မုတ်သုံဆုတ်ခွာမည့်ရက်နောက်ကျနိုင်ပြီး မုတ်သုံနောက်ကျမိုးတွေ ဆက်ရွာနေနိုင်
လက်ရှိ La Niña ဖြစ်နိုင်ချေ ၇၁% နဲ့ IOD negative အခြေအနေများကြောင့် စက်တင်ဘာလနဲ့ အောက်တိုဘာလ လကုန်ရက်များအထိ စိုထိုင်းဆ မြင့်မားပြီး၊ မိုးရွာနိုင်ခြင်းကို အားပေးသည့်ရာသီဥတုအခြေအနေဖြစ်လာနိုင်သည့်အတွက်၊ မုတ်သုံဆုတ်ခွာမည့်ရက်နောက်ကျနိုင်ပြီး မုတ်သုံနောက်ကျမိုး(Late monsoon rainfall) တွေ ဆက်ရွာနေနိုင်ပါတယ်။ အလယ်ပိုင်းမိုးနည်းရေရှားဒေသတွေမှာ ရွာသွန်းမြဲအထက်မိုးရေချိန် ရရှိနိုင်ပါတယ်။
====
အောက်တိုဘာလ ၁၀ ရက်နောက်ပိုင်း တနိုင်ငံလုံးမှမုတ်သုံအပြီးဆုတ်ခွာတဲ့အခါ မြန်မာနိုင်ငံအတွက်ဒီနှစ်(၂၀၂၅ ခုနှစ်) မိုးနှောင်းကာလကုန်ဆုံးပြီး “မိုးလွန်ကာလ”ကို ရောက်ရှိလာမှာဖြစ်ပါတယ်။
မိုးလွန်ကာလ = မုတ်သုံအပြီးသတ်ဆုတ်ခွာရက် ခန့်မှန်း-အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ
ပုံမှန်ဖြစ်မြဲအပူချိန်အောက် အနည်းငယ်ကျဆင်းကာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်မည့်အခြေအနေများလည်း ဆက်ရှိနေနိုင်ပါတယ်။
မိုးနှောင်း/မိုးလွန်ကာလ စပါးရိတ်သိမ်းချိန်တွေမှာ ကပ္ပလီပင်လယ်၊ ဘင်္ဂလားပင်လယ်အော်၊ တောင်တရုတ်ပင်လယ်၊ အာရေဗျပင်လယ်နဲ့ ထိုင်းပင်လယ်ကွေ့တွေမှာ ဖြစ်လာနိုင်တဲ့ ထူးခြားမိုးလေဝသအခြေအနေသက်ရောက်မှုတွေက အောင်ရေ ရရှိနိုင်ခြင်းထက် ဖျက်မိုးအန္တရာယ်ပေးနိုင်သည်ကို သတိပြုရပါမယ်။
ဖျက်မိုး အချိန်အခါမဟုတ်မိုးတွေကြောင့် ရေထုတ်မပေးနိုင်သော၊ ရေဝင်/ရေထွက်ကောင်းအောင် မြေပြင်အနိမ့်အမြင့်ကိုပြုပြင်မထားနိုင်သော လယ်ကွင်းတွေမှာ ရေဝပ်ပြီး စပါးခင်းများရေမြုပ်နိုင်သည့် အန္တရာယ်ကို သတိထားစောင့်ကြည့်ကြရပါမယ်။
(အောက်တိုဘာ ၁၁ ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်သုံးသပ်ချက်)
This is "FORECAST" - We need to "MONITOR"Win Naing
Administration Team,
MMWEATHER,
------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း