cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း အောက်တိုဘာလ ၁၇ ရက် မှ အောက်တိုဘာလ ၂၃ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခုတပတ်အတွင်း မန္တလေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အတော်များများမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနေနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး ရေစီးရေလာမကောင်းသည့် ရပ်ကွက်/ဒေသတွေမှာ ခေတ္တမျှ ရေကြီး/ရေလွှမ်းနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·         အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း၊ Tr၀pospheric levels ၏ ထက်ဝက်အမြင့် (၆ ကီလိုမီတာအမြင့် ပေ ၂၀၀၀၀ ခန့်) အထိ ဆက်စပ်လျှက်ရှိသော လေပွေလှိုင်းတခု ဖြစ်ပေါ်လျှက်ရှိကြောင်းတွေ့ရပြီး ဘင်္ဂလားပင်လယ်အော်မှာ တိမ်ထူထပ်နေကြောင်းပါရှိပါတယ်။ 

    ·         အဲ့ဒီထုတ်ပြန်ချက်မှာပဲ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်ကြောင်းပါရှိပါတယ်။ 

    ·         သင်္ချာပုံစံပြုကြိုတင်ခန့်မှန်း model တွေအရ အောက်တိုဘာ ၂၂ ရက်နေ့မှစတင်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တို့ထိစပ်သည့် အန်ဒါမန်ကျွန်းစုတောင်ဘက်မှာ လေပွေလှိုင်းတခုစတင်ဖြစ်ပေါ်ပြီး၊ အနောက်ဘက်အရပ် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ဘက်ကို ဆက်လက်ရွေ့လျားကာ ပိုမိုအားကောင်းလာပြီး အောက်တိုဘာ ၂၄ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်ပေါ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားတာတွေ့ရပါတယ်။ 

    ·         လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းမှာ Depression အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပါတယ်။ 

    ·         အောက်တိုဘာ ၁၉ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီးတဲ့နောက် တောင်တရုတ်ပင်လယ်အတွင်းဝင်ရောက်လာမည့် အပူပိုင်းလေဖိအားနည်းရပ်ဝန်း (Tropical Depression 29W မူလအမည် INVEST-96W)က အောက်တိုဘာ ၂၃ ရက်နေ့မှာ ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ရန် ချဉ်းကပ်လာပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းစတင်ဖြစ်လာချိန်နှင့် တိုက်ဆိုင်လျှက်ရှိပါတယ် 

    ·         အောက်တိုဘာ ၂၃ ၂၄ ရက်နေ့တွေအထိ တောင်တရုတ်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာဖြစ်ပေါ်လာမည့် လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း တို့၏ မုန်တိုင်းအရှိန်သက်ရောက်မှုများ မြန်မာနိုင်ငံအပေါ်ကျရောက်နိုင်ခြင်းမရှိကြောင်းတွေ့ရပါတယ်။ 

    ·         ကမ်းနီးပင်လယ်ပြင်များမှာတော့ အောက်တိုဘာ ၂၃-၂၄ ၂ ရက် မှာ လှိုင်း/လေပြင်းထန်နိုင်ပါတယ်။ ပင်လယ်ပြင်မှာ အရှေ့ဘက်မှ လေပြင်း တနာရီ မိုင် ၃၀ ခန့်နဲ့ လှိုင်းအမြင့် ၆ ပေခန့်ရှိနိုင်ပါတယ်။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·         မန္တလေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အချို့အနက် 

    §  ကျောက်ဆည်၊ မိတ္ထီလာ၊ ရမည်းသင်းမြို့နယ်/ခရိုင်တွေမှာ ၇ ရက်တပတ်အတွင်း မိုးရေချိန် ၄ လက်အထက် 

    §  မြင်းခြံ၊ သာစည်၊ မလှိုင်၊ ညောင်ဦး မြို့နယ်/ခရိုင်တွေမှာ ၇ ရက် တပတ်အတွင်း မိုးရေချိန် ၃ လက်မအထက် 

    §  နထိုးကြီး၊ မန္တလေး၊ ဝမ်းတွင်း၊ ပျော်ဘွယ် မြို့နယ်/ခရိုင်တွေမှာ ၇ ရက်တပတ်အတွင်း မိုးရေချိန် ၂ လက်မအထက် 

    §  မတ္တရာ၊ အမရပူရ၊ ပြင်ဦးလွင်၊ စဉ့်ကူး၊ တောင်သာ၊ ငါန်းဇွန် မြို့နယ်/ခရိုင်တွေမှာ ၇ ရက်မိုးရေချိန် ၁ လက်မအထက် 

    စသည်ဖြင့် မိုးရေချိန်များ ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·         ယခုတပတ်အတွင်း မန္တလေးတိုင်းအတွင်းမှ မြို့နယ်/ခရိုင်အတော်များများမှာ မိုးအနည်းငယ်မှ မိုးအသင့်အတင့် ဆက်လက်ရွာသွန်းနေနိုင်ပြီး နေရာကွက်၍ မိုးသည်းထန်နိုင်ပြီး ရေစီးရေလာမကောင်းသည့် ရပ်ကွက်/ဒေသတွေမှာ ခေတ္တမျှ ရေကြီး/ရေလွှမ်းနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·         ပျမ်းမျှခြင်းအားဖြင့် အမြင့်ဆုံးနေ့အပူချိန် ၃၀°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး တောင်ပေါ်ဒေသတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၈°C မှ ၁၀°C အထိလျော့နည်းနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၄°C ခန့် လျော့နည်းနိုင်ပါတယ်။ 

    ·         မန္တလေးတိုင်းအတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၅ မိုင်ခန့်အထိရှိနိုင်ပြီး၊ 

    ·         နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၇၀% မှ ၉၀% ရှိနေနိုင်ပါမယ်။ 

    ·         လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်း မတ္တရာမြို့နယ်/ခရိုင်အတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၄၀°C အထိရှိနိုင်၊ ပူအိုက်နေနိုင်ပါတယ်။ 

    မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၄၀ အောက်မှာရှိနေနိုင်ပြီး ကျန်းမာရေးအန္တရာယ်ဖြစ်စေနိုင်သော level မဟုတ်၍ စိုးရိမ်ရန်မလိုပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER,  

    မန္တလေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးရာတွင် စုပ်စားပိုးကျရောက်နေပါက နောက်ပိုင်းတွင် နောက်ဆက်တွဲအနေဖြင့် အရွက်တွန့်လိမ်ဗိုင်းရက်စ်ရောဂါကျရောက်လာတတ်၍ ကြိုတင် ကာကွယ် ပေးပါ။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • အရွက်သေးတွန့်လိမ်တဲ့လက္ခဏာပြတဲ့အပင်စတွေ့လျှင် ချက်ချင်းဖယ်ရှားရှင်းလင်းပါ။ 
    • ရောဂါကျအပင်များရှင်းလင်းပြီးမှ ပိုးသတ်ဆေးဖျန်းတာပိုထိရောက်ပါတယ်။ 
    • စိုက်ခင်းအစိုဓါတ်ရှိအောင်ထိန်းထားပေးပါ။ 
    • အပင်ပေါ်မှ ရေဖျန်းပေးတာမျိုးလုပ်ပေးပါ။ 
    • Spinosad, Spirotetramat, Dinotefuran စတဲ့ ပိုးသတ်ဆေးများကို တလှည့်စီဖျန်းပြီး စုပ်စားပိုးများကိုကာကွယ်နိုင်ပါတယ်။ 

    ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက်   

    - ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။   

    - သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။  

    - ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပ က သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။ 

    --------- 

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
6
comments
0
views
3760