ဝက်မျိုးရွေးချယ်ခြင်းဆိုင်ရာ သိကောင်းစရာ🐖🐖
(၁) အဖြူရောင်ရှိသောအုပ်စု
(၂) အမဲရောင်ရှိသောအုပ်စု ဟူ၍ အကြမ်းအားဖြင့် အုပ်စု (၂) မျိုးခွဲခြားနိုင်ပါသည်။
(၁) အဖြူရောင်အုပ်စု
အဖြူရောင်အုပ်စုတွင်ဝက်များအားလုံးအဖြူရောင်ဖြစ်ပီး စီပီကပြားဝက်ဟုခေါ်သော DYL၊လင်းဒရေ့(စ)၊ယော့ရှိုင်း အစရှိသော ဝက်များပါဝင်သည်။ ခြံကိုစံနစ်တကျဆောက်ပီး အစာကိုစံနစ်တကျ ကျွေးမွေးပါက အဖြူရောင်ရှိသော
ဝက်များကို ဦးစားပေး မွေးမြူသင့်ပါသည်။ အဖြူရောင်ဝက်မျိုးကို မျိုးမြှင့်ဝက်များဟု အလွယ်တကူ မှတ်ယူနိုင်ပါ
သည်။ (အားသာချက်၊အားနည်းချက် ဇယားကိုကြည့်ပါ။)
ဝက်ဖြူအုပ်စုများ
(က) ယော့ရှိုင်းယား
(ခ) လင်းဒရော့(စ)
(ဂ) DYL
(၂) အမဲရောင်အုပ်စုဝက်များ
အမဲရောင်အုပ်စုဝက်များသည် အမဲ၊ နီညို၊ အဝါ၊ အကွက်၊ အကြား၊ စသည့်အရောင်ရှိသော ဝက်များ ဖြစ်သည်။ ခြံကိုစနစ် တကျမဆောက်နိုင်၊အစာကိုစံနစ်တကျမကျွေးနိုင်ပါကအမဲရောင်အုပ်စုဝက်များကို ရွေးချယ်မွေးမြူသင့် ပါသည်။အမဲရောင်အုပ်စုဝက်များကိုဒေသဝက်များဟုအလွယ်တကူမှတ်ယူနိုင်ပါသည်။
(က) ဘတ်ရှိုင်းယား
(ခ) ဝက်နက်ကြီး
(ဂ) ဂျူးရော့(စ)
(ဃ) ဝက်အကွက်
(င) ဝက်အကြား
ဝက်ဖြူနှင့်ဝက်မဲအုပ်စု ရှိဝက်များ၏ အားသာချက်၊အားနည်းချက်များကိုနှိုင်းယှဥ်ချက်များကို ပုံတွင် ကြည့်ပါ။
#အထူးမှတ်သားရန်မှာ - အဖြူရောင်အုပ်စုဝက်ဖြစ်စေ၊အမဲရောင်အုပ်စုဝက်ဖြစ်စေအောက်ပါအချက်(၂)ချက်မဖြစ် မနေ ပါအောင်ရွေးချယ်မွေးမြူရမည်။
(၁)အလျားရှည်ခြင်း
(၂)ခြေဆံလက်ဆံအတော်သင့်ရှည်ပီး၊ခြေဆံလက်ဆံအတော်သင့်တုတ်ခိုင်ခြင်း စသည့်အချက်များဖြစ်သည်။
#ဝက်မျိုးရွေးချယ်ခြင်းနှင့်ဆိုင်သော အထူးသတိထား သင့်သည့်အချက်များ
· ခြံကိုသေချာစွာမဆောက်နိုင်၊ အစာကို စံနစ်တကျ မကျွေးနိုင်ပါက အဖြူရောင်အုပ်စု ဝက်များကိုမမွေးသင့် ပါ။
ဆက်ရန် ရှိသည် ---
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန်လင့် - https://htwettoe.com/post/59106
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483



ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း