နှမ်းတွင်အဓိကကျရောက်သော ရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ
- နှမ်းရိုးမည်း - အပင်၏အောက်ရွက်များဝါလာ၊ အရွက်များ ငိုက်ကျလာ၍ အရွက်ကြွေ
- ပင်စည်၏ပင်ခြေပိုင်းတွင်အညို/ အမည်း ရောင် အနာကွက်ဖြစ်
- ရောဂါပြင်းထန်လျှင် အနာကွက် တစ်သျှူး သားများ ညိုမဲ ပြီး အနာချိုင့်ဖြစ်လာ
- ပင်စည်အခေါက်များဖွာလန်လာ
- ရောဂါရတစ်သျှူးများပေါ်တွင် အမည်းရောင် အဖုလေးများ ဖြစ်ပေါ်လာ
- နှမ်းပင်ခြေရင်းပိုင်းလုံးဝမည်းနက်ပြီး ပင်ပေါ်ပိုင်း- အဝါရောင်ပြောင်းကာ ညှိုးစပြု လာ
- ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ပါက မှိုမျှင် စုများ နှင့် အမည်းရောင် မှိုစပိုး (စကလိုးရှား)တွေ့ရ
- နေ့အပူချိန်မြင့်မားပြီး၊ ခြောက်သွေ့သောရာသီဥတု ရှည်ကြာပြီး မိုးသည်းထန်စွာ ရွာသွန်း
 - ကာကွယ်နှိမ်နင်းနည်း - အစိုဓာတ်ပုံမှန်ရအောင်လုပ်ပေးပါ
- ရေအစိုဓာတ် မများလွန်းသင့်
- ပင်ကြွင်းပင်ကျန်ရှင်း၊ ရေပြတ်ကာလမရှည်သင့်
- မြေဆွေး၊ တမာကြိတ်ဖက်ထည့်ပြီး မြေပြင်
- မျိုးစေ့လူးနယ် - Captan
- အသုံးပြုနိုင်သောဓာတုဆေးများ - Iprodione, Tebuconazole, Pyraclostrobin
 - ဖိုက်သော်သရာပင်နာကျရောဂါ - အရွက်နှင့် ပင်စည်ပေါ်တွင် ရေစိုနာ၊ အညိုရောင်ကွက်ပြောက်ကလေးများ စတင် ဖြစ်ပေါ်၊ နောက်ပိုင်းတွင် အရွယ်အစားကြီးမားလာကာ အညိုရင့်ရောင်၊ အနက်ရောင် အကွက် များဖြစ်လာ
- အပင်များဝါခြင်း၊ အပင်ခြောက်ပြီး သေ
- စိုစွတ်သောရာသီဥတုတွင် ရောဂါကျနေ သောအသီးပေါ်တွင် အဖြူရောင်မှိုမျှင်စုကိုတွေ့ရ
- ပြင်းထန်စွာတိုက်ခိုက်ခံ ရပါက အစေ့ များသည်တွန့်ရှုံ့နေ
- ပင်စည်ပေါ်တွင်ရောဂါကျရောက်ပါက အရွက်များညှိုးနေပြီး၊ပင်စည် လည်းမည်းခြောက်
- မိုးဆက်တိုက်ရွာသွန်းမှုများပြီးမြေတွင်းအစိုဓါတ်မြင့်မားခြင်း၊ အပူချိန်နိမ့်ခြင်းနှင့် စိုထိုင်းစမြင့်များ သောအခြေအနေတွင်ကျရောက်
 - ကာကွယ်နှိမ်နင်းနည်း - စိုက်ခင်းရေမဝပ်သင့်
- ရေစီးရေလာကောင်းအောင်လုပ်ပေးပါ
- အသုံးပြုနိုင်သောဓာတုဆေးများ- Propamocarb hydrochloride, Dimethomorph, Fosetyl Aluminium, Mancozeb+ Cymoxanil
 - နှမ်းဖိုရောဂါ - အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးများမှ မူမမှန်ကိုင်းများစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းများ အစိမ်းရောင်ဖြစ်
- နှမ်းပင်ငယ်စဉ်တွင် ရောဂါကူးစက်ပျံ့နှံ့စေသောဖြုတ်ပိုး (Leafhopper) ကြောင့် ရောဂါကူးစက်
 - ကာကွယ်နှိမ်နင်းနည်း - ဖြုတ်ညိုမှ တစ်ဆင့်ကူးစက်သောရောဂါဖြစ်သောကြောင့် ဖြုတ်ညိုကိုထိရောက်စွာနှိမ်နင်းသင့်
- နှမ်းဖိုရောဂါလက္ခဏာတွေ့တာနဲ့ ဆွဲနုတ်ဖယ်ရှားရှင်းလင်းပစ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာပစ်ပေးပါ
 - အော်တာနေးရီးယားရွက်ပြောက် - အရွက်ပေါ်တွင် သေးငယ်သော၊ ဗဟိုတူစက်ဝိုင်းရစ်များပါသည့် လုံးဝိုင်းပုံ (သို့) ပုံသဏ္ဍာန် မမှန်သော အညိုရင့်ရောင်ရေစိုနာဒါဏ်ရာ ကွက်များဖြစ်ပေါ်
- ရာသီဥတု အခြေအနေပေး၍ ရောဂါ ပြင်းထန်ပါက ရောဂါကွက်သည် ကြီးမားလာ
- အပင်၏ အစိတ်အပိုင်းအားလုံး၊ အရွယ် အားလုံးတွင်ကျရောက်တတ်
- အရွက်ကြွေခြင်း၊ပြင်းထန်ပါက အပင်သေခြင်းများ ဖြစ်
- လေထုစိုထိုင်းစ မြင့်မား၍ အပူချိန်နိမ့်သောအခြေအနေတွင် ရောဂါကျရောက်နိုင်
 - ကာကွယ်နှိမ်နင်းနည်း - အသုံးပြုနိုင်သောဓာတုဆေးများ- Mancozeb, Chlorothalonil, Copper oxychloride
- အာဟာရ - မြေခံ- ပိုတက်ရှ်(K)ထည့်ပြုပြင်
- ရွက်ဖျန်း - ပိုတက်စီယမ်(K)+ ဇင့် (Zn ) ဖြည့်စွက်
 - ဖားဥမှို - အရွက်ပေါ်တွင်အဖြူရောင်အကွက်များစတင်ဖြစ်ပေါ်
- နောက်ပိုင်းတွင်အရွက်မျက်နှာ ပြင်တစ်ခုလုံးပေါ်၌ ပေါင်ဒါမှုန့်များ ပက်ဖြူးထားသကဲ့သို့ဖြူဖွေးနေ
- ရောဂါပြင်းထန်ပါက အရွက်တစ်ခုလုံးခြောက်၍ တွန့်သွား
- အရွက်၊ ပင်စည်၊ ပန်းပွင့်နှင့် အသီးများအားလုံးပေါ်တွင် ကျရောက်
- ခြောက်သွေ့ ပူအိုက်၊ စိုထိုင်းဆနည်းတဲ့အခြေအနေကိုကြိုက်နှစ်သက်
 - ကာကွယ်နှိမ်နင်းနည်း - နိုက်ထရိုဂျင်ရွက်ဖျန်း (N) ကိုအလွန်မကျွံမဖျန်းသင့်
- အသုံးပြုနိုင်သောဓာတုဆေးများ- Lime Sulphur, Thiophanate methyl, Trifloxystrobin, Hexaconazole
 - အိမ့်ဖြိုး - ကိုးကား- Dr.DaDa (သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ) - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
