cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ သကြားတိုးမြှင့်ထုတ်လုပ်နိုင်ဖို့ တောင်သူစိုက်ပျိုးသည့် ကြံအားလုံး ဝယ်ယူကြိတ်ခွဲသွားမည်ဟုဆို

. ဈေးကွက်သတင်းများ
စိုက်ပျိုးထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲသွားမှာဖြစ်ကြောင်း သကြားစက်ရုံများ၊ ကြံစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ အောက်တိုဘာ ၂၅ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
  • ရန်ကုန်။ ၂၀၂၅၊ အောက်တိုဘာ ၂၇ ရက်

    ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၏ ကြံရာသီအချိန်တွင် ပြည်တွင်းရှိသကြားစက်ရုံ ၂၉ ရုံအနေဖြင့် သကြားတိုးမြှင့် ထုတ်လုပ်နိုင်ဖို့အတွက် တောင်သူလယ်သမားများ၏ စိုက်ပျိုးထွက်ရှိသမျှ ကြံအားလုံးကို ဝယ်ယူကြိတ်ခွဲသွားမှာဖြစ်ကြောင်း သကြားစက်ရုံများ၊ ကြံစိုက်တောင်သူများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ အောက်တိုဘာ ၂၅ ရက်နေ့ကနေပြည်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။

    အဆိုပါ ဆွေးနွေးပွဲမှာ တောင်သူများအနေဖြင့် ခုတ်သိမ်းသောကြံများကိုစက်ရုံများသို့ အချိန်နှင့်တစ်ပြေးညီ အလျင်အမြန်သယ်ယူနိုင်ရေး၊ သကြားစက်ရုံများနှင့် ကြံစိုက်တောင်သူများ Contract Farming စနစ်ဖြင့် စိုက်ပျိုးဝယ်ယူကြိတ်ခွဲနိုင်ရေး၊ သကြားစက်များပြုပြင်မွမ်းမံခြင်း၊ စက်စွမ်းအားမြှင့်တင်ခြင်း၊ ခေတ်မီစက်များဖြင့် ပြောင်းလဲတပ်ဆင်ကြိတ်ခွဲခြင်းဖြင့် သကြားအထွက်နှုန်းတိုးတက်စေရေးနှင့် ထုတ်ကုန်အရည်အသွေးကောင်းမွန်‌ရေးကို ဦးစားပေးဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

    စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း သကြားအထွက်နှုန်းကောင်းမွန်သည့် အရည်အသွေးကောင်းကြံမျိုးများ ဖြန့်ဖြူးပေးခြင်း၊ နည်းပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကြံပင်များ၌ အချိုဓာတ်ပြည့်ဝချိန်တွင် မှန်မှန်ကန်ကန်ခုတ်သိမ်းနိုင်ရန်နှင့် ရိတ်သိမ်းချိန်လွန်ကာလ လေလွင့်ဆုံးရှုံးနိုင်သည့် အချက်များကိုပါ တောင်သူများဂရုပြုလိုက်နာဆောင်ရွက်နိုင်ရေးအသိပညာပေးလုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်းလည်း သိရပါတယ်။

    ဒါ့အပြင် ကြံပင်၏ အရင်း၊ အလယ်၊ အဖျားတို့၏ အချိုဓာတ်ပါဝင်မှု(Brix)ရာခိုင်နှုန်းကို Hand Refrometer ဖြင့် တိုင်းတာ၍ အချိုဓာတ်အများဆုံးအချိန် ခုတ်သိမ်းရန်နှင့် ကြံခုတ်သိမ်းပြီးပြီးချင်းသယ်ယူကြိတ်ခွဲနိုင်ခြင်းဖြင့် ကောင်းမွန်သည့် သကြားအထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ ခုတ်သိမ်းချိန်မှန်ကန်စွာဖြင့် သယ်ယူကြိတ်ခွဲရေးလုပ်ငန်းများကိုစနစ်တကျဆောင်ရွက်သွားနိုင်ရန် လုပ်ငန်းရှင်များနှင့် တောင်သူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ သိရပါတယ်။

    ကြံရာသီဟာနှစ်စဉ် ဒီဇင်ဘာလမှ ဧပြီလအထိဖြစ်ပြီးပြည်တွင်းမှာကြံစိုက်ပျိုးမှုကို ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ပဲခူးတိုင်းအရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်းစိုက်ပျိုးမှုရှိကြောင်းနှင့် လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာအရ ကြံစိုက်ဧက ၅ သိန်းဝန်းကျင်ရှိနေကြောင်းလည်း သိရပါတယ်။

    နိုင်ငံအတွင်း သကြားစက်ရုံပေါင်း ၂၉ ရုံရှိပြီး ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကြံတန်ချိန်(၅,၃၇၉,၅၇၇)တန် ကြိတ်ခွဲနိုင်ခဲ့ကာ သကြားအထွက်နှုန်းအားဖြင့် (၅၄၃,၆၆၃)တန်နှင့် တင်လဲရည် (၂၆၁,၈၉၅)တန် ထွက်ရှိခဲ့ကြောင်း သိရပါတယ်။

    Source: Myanmar Future News Agency မှ ကူးယူဖော်ပြပါသည်။

    -------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
4
comments
0
views
1188