ခရမ်းပင်ခေါင်ညွှန့်ညှိုးပြဿာနာ အဖြေရှာ
ဖိုးသားလေးရဲ့ မေးမြန်းချက် -
ခရမ်းပင် အညွှန့်တွေ ခုလိုဖြစ်နေလို့ ဘာဆေးဖြန်းရမလဲထွက်တိုးဆရာတို့ အကြံဉာဏ်ပေးပါအုံး။
ထွက်တိုးမှ ပြန်လည်ဖြေကြားချက် -
ခေါင်ညွန့်ထိုးပိုးကျနေတာဖြစ်ပါတယ်။ ပိုးကျပြီး ညှိုးခြောက်နေတဲ့ ခေါင်ညွှန့်ကို ရိုးတံအဆုံးကနေကပ်ပြီး ဖြတ်ပေးပါ။ ကြွေကျနေတဲ့ အရွက်ခြောက်တွေ ပေါင်းမြက်တွေကို သေချာရှင်းလင်းမီးရှို့ပစ်ပါ။ ခေါင်ညွှန့်ထိုးပိုးက ရုပ်ဖုံးကို အဲ့ဒီရွက်ခြေက်အမှိုက်သရိုက်တွေကြားထဲမှာ ပြုလုပ်ပြီး နောက်ရာသီ အခြေအနေပေးရင် ပြန်လည်ပွားတတ်ပါတယ်။ သီးလုံးဖောက်ပိုးကျခဲ့ရင်လည်း အသီးမှာအပေါက်လက္ခဏာပါတဲ့ အသီးတွေကို တစ်ခါတည်းရှင်းပေးပါ။ စိုက်ခင်းထဲမှာမထားခဲ့ပါနဲ့။ ခေါင်ညွန့်ထိုးပိုးအတွက် Profenofos, Lambda cyhalothrin, Chlorantraniliprole အဆင်ပြေရာကို ရွေးချယ်နိုင်ပါတယ်။
---------
စိုက်ပျိုးရေးနှင့် ပတ်သတ်တဲ့ အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း