ငါး၊ ပုစွန်မွေးမြူရေးကန်၏ ရေချဉ်ဖန်နှုန်းအကြောင်း
ယခင်ထွက်တိုးတွင် ရေ၏ချဉ်ဖန်နှုန်းအကြောင်းကို ရှင်းပြခဲ့ ပါသည်။ ငါး၊ ပုစွန် မွေးမြူရေးကန်တစ်ခု၏ ရေ၏ချဉ်ဖန်နှုန်းသည် (၆)မှ (၉)အတွင်း ရှိသင့်ပါသည်။ သို့သော် (၇.၅) မှ (၈.၅) အတွင်းရှိပါက အကောင်းဆုံးဖြစ်ပါသည်။
ရေ၏ချဉ်ဖန်နှုန်းအတက်အကျသည် ကန်၏ရုပဆိုင်ရာအချက်အလက်များပေါ်တွင်မူတည်နေကြပါသည်။ ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းရခြင်း ( PH 6) အောက်သို့ ကျဆင်းရခြင်းသည် (၁) အောက်ခံမြေသားအက် စစ်ဆန်နေခြင်း၊ (၂) ကန်အောက်ခြေတွင် အညစ်အကြေး များနေခြင်း၊ (၃)ကန်အတွင်း မိုးရေများနေခြင်း၊ (၄)ကျောက်ချဉ် အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။
ထိုအတူ ကန်ရေချဉ်ဖန်နှုန်း (PH 9 )အထက် ၁၀ နှင့် ၁၁ ဖြစ်ရခြင်းအကြောင်းမှာ (၁)ထုံး အလွန်အကျွံ သုံးစွဲခြင်း၊ (၂)မြေဩဇာ အလွန်အကျွံ သုံးစွဲခြင်း၊ (၃)အစာအလွန်အကျွံ ကျွေးခြင်း၊ (၄)အစာအေလအလွင့် များခြင်း နှင့် (၅) အောက်ခံမြေသား ချဉ်ဖန်နှုန်းမြင့်တက်နေခြင်း (တနည်း)ထုံးမြေဆန်ခြင်း တို့ကြောင့် ဖြစ်ပါသည်။
ဦးစန်းအောင်
ထွက်တိုး
--------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း