cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တိရစ္ဆာန်များတွင် ကာကွယ်ဆေးထိုးခြင်းအကြောင်း သိကောင်းစရာ🐖🐓

. ဝက်မွေးမြူနည်း
ဇီဝလုံခြုံရေးအတွက် လုပ်ဆောင်ရမည့်အချက်များထဲတွင် မဖြစ်မနေ ကာကွယ်ဆေး ကြိုတင်ထိုးခြင်းလည်း ပါဝင်ပါတယ်။
  • -ဒီအချက်နဲ့ပါတ်သက်ပီး ပညာရှင်တချို့က ဇီဝလုံခြုံရေးနဲ့အများကြီး မဆိုင်ဘူးလို့ဆိုကြပေမဲ့ ကျနော့်အနေနဲ့ ဒီအ

    ချက်ကို ဇီဝလုံခြုံရေးထဲပါဝင်တဲ့အချက်အဖြစ် ထည့်ထားပေးပါတယ်။

    ပထမဆုံးအနေနဲ့ ကာကွယ်ဆေးဆိုတာ ဘာလဲရှင်းပြချင်ပါတယ်?

    #ကာကွယ်ဆေးဆိုတာ ရောဂါဖြစ်စေနိုင်တဲ့ပိုးကိုဘဲအသုံးပြုပီး အဲဒီပိုးကြောင့်ဖြစ်နိုင်တဲ့ရောဂါကို ကာကွယ်ဖို့ထုတ် လုပ်ထားတဲ့ဆေးပါဘဲ။ အဲဒီလိုထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကို တိရစ္ဆာန်ထဲကိုပေးလိုက်တဲ့အခါမှာ အဲဒီတိရစ္ဆာန် ထဲမှာရှိတဲ့ ကိုယ်ခံအားစံနစ်က အဲဒီရောဂါပိုးကို ခုခံနိုင်တဲ့ ဓါတ်ပစ္စည်း(ကိုယ်ခံအား)ကို တဖြည်းဖြည်းချင်းထုတ်ပေး ခြင်းအားဖြင့် နောင်အခါမှာ ဒီပိုးကြောင့်ရောဂါမဖြစ်တော့တဲ့ သဘောတရားပါ။

    (၁) ကာကွယ်ဆေးဆိုတာ သုံးထားတဲ့ ရောဂါပိုးအတွက် ဖြစ်လာမဲ့ရောဂါကိုဘဲ ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဥပမာ-ဝက်တွေမှာ ဝက်ဝမ်းကျ ကာကွယ်ဆေးကိုထိုးထားရင် ဝက်ဝမ်းကျရောဂါကိုတော့ ကာကွယ်ပေးမှာပါ။ ဒါပေမဲ့ ဝက်နားရွက်ပြာရောဂါကိုတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

    (၂) ကာကွယ်ဆေးဆိုတာ ဒီနေ့သုံး ဒီနေ့ ရောဂါကို ချက်ခြင်းကြီး မကာကွယ်နိုင်ပါဘူး။ သုံးတဲ့ကာကွယ်ဆေး အမျိုးအစားပေါ်မူတည်ပြီး သုံးပီးလို့ အစောဆုံး (၇) ရက်၊ အနောက်ကျဆုံး (၁၄) ရက်လောက်ကြာမှ အဲဒီရောဂါကို ကာကွယ်မှုစတင် ပေးနိုင်မှာဖြစ်ပါတယ်။ ဆိုလိုတာက ကာကွယ်ဆေးကို ရောဂါဖြစ်မှသုံးတာဆိုရင် နောက်ကျသွားနိုင်ပါတယ်။ စိတ်မချရတော့ပါဘူး။

    (၃) ဘယ်ကာကွယ်ဆေးမဆို တခါသုံးပီးတာနဲ့ ကာကွယ်နိုင်စွမ်း (အဲဒီရောဂါကိုတိုက်ဖျက်တဲ့ကိုယ်ခံအား) တသက်လုံးမရှိနိုင်ပါဘူး။ တချိန်ကျရင် တဖြည်းဖြည်းလျော့နည်းသွားမှာ ဖြစ်တဲ့အတွက် ဆေးကုပ္မဏီကညွန်းတဲ့ အညွန်းအတိုင်း နောက်ထပ် အကြိမ်တွေထပ်ပေးဖို့လိုပါတယ်။ ဆိုလိုချင်တာက ကာကွယ်ဆေးကို တခေါက်သုံးရုံနဲ့တသက်လုံး အဲဒီရောဂါကိုတသက်လုံး ကာကွယ်ပေးနေမယ်မဟုတ်ဘူးဆိုတာပါ။

    #ကာကွယ်ဆေးထိုးထားတာ ဇီဝလုံခြုံရေးနဲ့ဘယ်လိုဆက်စပ်သလဲဆိုတာကိုဆက်ရှင်းပြပါ့မယ်။ ဥပမာ-ဝက်တွေကို ဝက်ဝမ်းကျ ကာကွယ်ဆေးထိုးပေးထားခြင်းအားဖြင့် ဝက်ဝမ်းကျပိုးတွေ ဘယ်လိုဘဲ ခြံထဲကိုရောက်လာပါစေ၊ ကိုယ်ခံအား အဆင်သင့်ရှိနေတဲ့အတွက် ဝက်ဝမ်းကျ ရောဂါဖြစ်စရာ အကြောင်းမရှိတော့ဘူးပေါ့။ ထိုနည်းတူဘဲ ဝက်နားရွက်ပြာ ကာကွယ်ဆေးထိုးထားရင် ဝက်နားရွက်ပြာ ရောဂါပိုးတွေဘယ်လောက်ဘဲ သူများဆီကနေရောက်လာပါစေ၊ ကိုယ့်ဝက်တွေ ဖြစ်နိုင်စရာ အကြောင်းမရှိတော့ဘူးပေါ့။ ကာကွယ်ဆေးမထိုးထားတဲ့ ခြံကဝက်တွေကတော့ ဝက်ဝမ်းကျ ရောဂါပိုးရှိလာရင်ဝက်ဝမ်းကျရောဂါဖြစ်မယ်။ နားရွက်ပြာရောဂါပိုးရှိလာရင် နားရွက်ပြာရောဂါဖြစ် မယ်ပေါ့။ ဒါဆိုရင် ကာကွယ်ဆေးထိုးထားတာဟာ ဇီဝလုံခြုံရေးအတွက် အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတာနားလည်လောက်ပီပေါ့။

    နောက်တချက်က ကာကွယ်ဆေးထိုးတဲ့ ကုန်ကျစားရိတ်ဟာ အရမ်းနည်းပါတယ်။ ကာကွယ်ဆေးမထိုးလို့ရောဂါ ဖြစ်လာရင် မဖြစ်မနေ ကုသရလို့ကုန်ကျတဲ့စားရိတ်က အများကြီးများပါတယ်။ ဒါတောင် ကုသမရလို့ သေပြီဆိုရင် ဒီထက်အများကြီးဆုံးရှုံးအုံးမှာပါ။

    #အဲဒီလိုဆိုရင် ကာကွယ်ဆေးဆိုရင် အားလုံးထိုးရမှာလား?

    -ထိုးချင်သပ ဆိုရင်တော့ ထိုးလို့ရပါတယ်။ ဒါပေမဲ့ ငွေကုန်ကျများပီး နောက်ဆက်တွဲ ပြသနာနည်းနည်းပါးပါးရှိနိုင်ပါတယ်။ ရောဂါဖြစ်နှုန်းများစေတဲ့၊ ကူးစက်နှုန်းမြင့် ၊ ကုသရမလွယ်၊ သေနှုန်းများစေတဲ့ ရောဂါတွေအတွက်ဆိုရင် ကာကွယ်ဆေး မဖြစ်မနေ ထိုးထားဖို့လိုပါတယ်။

    -ဝက်အတွက်ဆိုရင် ဝက်ဝမ်းကျကာကွယ်ဆေးနဲ့ ဝက်နားရွက်ပြာ ကာကွယ်ဆေးကို မဖြစ်မနေထိုးပါ။ ခုချိန်မှာ အာဖရိက ဝက်အပြင်းဖျားရောဂါကာကွယ်ဆေးမရှိသေးတဲ့အတွက် နောင်တချိန် အဲဒီကာကွယ်ဆေး ရှိလာရင် မဖြစ်မနေထိုးပေးရမှာပါ။

    -ဒေသကြက်အတွက်ဆိုရင်တော့ ကြက်လည်လိမ်ကာကွယ်ဆေးကို မဖြစ်မနေ သုံးဖို့လိုပါတယ်။

    -ကျွဲ၊နွား၊သိုး၊ဆိတ် အတွက်ကတော့ ဒေါင့်သန်းရောဂါကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်ပါတယ်။ ပေါင်ပုပ် လက်ပုပ်ရောဂါနဲ့ လည်ချောင်းကွဲရောဂါတွေအတွက်ကတော့ မိမိအရပ်မှာ ဖြစ်တတ်တဲ့ရောဂါအတွက်သာ ကာကွယ်ဆေး ထိုးပေးဖို့လိုပါတယ်။

    #အဲလိုအဖြစ်များတဲ့ ရောဂါကာကွယ်ဆေးကို သုံးထားခြင်းအားဖြင့် သေချာပေါက်ဆုံးရှုံးနိုင်တဲ့ ရောဂါတွေဖြစ်စရာ အကြောင်းမရှိတော့ဘူးပေါ့။

    ဒါကြောင့် ကာကွယ်ဆေး ကြိုတင်သုံးထားခြင်း၊ သုံးရမဲ့ အချိန်ပြန်ရောက်ရင် ပြန်သုံးခြင်းကြောင့် ကူးစက်ရောဂါ တမျိုးမျိုး မဖြစ်နိုင်တော့တဲ့အတွက် ကာကွယ်ဆေးသုံးခြင်းဟာ ဇီဝလုံခြုံရေးအတွက် အရေးကြီးတဲ့ အချက်https://business.facebook.com/latest/ad_center/ads_summary?business_id=1875875316006283&asset_id=1894294760855528(၁) ချက် ဖြစ်ပါတယ်။

    အရင်ကရှင်းပြထားသလိုပါဘဲ ၊ဇီဝလုံခြုံရေးဟာ ကိုယ်ကိုတိုင်ကော အားလုံးကော ဝိုင်းလုပ်ဖို့ လိုတာကြောင့် ကာ ကွယ် ဆေးသုံးခြင်း ကိုလည်း အားလုံးက ဝိုင်းလုပ်ရမှာပါ။

    ဇီဝလုံခြုံရေးနဲ့ဆိုင်တဲ့ ပထမအချက်ပီးတော့ ဒုတိယ အချက်ကိုလည်းနောက်အပတ်မှာ ဆက်ရေးပေးပါ့မယ်။

    ဆက်ရန်.......

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
7
comments
0
views
1531