မန္တလေးတိုင်း အောက်တိုဘာလ ၂၄ ရက် မှ အောက်တိုဘာလ ၃၀ ရက်အထိ မိုးလေဝသအခြေအနေ
- ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ - · ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လေပွေလှိုင်း(Upper Air Cyclonic Circulation – UACC)တခု စတင်ဖြစ်ပေါ်ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု အောက်တိုဘာ ၂၄ ရက်နေ့တွင် ဖြစ်ပေါ်လာနိုင်ပါတယ်။ အောက်တိုဘာ ၂၄ ရက် မှ နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ပိုမိုအားကောင်းလာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ အောက်တိုဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။ - · သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် ECMWF, GFS နှင့် ICON model များ၏ ခန့်မှန်းချက်အရ အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး၊ အောက်တိုဘာ ၂၈ ရက် ညနေပိုင်း၊ အိန္ဒိယနိုင်ငံအရှေ့ဘက် အန်ဒရာပရာဒက်ရှ်ကမ်းခြေအနီး၊ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းပင်လယ်ပြင်မှာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Deep Depression – DD) မုန်တိုင်းငယ်အဆင့်အထိရောက်လာနိုင်ကြောင်း ခန့်မှန်းပါတယ်။ - · မုန်တိုင်းငယ်သည် အောက်တိုဘာ ၂၈ ရက် ည မှာ အန်ဒရာပရာဒက်ရှ်ပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ပြီး အိန္ဒိယနိုင်ငံကုန်းတွင်းမှာ မြောက်-အရှေ့မြောက်သို့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဆက်လက်ရွေ့လျားနိုင်ကြောင်း model များမှ တွက်ချက်ခန့်မှန်းထားပါတယ်။ - · တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သော အပူပိုင်းမုန်တိုင်း FENGSHEN သည် အောက်တိုဘာ ၂၃ ရက် ည မှာ ဗီယက်နမ်ကမ်းခြေကို ဒါနန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ပြီး အောက်တိုဘာ ၂၄ ရက် နံနက်အစောပိုင်းတွင် လာအိုနိုင်ငံတောင်ပိုင်းမှာ အားပျော့ပျက်ပြယ်သွားနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များက ခန့်မှန်းထားပါတယ်။ - · ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်နှင့် တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်း FENGSHEN တို့၏ အကြွင်းအကျန်များသည် မြန်မာနိုင်ငံအပေါ်သက်ရောက်မှုအနည်းငယ်သာရှိနိုင်ပြီး - - - ဘင်္ဂလားပင်လယ်အော်နှင့် ကမ်းရိုးတန်းအနီးဖြစ်ပေါ်နိုင်သည့် လေပွေလှိုင်းများကြောင့် ရခိုင်ပြည်နယ်တွင် မိုးအများဆုံး(၇ ရက်အတွင်း မိုးရေချိန် ၆.၃၆ လက်မအထိ ရွာသွန်းရရှိနိုင်ပါတယ်။ - - ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် မွန်-တနင်္သာရီကမ်းရိုးတန်းဒေသများတွင် ၇ ရက်အတွင်းမိုးရေချိန် ၂ လက်မအထက် ရွာသွန်းနိုင်ပြီး နေရာကွက်၍မိုးသည်းထန်နိုင်ပါမယ်။ - - ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ၇ ရက်အတွင်း မိုးရေဃျိန် ၁ လက်မအထက်မှ ၂ လက်မ နီးပါးအထိ ရွာသွန်းရရှိနိုင်ပါမယ်။ - - စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် နေပြည်တော်ဧရိယာတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မအောက်ရွာသွန်းနိုင်ပြီး မိုးနည်းနေပါမယ်။ - ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ - · မန္တလေးတိုင်းတခုလုံး၏ ၇ ရက် ပျမ်းမျှမိုးရေချိန် ၁.၀၂ လက်မ၊ မိုးနည်း/မိုးအလွန်နည်းပါမည်။ - · ပြင်ဦးလွင်နှင့် မိုးကုတ်တောင်ကုန်းမြင့်ဒေသများတွင် မိုးတိမ်များသည် တောင်ကုန်းများဘက်သို့ရွေ့လျားသည့်အခါ အထက်ပင့်လေစီးကြောင်းကြောင့် အမြင့်ပိုင်းသို့ရွေ့လျားရောက်ရှိပြီး ပြင်ပအပူချိန်ကျဆင်း၍ ငွေ့ရည်ဖွဲ့အမှတ်အပူချိန်သို့ရောက်သည့်အခါ မိုးရွာသွန်းနိုင်သော (Orographic Lift effect) ကြောင့် ယခုတပတ်အတွင်းမိုးရေချိန်ရွာသွန်းရရှိမှု အများဆုံးဒေသများဖြစ်နိုင်ပါမယ်။ - · အလယ်ပိုင်းမိုးနည်းရေရှားလွင်ပြင်ဒေသများဖြစ်သည့် မြင်းခြံ၊ ညောင်ဦးတို့တွင် မိုးအလွန်နည်းပြီး၊ ၇ ရက်-မိုးရေချိန် လက်မဝက်ခန့်သာရွာသွန်းရရှိနိုင်ပါတယ်။ - · မန္တလေးမြို့ပေါ်နှင့် ကျောက်ဆည်၊ မတ္တရာ ဧရိယာအတွင်း မိုးအသင့်အတင့်ရွာသွန်းနိုင်ပြီး ၇ ရက်အတွင်း မိုးရေချိန် ၁ လက်မနီးပါးခန့်နှင့် ၁ လက်မအထက် ရွာသွန်းရရှိနိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ - · ပျမ်းမျှခြင်းအားဖြင့် အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး တောင်ပေါ်ဒေသတွေမှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C ခန့် ရှိနိုင်ပါတယ်။ - · မန္တလေးတိုင်းအတွင်းမှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိရှိနိုင်ပြီး၊ - · နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၅၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၉၀% ရှိနေနိုင်ပါမယ်။ - · လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်းမြောက်ပိုင်း မတ္တရာမြို့နယ်/ခရိုင်အတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၉°C အထိရှိနိုင်၊ ပူအိုက်နေနိုင်ပါတယ်။ - မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value သည် Good to Moderate Level အသင့်အတင့်မှ ကောင်းသောအဆင့်တွင် ရှိနေပြီး စိုးရိမ်ရသည့် အခြေအနေမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - ငါးကန်များတွင် ရေကြည်နှုန်းတိုင်းတာခြင်း - ငါး၊ ပုစွန်မွေးမြူရေးကန်အတွင်း အပင်မျှောလှေးရှိသင့်သောအခြေအနေကို ရေကြည်နှုန်း တိုင်းသော ကိရိယာ(Secchi-disc) ဖြင့် တိုင်းတာပြီး ၊ အပင်မျှောလှေး များ ၊မများ ကိုသိရှိနိုင်ပါသည်။ အပင်မျှောလှေး နည်းနေပါကလည်း အပင်မျှောလှေး ပေါက်ဖွားနှုန်းကောင်းစေရန် မြေဩဇာများထပ်မံဖြည့်သွင်းနိုင်သည်။ အပင် မျှောလှေးများနေပါကလည်း အစာကျွေးခြင်းရပ်ဆိုင်းခြင်း နှင့် အပင်မျှောလှေးလျော့ထုတ်ခြင်းကို ဆောင်ရွက် ရပါမည်။ - ရေကြည်နှုန်းသည် 20 cm (၈)လက်မအောက်လျော့နည်းနေပါက ကန်ရေ၏အရောင်သည် အလွန်စိမ်းပြီး အောက်စီဂျင်ပြဿနာတက်နိုင်ပါသည်။ ရေများများလဲပေးရပါမည်၊ အစာလျှော့ကျွေးပေးရပါမည်။ ရေကြည်နှုန်း 30cm (၁၂)လက်မ) မှ 40 cm(၁၆) လက်မအတွင်းရှိပါက အပင်မျှောလှေး လုံလောက်စွာရရှိနေခြင်းဖြစ်ပါသည်။ ရေကြည်နှုန်း 40 cm(၁၆)လက်မမှ 60 cm (၂၄)လက်မ အတွင်းရှိပါက ကန်အတွင်း အပင်မျှောလှေး နည်းပါးသွားပါသဖြင့် မြေဩဇာထပ်မံထည့်သွင်း ခြင်းကိုဆောင်ရွက်နိုင်ပါသည်။ - ------------ - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
