တန်ဖိုးမြှင့်ထုတ်ကုန် ပိုးစာသီး၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ
- ပိုးစာသီးသည် ပိုးစာပင်မှရရှိသည့် အသီးဖြစ်ပါသည်။ ပိုးစာပင်သည် ပိုးထည်များကို ရက်လုပ်ရန် အတွက် ပိုးချည်မျှင်ကလေးများကိုထုတ်ပေးသည့် ပိုးကောင်ကလေးများစားသုံးသည့် အပင်တစ်မျိုး ဖြစ်ပါသည်။ ပိုးစာသီးသည် ဘယ်ရီသီးမျိုးနွယ်ဝင်အသီးတစ်မျိုးဖြစ်ပြီး Mulberry ဟုခေါ်ပါသည်။ ပိုးစာသီးကို ကမ္ဘာ့မြောက်ပိုင်းသမဇုန်များတွင် အများဆုံးတွေ့ရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ရှမ်းပြည်နယ်ဘက်တွင် အများဆုံးပေါက်ရောက်ပြီး မန္တလေးတိုင်းရှိ ပြင်ဦးလွင်ဒေသနှင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားဘက်တွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိပါသည်။ ပိုးစာသီးပင်ကို ယခုအခါ မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် စိုက်ပျိုး၍ရသည်ကို တွေ့ရှိရပါသည်။ ပိုးစာသီးစား သုံးခြင်းသည် ကျန်းမာရေးအတွက် များစွာအကျိုးရှိနိုင်ပါသည်။ အရသာမှာနီလျှင် ချိုချဉ်အရသာရှိပြီး မည်းသွားလျှင် ချိုအီသောအရသာရှိပါသည်။ ချိုအီပြီး အရသာရှိသည့်ပိုးစာသီးကို အလုံးလိုက်စား ၍ရသည့်အပြင် ယိုထိုး၍လည်းစားသုံးနိုင်ပါသည်။ ထို့ကြောင့် ပိုးစာသီးသည် တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ပိုးစာသီးယိုအဖြစ်လည်းကောင်း၊ ဝိုင်ဖောက်၍လည်း ပိုးစာဝိုင်အဖြစ်လည်းကောင်း ထုတ်လုပ်၍ ဈေးကွက်တွင် တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ရောင်းချလျှင် ဝင်ငွေရရှိမည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။ ပိုးစာသီးစားသုံးခြင့်ဖြင့် ရရှိမည့်အကျိုးကျေးဇူးများမှာ သွေးအားအထူးကောင်းမွန်စေခြင်း၊ သွေးလည် ပတ်မှုကောင်းပြီး အကြောအချဉ်ပြေလျော့ကာ ခန္ဓာကိုယ်လွပ်လပ်ပေါ့ပါးစေပါသည်။ ပိုးစာသီးတွင် ဗီတာမင်စီ၊ ဗီတာမင်ကေ၊ ဗီတာမင်အီး၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရပ်နှင့် ကယ်လ်စီယမ် ဓာတ်များကြွယ်ဝစွာပါဝင်သည့်အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုစေသည့် ဆေးဘက်ဝင်အသီးတစ်မျိုးဖြစ်ပါသည်။ ပိုးစာသီးစားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များမဖြစ်ရ အောင် ကာကွယ်ပေးခြင်း၊ သွေးတွင်းအဆီများကိုလျော့ကျစေခြင်း၊ နှလုံးအဆီပိတ်ခြင်းနှင့် လေဖြတ်ခြင်းများ ကိုကာကွယ်ပေးခြင်း၊ သွေးတွင်းသကြားဓာတ်ကိုလျှော့ချပေးသည့်အတွက် ဆီးချိုဝေဒနာရှင်များ အတွက် အထူးသင့်လျော်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ် ပေးခြင်း၊ သံဓာတ်ကြွယ်ဝစွာပါဝင်သောကြောင့် သွေးနီဥထုတ်လုပ်ခြင်းကိုပိုမိုအားကောင်းစေပြီး ခန္ဓာ ကိုယ်အတွင်း အောက်ဆီဂျင်လှည့်ပတ်မှုကိုပိုမိုမြန်ဆန်စေခြင်း၊ အသားအရေကိုချောမောစေပြီး အရွယ်တင်နုပျိုစေခြင်း၊ အမြင်အာရုံကိုပိုမိုကောင်းမွန်စေပြီး ရေတိမ်ဖြစ်ခြင်းကိုကာကွယ်ပေးခြင်း၊ သွေးခဲခြင်း၊ သွေးတိုးခြင်းများကိုကာကွယ်ပေးခြင်း၊ အရိုးများကိုသန်မာစေပြီး အရိုးပွခြင်းကို ကာကွယ် ပေးခြင်း စသည့် များစွာသော ကျန်းမာရေးအကျိုးကျေးဇူးများကိုရရှိစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကျန်းမာရေးအတွက် များစွာအကျိုးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်ထုတ်လုပ်၍လည်း ရရှိသော ပိုးစာသီးအကြောင်းကို သိရှိသလောက် လေ့လာတင်ပြလိုက်ရပါသည်။ - DOCA (ဧရာဝတီ) - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
