cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လွယ်ကူမြန်ဆန်ပြီး အရသာရှိတဲ့ နဂါးမောက်သီးအုန်းနို့ကျောက်ကျောပြုလုပ်နည်း

. တန်ဖိုးမြှင့် ထုတ်ကုန်များ
နဂါးမောက်သီးရာသီရောက်လာပြီဆိုတော့ အိမ်မှာပဲလုပ်စားစား၊ အလှူပွဲတွေအတွက်ပဲ လုပ်လုပ် လုပ်ရလွယ်ကူပြီး အရသာရှိလှတဲ့ နဂါးမောက်သီးအုန်းနို့ကျောက်ကျောလုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်........
  • ပြုလုပ်နည်းမှာ-

    -နဂါးမောက်သီး(အနီရောင်)အမှည့်တစ်လုံးကိုအခွံခွာပြီးလက်နဲ့ ဖျစ်ညှစ် ချေထားပါ။

    -အာဂါးကျောက်ကျော အစိမ်းရောင် (အထုပ်သေး)ကိုအိုးထဲထည့်ပြီး ရေ ၂လီတာနဲ့ဖျော်ပါ ။

    -အုန်းနို့သံဘူးအသေးတစ်လုံးကိုလောင်းထည့်ပါ ။

    -သကြား ၂၅ ကျပ်သားထည့်ပါ ။

    -အိုးကို မီးအတန်အသင့်နဲ့ အပူပေးပါ။

    ကျောက်ကျောရည် ဆူပွက်လာချိန်ကျရင် မိနစ်(၂၀)လောက်ကြာအောင် မပြတ်မွှေပေးပါ ။

    -မိနစ်(၂၀)ပြည့်ရင် ကျောက်ကျောအိုးထဲကိုနဂါးမောက်သီးချေထားတာ ထည့်မွှေပါ ။

    ပြီးရင်မီးဖိုပေါ်ကချပြီး ဘန်းထဲကိုလောင်းထည့်ပါ။

    -ဗန်းကိုငြိမ်ငြိမ်ထားပြီး အေးသွားတဲ့အခါ ရေခဲသေတ္တာထဲထည့်ပြီး စားလိုတဲ့အချိန်

    လှီးစားနိုင်ပါပြီ။

    -နဂါးမောက်သီးရဲ့ သဘာဝအရောင်အသွေးကအသဲကွဲရောင်လေးမို့ စားချင်စဖွယ်

    ဆွဲဆောင်မှု အပြည့်ရှိပါတယ်။

    Burmese Food Lover ဆောင်းပါးမှ ကူးယူဖော်ပြသည်။

    --------------

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
6
comments
0
views
1448