🐓 🐓 တိုင်းရင်းကြက်မျိုးရွေးချယ်ခြင်း ✅
(၁)စစ်တကောင်းကြက်
· စိမ်းနီရောင်ရှိပီး အမောက်ကြီးသည်။
· အရွယ်ရောက်အထီးသည် ၂ ပိသာ၊၅၀ ကျပ်သားထိရှိပီး အမသည် ၂ ပိသာအထိ ရှိပါသည်။
(၂) အင်ပင်ဝကြက်
· မိထ္ထီလာမြို့နယ် အင်ပင်ဝရွာ မှထွက်သောကြက်များကိုအစွဲပြုပီး အင်ပင်ဝကြက်ဟုခေါ်သည်။
· အများစုသည် အဖြူနှင့်အနက်ပြောက် ဖြစ်သည်။
· အရွယ်ရောက်အထီး သည် ၂ ပိသာခန့်ရှိပီး အမသည် ၁.၈၀ ပိသာခန့်ရှိသည်။
(၃) လည်ပြောင်ကြက်
· ဦးခေါင်းထိပ်တွင် အမွေးရှိပြီး လည်ပင်းတွင်အမွေးမရှိပါ။ အရောင်မျိုးစုံရှိသည်။
· အရွယ်ရောက်ကြက်ထီး ၂ ပိသာခန့်၊ အမ ၁.၈၀ ပိသာခန့်ရှိသည်။
(၄) လုံးတီးကြက်
· ခေါင်းထိပ်နှင့်ခြေဖျားတွင်သာ အမွေးအနည်းငယ်ရှိပီး ကျန်တကိုယ်လုံးတွင် အမွေးမရှိပါ။
· မျိုးထွန်းကြောင့်ဖြစ်လာသောကြက်များဖြစ်သည်။
· အရွယ်ရောက်အထီး ၂ ပိသာခန့်၊အမသည် ၁.၆၀ ပိသာခန့်ရှိသည်။
ကျေးရွာများတွင်မမွေးသင့်သောကြက်များ
(၁) ကြက်တိန်ညင်
(၂) ရွှေတဆုတ်
(၃) ကြက်တောင်ပျံ
(၄) တိုက်ကြက် စသည့်ကြက်များသည် အကောင်သေးပီး ဥနှုန်းလည်းနည်းသဖြင့်မမွေးသင့်ပါ။
ကျေးရွာတွင်မွေးမြူသင့်သောကြက်များ ကိုဖော်ပြပီးဖြစ်သော်လည်း လက်တွေ့တွင် ထိုကြက်မျိုးများကို ရှာဖွေပြီး မွေးမြူရန်ခက်ခဲပါသည်။ ထို့ကြောင့်ပိုမိုကောင်းသည့်နည်းလမ်းမှ မိမိကိုယ်တိုင်ကြက်များကို အဆင့်ဆင့်မျိုးစပ်ပီး မွေးမြူခြင်းက ပိုမိုကောင်းမွန်ပါသည်။
ဆက်ရန် ရှိသည် ---
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/59084
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း