ရန်ကုန်တိုင်း အောက်တိုဘာလ ၂၇ ရက်မှ နိုဝင်ဘာလ ၂ ရက်အထိ မိုးလေဝသအခြေအနေ
- တောင်တရုတ်ပင်လယ် နှင့် ဘင်္ဂလားပင်လယ်အော်အခြေအနေ - တောင်တရုတ်ပင်လယ် - · တောင်တရုတ်ပင်လယ် ဗီယက်နမ်နိုင်ငံတောင်ဘက် ကမ်းနီးပင်လယ်ပြင်မှာ လေပွေလှိုင်းတခုဖြစ်ပေါ်နေပြီး၊ အားကောင်းလာနိုင်ခြင်းမရှိပဲ ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ ကမ္ဘောဒီးယားနိုင်ငံတို့ပေါ်မှဖြတ်သန်းရွေ့လျားပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့မှာ ထိုင်းပင်လယ်ကွေ့အတွင်းကိုရောက်လာနိုင်ပါတယ်။ - · ထိုင်းပင်လယ်ကွေ့အတွင်း အနောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် ကပ္ပလီပင်လယ်မြောက်ပိုင်းကို ရောက်လာပြီးနောက် အနောက်ဘက်ကိုဆက်လက်ရွေ့လျားကာ နိုဝင်ဘာ ၁ ရက်နေ့ ည ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့ ဝင်ရောက်လာပြီး နိုဝင်ဘာလ ၆ ရက်နေ့အထိ လေပွေလှိုင်းအဖြစ်ဆက်လက်တည်ရှိနေနိုင်ပါတယ်။ - ဘင်္ဂလားပင်လယ်အော် - · အောက်တိုဘာ ၂၅ ရက်နေ့မှစတင်၍ မုန်တိုင်းငယ် (Deep Depression) အဆင့်သို့ ရောက်ရှိလာသည့် - INVEST-94B သည်၊ အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာပြီး၊ ထိုင်းနိုင်ငံမှပေးသည့် အလှည့်ကျအမည် MONTHA ဟု ရရှိလာပါမယ်။ - · ဆိုင်ကလုန်း MONTHA သည် ရနံ့သင်းပြီးလှပသောပန်း ဟု အဓိပ္ပါယ်ရကြောင်းလည်းသိရပါတယ်။ - “ဒေါ့မွန်သာ သို့မဟုတ် မက်ဂနိုလီယာပန်းကို နတ်ဘုရား၏ကာကွယ်မှုနှင့် ကောင်းချီးမင်္ဂလာများကို ကိုယ်စားပြုသည့် ကောင်းကင်ပန်းအဖြစ် ရိုသေလေးစားကြသည်။ ထိုင်းယုံကြည်မှုတွင် မကောင်းဆိုးဝါးဝိညာဉ်များကို တွန်းလှန်နိုင်ပြီး အပြုသဘောဆောင်သော၊ သန့်ရှင်းသောစွမ်းအင်ကို ဆွဲဆောင်နိုင်သည့် စွမ်းအားရှိသည်ဟု ယူဆကြသည်။ ပန်း၏ကြော့ရှင်းမှုနှင့် ဝိညာဉ်ရေးရာအရေးပါမှုသည် ၎င်းကို သန့်ရှင်းစင်ကြယ်မှုနှင့် ကံကောင်းခြင်း၏ ထာဝရသင်္ကေတတစ်ခု ဖြစ်စေသည်” - · ဆိုင်ကလုန်းမုန်တိုင်း MONTHA သည် ဆက်လက်၍အားကောင်းလာပြီး အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် အားကောင်းသော-ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm – MONTHA) ဖြစ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ကြေညာထားပါတယ်။ - · ကမ္ဘာ့မိုးလေဝသဌာနသို့ပေးပို့အတည်ပြုထားပြီးသည့် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှ ဆိုင်ကလုန်းမုန်တိုင်းအမည်များ စာရင်းကြည့်ရန် -https://wmo.int/content/tropical-cyclone-naming/northern-indian-ocean-names-arabian-sea-and-bay-of-bengal - မြန်မာနိုင်ငံဘက်သို့ သက်ရောက်နိုင်သည့် အခြေအနေများ - · လေပွေလှိုင်း INVEST-94B မှ စတင်ဖြစ်ပေါ်လာသည့် ဆိုင်ကလုန်းမုန်တိုင်း MONTHA ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဘင်္ဂလားပင်လယ်အော်အတွင်း မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနေစဉ်ကာလအတွင်း မြန်မာနိုင်ငံဘက်သို့ဦးတည်ရွေ့လျားနိုင်မည်မဟုတ်သည့်အပြင် မြန်မာနိုင်ငံအပေါ် ပြင်းထန်သည့်မုန်တိုင်းအရှိန်သက်ရောက်မှုမရှိနိုင်ပါ။ - · ဆိုင်ကလုန်းမုန်တိုင်း MONTHA နှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် နိုဝင်ဘာ ၁ ရက်နေ့၌ ဖြစ်ပေါ်လာနိုင်သည့်လေပွေလှိုင်းအသစ်တခု၏ သက်ရောက်မှုများကြောင့် - မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း(အရှေ့+အနောက်)ဒေသများနှင့် ဧရာဝတီတိုင်းတွေမှာ နိုဝင်ဘာ ၄ ရက်နေ့အထိ မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာသွန်းနိုင်သည့်အခြေအနေများဖြစ်ပေါ်စေနိုင်ပါတယ်။ - · ICON model ၏ ကြိုတင်ခန့်မှန်းချက်များအရ - အောက်တိုဘာ ၂၆ ရက် နေ့လည် ၁၂ နာရီမှ နိုဝင်ဘာ ၂ ရက် နေ့လည် ၁၂ နာရီအထိ၊ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန်များတွင် ရခိုင်ပြည်နယ်နှင် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းတို့သည် မိုးရေချိန်အများဆုံး(၇ ရက်မိုးရေချိန် ၂ လက်မအထက် - ၄ လက်မနီးပါး)ရှိနိုင်ကြောင်းတွေ့ရပါတယ်။ - ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - · လှည်းကူး၊ ပဲခူးတိုင်းနှင့်ထိစပ်သည့် ရန်ကုန်တိုင်းမြောက်ပိုင်းမြို့နယ်များ၊ တိုက်ကြီး၊ မှော်ဘီ၊ ဥက္ကံ၊ သံလျှင်/ကျောက်တန်း/သုံးခွ၊ ခရမ်း/ဒလ နှင့် ကမ်းရိုးတန်းဒေသများတွင် ၇ ရက်အတွင်းမိုးရေချိန်မများနိုင်(၁ လက်မအထက် ၂ လက်မအောက်) ရွာသွန်းရရှိနိုင်ပြီး၊ - · ရန်ကုန်တိုင်းတခုလုံးတွင် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် ပျမ်းမျှမိုးရေချိန် ၁.၂ လက်မကျော်(30mm) ရှိနိုင်ပါမယ်၊ - · အောက်တိုဘာ ၃၁ ရက်၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များတွင်မိုးရွာနိုင်မည့်ရက်များဖြစ်နိုင်ပါမယ်။ - · ရန်ကုန်တိုင်းအတွင်း အောက်တိုဘာ ၃၀ ရက်၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်-နံနက်အစောပိုင်းအချိန်များတွင် မြူဆိုင်းသည့်အခြေအနေများဖြစ်ပေါ်ပြီး အမြင်တာ(Visibility)ကျဆင်းနိုင်ပါတယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ - · ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ အောက်တိုဘာ ၂၈/၂၉/၃၀ ရက်တွေမှာ ခံစားရတဲ့အပူချိန်(Feels like temperature) ၄၀°C အထိရှိနိုင်ပါမယ်။ - · ယခု ၁ ပတ်အတွင်း အရှေ့နှင့်အရှေ့တောင်အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၁၅ မိုင်မှ ၂၅ မိုင်ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂ ပေ ခန့်ရှိနိုင်ပါတယ်။ - · ရန်ကုန်တိုင်းအတွင်း နေ့လည်/နေ့ခင်းအချိန်များမှာ လေထုစိုထိုင်းဆ ၇၀% ခန့်ရှိနိုင်ပြီး၊ နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၅% ရှိနိုင်ပါတယ်။ - · ယခုတပတ်အတွင်း ညနက်ပိုင်းနဲ့ နံနက်အစောပိုင်းအချိန်တွေမှာ ရန်ကုန်တိုင်းအနောက်ပိုင်းနဲ့ ရန်ကုန်မြို့ပေါ်က မြို့နယ်/ခရိုင်များအတွင်း ရန်ကုန်တိုင်းရဲ့ ပျမ်းမှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) level သည် ၁၅၀ အထိ မြင့်မားနေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများ အထူးသတိထားသင့်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - ငါး၊ ပုစွန်မွေးမြူရေးကန်၏ ရေချဉ်ဖန်နှုန်းအကြောင်း - ငါး၊ ပုစွန်မွေးမြူရေးကန်တစ်ခု၏ ရေချဉ်ဖန်နှုန်းသည် ငါး၊ ပုစွန်များ အသက်ရှင်သန်ခြင်းနှင့် ကြီးထွားနှုန်း အတွက် အရေကြီးသောအချက် ဖြစ်ပါသည်။ ကန်တစ်ခု၏ ရေ၏ချဉ်ဖန်နှုန်းသည် (၆)မှ (၉)အတွင်း ရှိသင့်ပါသည်။ သို့သော် (၇.၅) မှ (၈.၅) အတွင်းရှိပါက အကောင်းဆုံးဖြစ်ပါသည်။ - ရေ၏ချဉ်ဖန်နှုန်းအတက်အကျသည် ကန်၏ရုပဆိုင်ရာအချက်အလက်များပေါ်တွင်မူတည်နေကြပါသည်။ ကန်ရေ၏ချဉ်ဖန်နှုန်း ကျဆင်းရခြင်း ( PH 6) အောက်သို့ ကျဆင်းရခြင်းသည် (၁) အောက်ခံမြေသားအက် စစ်ဆန်နေခြင်း၊ (၂) ကန်အောက်ခြေတွင် အညစ်အကြေး များနေခြင်း၊ (၃)ကန်အတွင်း မိုးရေများနေခြင်း၊ (၄)ကျောက်ချဉ် အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ - ---- - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
