ရန်ကုန်တိုင်း တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် ငါးမွေးမြူသူများထံ အကြံပြုချက်
- ရန်ကုန်တိုင်း အောက်တိုဘာလ ၂၀ ရက်မှ အောက်တိုဘာလ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ - တောင်တရုတ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ - တောင်တရုတ်ပင်လယ် - · တောင်တရုတ်ပင်လယ်သို့ဝင်ရောက်လာသည့် အပူပိုင်းမုန်တိုင်း FENGSHEN သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၂၀ ရက် ညတွင် အားကောင်းသောအပူပိုင်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ အောက်တိုဘာ၂၁ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း တဆင့်ပြီးတဆင့် အားကောင်းလာနိုင်ပါတယ်။ - · မုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၂ ရက် ည တွင်၊ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့အရှေ့ဘက် မိုင် ၁၆၀ ခန့်တွင် အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားပြီး ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကမ်းခြေကို ဒါနန်းမြို့တောင်ဘက် မိုင် ၈၀ ခန့်မှ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် မုန်တိုင်းအကြွင်းအကျန်လေပွေလှိုင်းသည် ကမ္ဘောဒီးယားနိုင်ငံမြောက်ပိုင်းအထိ ရွေ့လျားရောက်ရှိလာနိုင်မည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းချက်များအရ သိရပါတယ်။ - ဘင်္ဂလားပင်လယ်အော် - · အောက်တိုဘာ ၁၉ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်တောင်ပိုင်း၊ အထက်အမြင့်ပေ ၅၀၀၀ ခန့်တွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်လည်းကောင်း၊ ၄၈ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Depression)အဖြစ်သို့လည်းကောင်း ရောက်ရှိလာနိုင်ပါတယ်။ - မြန်မာနိုင်ငံဘက်သို့ သက်ရောက်နိုင်သည့် အခြေအနေများ - · တောင်တရုတ်ပင်လယ်မှ မုန်တိုင်း FENGSHEN အကြွင်းအကျန်များနှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်မှုကြောင့် - နောက်လာမည့် ၇ ရက်(အောက်တိုဘာ ၂၀ ရက် မှ ၂၆ ရက်အတွင်း) တနင်္သာရီတိုင်း၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး တနင်္သာရီတိုင်းတွင် ၇ ရက်အတွင်း မိုးရေချိန် ၇.၁ လက်မ မှ ၈.၇ လက်မ၊ မွန်ပြည်နယ်တွင် ၇ ရက်အတွင်း မိုးရေချိန် ၆.၃ လက်မ မှ ၇.၉ လက်မ၊ ရခိုင်ပြည်နယ်တွင် ၇ ရက်အတွင်း မိုးရေချိန် ၅.၁ လက်မ မှ ၇.၁ လက်မအထိ ရွာသွန်းရရှိနိုင်ပါတယ်။ - · မကွေးတိုင်းနှင့် နေပြည်တော်ဧရိယာအတွင်း ၇ ရက် မိုးရေချိန် ၁.၆ လက်မ မှ ၂.၈ လက်မအထိ မိုးအနည်းငယ်သာရွာသွန်းရရှိနိုင်ပါမယ်၊ - · အချုပ်အားဖြင့် ယခုရက် သတ္တပါတ်တပတ်အတွင်းမှာ မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းတို့၏ သက်ရောက်နိုင်မည့်အခြေအနေမများနိုင်၊ မိုးထစ်ချုန်းရွာပြီးသည်းထန်နိုင်သည့်ဧရိယာများရှိနိုင်သော်လည်း အချိန်မကြာနိုင်၊ မိုးရေချိန်များနိုင်မည်မဟုတ်ပါ၊ နေရာကွက်၍ ခေတ္တခဏမိုးသည်းထန်နိုင်သည့်အခြေအနေ၊ ရုတ်တရက်လေပြင်းတိုက်ခတ်နိုင်သည့်အခြေအနေများကိုတော့ မပြတ်သတိထားကြစေချင်ပါတယ်။ - ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · ရန်ကုန်တိုင်းအတွင်း ၇ ရက်အတွင်း မိုးရွာသွန်းနိုင်သည့်ခန့်မှန်းချက်တွင် မြို့နယ်အားလုံး၏ ၇ ရက် ပျမ်းမျှမိုးရေချိန် 9.4mm (၀.၃၇ လက်မခန့်သာ)ရှိနိုင် မိုးနည်းနိုင်ပြီး အောက်တိုဘာ ၂၉ ရက်နေ့အထိ နေ့အပူချိန်များအနည်းငယ်မြင့်တက်လာနိုင်ပါတယ်။ - · ရန်ကုန်မြောက်ပိုင်းမှ မြို့နယ်/ခရိုင်များဖြစ်သော - ထန်းတပင်၊ လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ မင်္ဂလာဒုံမြို့နယ်များတွင် ၇ ရက်အတွင်းမိုးရေချိန် ၀.၅ လက်မ ခန့်နှင့် တောင်ပိုင်းမှ မြို့နယ်/ခရိုင်များနှင့် ရန်ကုန်မြို့တွင်းမှ မြို့နယ်အများစုတွင် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၀.၃ လက်မခန့်သာရှိနိုင်၊ မိုးအလွန်နည်းနေနိုင်ပါမယ်။ - · အောက်တိုဘာလ လကုန်ရက်များ ၂၉/၃၀/၃၁ နှင့် နိုဝင်ဘာလဆန်းပိုင်း ရက်အနည်းငယ်မှာ မိုးအနည်းငယ်ပြန်ရွာနိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ အောက်တိုဘာလ ၁၉၊ ၂၀၊ ၂၁ ရက်နေ့တွေမှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၃၉°C မှ ၄၀°C အထိရှိနိုင်ပါမယ်။ - · ယခု ၁ ပတ်အတွင်း အရှေ့နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂ ပေ ခန့်ရှိနိုင်ပါတယ်။ - · ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၇၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၅% ရှိနိုင်ပါတယ်။ - · ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်း၊ အနောက်ပိုင်းခရိုင်များတွင် အောက်တိုဘာ ၂၁ ရက်နေ့ ညနေပိုင်းနှင့် ည ပိုင်းအချိန်များအတွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း အမြင့်ဆုံး(AQI value) “၁၀၀” အထက်တွင် ရှိနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သူများအတွက် သတိထားရမည့် AQI အညွှန်းကိန်းဖြစ်ပါတယ်။Win Naing - Administration Team, - MMWEATHER, - ငါးကန်ရေနောက်ကျိခြင်း ပြုပြင်ရန် - ငါးကန်များ ရေနောက်ကျိ မှုသည် ငါးမွေးမြူရေးကို ထိခိုက်စေနိုင်သော ရူပဆိုင်ရာအချက်တစ်ခုဖြစ်ပါ သည်။ ရေနောက်ကျိရခြင်း အချက်(၂)ချက်တွေ့ရှိရပါသည်။ (၁) ရွှံ့ကြောင့်ရေနောက်ကျိခြင်း(Clay Turbidity) (၂) အပင်မျှောလှေးကြောင့်ရေနောက်ကျိခြင်း(Phytoplankton Turbidity) - ရွှံ့ကြောင့်နောက်ကျိရခြင်းတွင် သဘာဝအားဖြင့် ကန်ရေ၏ ရွှံ့နွံအနယ်အနှစ်များခြင်းကြောင့် ဖြစ်ပါ သည်။ ရွှံ့စေး (၆၀)ရာခိုင်နှုန်းအထက်ပါရှိသော ငါးကန်များ မိုးရွာချိန်တွင် ရွှံ့နွံ့ကြောင့် ကန်ရေနောက်ကျိနိုင် ပါသည်။ - ရွှံ့နွံကြောင့် ရေနောက်ကျိပါက - ကန်တစ်ဧကနှင့် ရေအနက် တစ်မီတာ (၃)ပေ ရှိပါက (က)ကျောက်ချည် (၁၂ -၂၄)ပိဿာ (သို့မဟုတ်) ထုံး (၆၀ -၁၂၀)ပိဿာ ထည့်ပေးပါ ။ - --------- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
