့ မီးပိုးကောင်အန္တရာယ်
  •  မြန်မာနိုင်ငံမှာ မီးပိုးကောင်လောင်တာ အဖြစ်များလာနေပြီး၊ အခြားအရေပြားရောဂါတွေနဲ့ မှားကုတတ်ကြတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပြောဆိုပါတယ်။ မီးပိုးကောင်ဟု ခေါ်ကြသော ၎င်းပိုးကောင်မှာ Rove beetle သို့မဟုတ် Paederusဖြစ်ပြီး အချို့က အမြီး ၂ ခွကောင် လို့လည်းခေါ်တတ်ကြသေးသည်။ ၎င်းမီးပိုးကောင် ထိရုံမျှဖြင့်ပင် အဆိပ်ဖြင့်ပန်းတတ်ကြသည်။ ဖြစ်ပေါ်လာတဲ့အနာတွေကို beetle rush သို့မဟုတ် Paederus dermatitis လို့ခေါ်တဲ့အရေပြားရောင်ရောဂါလို့ခေါ်ပါသည်။ 

    အင်းဆက်ပိုးတစ်မျိုးဖြစ်တဲ့ မီးပိုးကောင်ကထွက်တဲ့ အဆိပ်ကြောင့် အရေပြားလောင်ပြီး၊ ယားနာပုံစံမျိုးအနာ ဖြစ်လာတာပါ။ အင်းဆက်ပိုးက မိုးတွင်းအပြင်၊ မိုးအကုန် ဆောင်းအကူးမှာလည်း အထွက်များပြီး၊ မီးပိုးကောင်လို့ခေါ်တဲ့အတိုင်း မီးရောင်ကို ကြိုက်တာကြောင့် လူတွေနားကို ရောက်လာတာပါ။ မီးပိုးကောင်လေးက အရွယ်သေးငယ်ပြီး၊ အမြီးကော့ကော့ပုံစံနဲ့ သွားတတ်ပါတယ်။ ဒီပိုး အတုတ်ခံရတာကြောင့်ဖြစ်စေ၊ လာထိမိတဲ့ ပိုးကောင်ကို လက်နဲ့ဖယ်လိုက်ရာက၊ ခြေလိုက်ရာက အဆိပ်ပန်းခံရတာကြောင့်ဖြစ်စေ၊ ဒီပိုးက အဝတ်တွေ လှန်းထားတာထဲ ဖြတ်သွားပြီး အဆိပ်ရည် ချန်ခဲ့တာကြောင့်ဖြစ်စေ၊ လူ့အရေပြားကို ထိခိုက်စေပြီး ရောင်ရမ်းနာ ဖြစ်လာတာပါ။ ဒါကို လူနာအများစုက ရေယုန်ရောဂါလို့ ထင်မှတ်မှားတတ်ကြပါတယ်။ 

    ဒီရောဂါကြောင့် အရေပြား နီပြီး၊ စပ်ကာ၊ အရည်ကြည်ဖုလေးတွေလည်း ပေါ်လာတတ်တာကြောင့်၊ လူနာတွေနဲ့ တချို့ဆရာဝန်တွေပါ၊ ရေယုန်ရောဂါလို့ ထင်ပြီး မှားကုတတ်ကြပါတယ်။ အဓိက ခွဲဖို့ လက္ခဏာတွေကတော့ ဒီအဆိပ်နဲ့ထိပြီး ရုတ်တရက် အရေပြားအနာ စဖြစ်လာတာ (ဥပမာ - ညကအကောင်း၊ မနက်အိပ်ယာထထချင်းမှ စသိတာ)၊ အကွက်လိုက် အစင်းလိုက် ယားနာလက္ခဏာတွေက ကိုယ်၊ လက်၊ မျက်နှာ စတာတွေမှာ ပေါ်လာပြီး နီနေ၊ စပ်နေတာတွေ ဖြစ်ပါတယ်။ ဒီအနာတွေက ပထမ တရက်မှာ မကုသဘဲ ထားလိုက်လျှင်၊ နောက်တရက်မှာ ချက်ချင်း ပိုဆိုးလာတတ်ပါတယ်။ အကြောင်းက ဒီ မီးပိုးကောင် အဆိပ်ကြောင့် အရေပြားအလွှာအားလုံးကို အက်ဆစ်ကဲ့သို့ စားသွားလို့ပါ။ အနာပုံစံက အလယ်မှာ ဖြူပြီး (အရေပြားအလွှာအားလုံး သေသွားတာကြောင့်)၊ ဘေးနားမှာ နီနေလေ့ရှိပါတယ်။ 

    အဖြစ်များတဲ့ နေရာတွေကတော့ ကိုယ်ခန္တာအပြင်မှာပေါ်နေတဲ့ မျက်နှာ၊ ကိုယ်၊ လက်စတဲ့ အပြင်ပိုင်းတွေဖြစ်ပြီး၊ ကိုယ်ခန္ဓာအတွင်းပိုင်းမှာတော့ အဖြစ်နည်းပါတယ်။ ဒါ့အပြင် ဒီအဆိပ်က အရေပြားအာရုံကြောတွေကိုပါ ထိခိုက်တာကြောင့်၊ အလွန်နာနေ၊ စပ်နေပြီး၊ ယားသလိုလို နေရထိုင်ရခက်စေပါတယ်။ တစ်ရက်နှစ်ရက်ထက် ပိုကြာလာလျှင်တော့၊ အနာတွေက နီရာကနေ ညိုလာပြီး၊ နောက် မဲလာကာ၊ နောက်တဆင့်မှာ ခြောက်လာပြီး၊ အနာဖေးဖြစ်ကာ တဖြည်းဖြည်းကွာကျပြီး၊ နောက်ဆုံး အသားနုတက် အနာပြန်ကျက်လာလေ့ ရှိပါတယ်။ ဒါပေမဲ့ ဒီ ကြားအဆင့်တွေအထိ စောင့်မနေနိုင်ဘဲ၊ အနာစဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ၊ စပ်ပြီး၊ အလွန် ကသိကအောက် ဖြစ်တာကြောင့်၊ ဆေးရုံ၊ဆေးခန်း လာပြကြတာများပါတယ်။ အဆိပ်များများထိလျှင်တော့ အနာပိုကြီးပြီး ပိုနက်ဝင်သွားလေ့ရှိပါတယ်။ 

    အကယ်၍ အနာကို ဂရုမစိုက်ဘဲထားမိပါက၊ နောက်ဆက်တွဲ ဘက်တီးရီးယားပိုးတွေ ဝင်လာတတ်ပါတယ်။ ဒါ့အပြင် ဒီအနာကို ကုတ်ဖဲ့မိတာကြောင့် အညိုအမဲစွဲတာနဲ့၊ မလိမ်းသင့်တာတွေ လိမ်းမိတာကြောင့် အနာပျောက်သော်လည်း အမာရွက်ကျန်တာတွေ ဖြစ်တတ်ပါတယ်။ အနာက မျက်နှာ၊ လက်နဲ့ လည်ပင်းလို အပြင်ပန်းမှာ ဖြစ်လေ့ရှိတာမို့၊ အမာရွတ်ကလည်း ထင်းကနဲ ပေါ်လွင်နေတတ်ပါတယ်။ မျက်နှာမှာဖြစ်လာလျှင် အမာရွတ်ကျန်နိုင်ပြီး ကြည့်ရဆိုးနိုင်တာကြောင့်၊ ကိုယ့်ဟာကိုယ်မကုဘဲ အရေပြားဆရာဝန်နဲ့ အမြန်ကုသသင့်ပါတယ်။ လူနာအနည်းအကျဉ်းမှာတော့ အဆိပ်ပြင်းလွန်းတာကြောင့် အနာက အများကြီးနက်ဝင်နေပြီး၊ အနာပိုရင်းလာကာ၊ မီးလောင်သကဲ့သို့ အရေပြားတလွှာလုံး ကွာလာလျှင်တော့ ဆေးရုံတင် ကုသရလေ့ရှိပါတယ်။ 

    ကုသမူအနေနဲ့ ထိမိတဲ့ အင်းဆက်ပိုးအဆိပ်ကို အမြန်ဆုံး ရေ၊ ဆပ်ပြာနဲ့ ဖွဖွလေး အသာအယာဆေးပြီး ဖယ်ရှားပစ်ဖို့ လိုပါတယ်။ အဆိပ်ကြာကြာထိလေ အနာပြင်းထန်လေ ဖြစ်လို့ပါ။ အထူးအရေးကြီးတာတစ်ခုက အရက်ပျံ လုံးဝမသုံးသင့်ပါဘူး။ အရက်ပျံကြောင့် အနာကို ပိုရင်းပြီး ပိုဆိုးသွားစေကာ၊ အမာရွတ် ကျန်စေနိုင်လို့ပါ။ လိမ်းပေးသင့်တာက ဒီအဆိပ်ကို ပြေစေတဲ့ အိုင်အိုဒင်းပါတဲ့၊ တင်ချာအိုင်အိုဒင်းနဲ့ ဘီတာဒင်း (Betadine) ဆေးရည်တွေပါ။ ဒါ့အပြင် ပိုးမဝင်နိုင်အောင် ပဋိဇီဝ ပိုးသတ်ဆေးလိမ်းဆေး၊ အယားပျောက်ဆေး၊ အရောင်ကျဆေးတွေတွဲပေးပြီး၊ ရေခဲအဝတ်ကပ်ပေး တာပါလုပ်ပေးနိုင်ပါတယ်။ အခုလို စနစ်တကျကုသလျှင် အနာမြန်မြန်ကျက်ပြီး၊ ရက်ပိုင်းအတွင်း (၅ ရက်မှ ၁၀ ရက်အတွင်း) ပျောက်သွားနိုင်ပါတယ်။ 

    ကာကွယ်ဖို့အတွက် မီးပိုးကောင် အရေအတွက် နည်းသွားအောင် အင်းဆက်သတ်ဆေးဖြန်းတာ၊ အင်းဆက်ပိုး ခိုအောင်းနိုင်တဲ့ ပိတ်လှောင်တဲ့နေရာတွေကို ရှင်းလင်းပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အင်းဆက်ပိုး အနားမလာနိုင်အောင်၊ ပြူတင်းပေါက်တွေ ပိတ်ထားတာနဲ့ အင်းဆက် လာမထိစေတဲ့ ဆေးရည်လိမ်းတာတွေ လုပ်ပေးသင့်ပါတယ်။ ပိုးကောင်လေးတွေ့လျှင်လည်း လက်နဲ့ မခြေမိဖို့ လိုပါတယ်။ 

    သတိပြုလိုက်နာရမည့်အချက်များမှာ -  

    • အရင်ဆုံး မီးပိုးကောင် ကိုယ့်ကိုယ်ပေါ်ကို တက်လာပြီ ဆိုတာနဲ့ လက်နဲ့ မထိပါနဲ့။ လက်နဲ့ ပွတ်မိရင် အရည်တွေထွက်လာပြီး အရေပြားကို လောင်စေတာကြောင့် အရည်ကြည်ဖုတွေ ပေါက်နိုင်လို့ပါ၊၊ဒါကြောင့် စိတ်ချရတဲ့ တစ်နေရာကို သွားပြီး လေနဲ့ မှုတ်ချလိုက်ပါ။ 
    • တကယ်လို့ မတော်တဆ ပွတ်မိတယ် ဆိုရင်လည်း ရေနဲ့ ဆပ်ပြာနဲ့ နိုင်နိုင်ဆေးပါ။ 
    • နီနေတယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တယ် ဆိုရင် ရေခဲကပ်ပါ။ 
    • ယားတယ်ဆိုရင် anti histamine သောက်ပါ။ (ဥပမာ ဘာမီတွန်
    • စတီးရွိုက် လိမ်းဆေး လိမ်းပါ။ 
    • ကယ်လမင်း လိုးရှင်း လိမ်းပါ။ 
    • လိုအပ်ပါက ပိုးသတ်ဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရပါမယ်။ 

    ဆရာဝန်ကြီး ဒေါက်တာစိုးဝင်းဦး ထံမှ ကောက်နှုတ်ဖော်ပြသည်။ 

    ✦✦✦✦✦✦✦✦ 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 

    စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
likes
11
comments
0
views
2792