cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးကန်ရေအပူချိန် အစာစားနှုန်းနှင့်မျိုးပွားနှုန်းပေါ် သက်ရောက်မှု

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးကြင်း၊ ငါးသိုင်းနှင့် ငါးမြစ်ချင်းငါးများသည် အပူချိန် 13℃မှ 36℃ အတွင်း၊ ရွှေဝါ ငါးကြင်း သည် 0 ℃ မှ 39 ℃ အတွင်းနှင့် တီလားပီးယားငါးသည် 13℃ မှ 39℃ အတွင်းတွင် အကောင်းဆုံးဖြစ်ပါသည်။
  • အလင်းရောင်ကျရောင်ခြင်း (တနည်း)နေရောင်ခြည်ကျရောက်ခြင်းကြောင့် ကန်အတွင်း ရေအပူချိန်ကို ပြောင်းလဲစေပါသည်။ နေရောင်ခြည်ကို ရေမှစုပ်ယူပြီး ကန်အတွင်း နေရာအနှံ့သို့ ပြန့်နှံ့စေပါသည်။ ရေအတွင်း အပူဓာတ်ကိုရရှိစေပြီး၊ အစာထုတ်လုပ်မှုအတွက် စွမ်းအင်ကို ဖြည့်စွမ်းပေးပါသည်။ ရေသတ္တဝါများ၏ ရုပ်သွင်ပြောင်းလဲနှုန်း နှင့် လိုအပ်သော ဓာတ်ပြုမှုအပေါ် အကျိုးသက်ရောက်စေပါသည်။ ကန်အတွင်းရေသည် အလင်းရောင်ရရှိမှု အနည်းအများပေါ်မူတည်ပြီး အစာချက်လုပ်ခြင်း (အလင်းမှီ အစာစုဖွဲ့ခြင်း)ကို ဆောင်ရွက်ကြပါသည်။

                 ကန်ရေ၏အပူချိန်သည် ရုပ်သွင်ပြောင်းလဲခြင်း၊ အစာစားခြင်း နှင့်မျိုးပွားခြင်းတို့အတွက် အရေးပါသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ ငါးကန်တခု၏ရေအပူချိန်သည် လိုအပ်သောအပူချိန်ထက်လျှော့နည်းနေပါက၊ငါးများ အစားနှုန်းကျဆင်းတတ်ပါသည်။ ပုံမှန်အားဖြင့် ကန်ရေအပူချိန်သည် ၂၄ဒီဂရီစင်တီဂရိတ်မှ ၃၂ဒီဂရီစင်တီဂရိတ် အတွင်းတွင် အစာစားနှုန်း ကောင်းပါသည်။ သို့သော် ငါးမျိုးစိတ်အလိုက် အစားနှုန်း၏ ကန်ရေအပူချိန်သည် မတူ ညီနိုင်ကြောင်းတွေ့ရှိရပါသည်။ ငါးကြင်း၊ ငါးသိုင်းနှင့် ငါးမြစ်ချင်းငါးများသည် အပူချိန် 13℃မှ 36℃ အတွင်း၊ ရွှေဝါ ငါးကြင်း သည် 0 ℃ မှ   39 ℃ အတွင်းနှင့် တီလားပီးယားငါးသည် 13℃ မှ  39℃ အတွင်းတွင် အကောင်းဆုံးဖြစ်ပါသည်။ ကန်ရေအပူချိန်မြင့်မားပါက အောက်စီဂျင်လျှောကျလာပြီး၊ ငါးများသုံးစွဲမှုများလာ ပါသည်။ အပူချိန်ကျဆင်းပါက ပျော်ဝင်အောက်စီဂျင် ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် ကန်ရေ အပူချိန် မြင့်တက်ပါက ရေမောင်းခြင်း၊ ရေပြန်ချခြင်း နှင့်ရေသွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    --------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
11
comments
0
views
3095