ရှမ်းပြည်နယ် နိုဝင်ဘာ ၁ ရက် မှ နိုဝင်ဘာ ၇ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
· အောက်တိုဘာ ၃၁ ရက်နေ့ညတွင် ထိုင်းပင်လယ်ကွေ့မှ အနောက်ဘက်သို့ ရွေ့လျားဝင်ရောက်လာသည့် လေပွေလှိုင်းသည် ကပ္ပလီပင်လယ်ပြင်အတွင်း ပုသိမ်မြို့တောင်ဘက် ၂၄၄ မိုင်ခန့်၊ ထားဝယ်မြို့အနောက်ဘက် ၂၅၅ မိုင်ခန့်သို့ရောက်ရှိလာပြီး၊ နိုဝင်ဘာလ ၁ ရက် နံနက်ပိုင်းတွင် ကိုကိုးကျွန်းတောင်ဘက်မှ ဖြတ်သန်းပြီးအနောက်မြောက်ဘက်(ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းသို့)ဆက်လက်ရွေ့လျားနိုင်ပါတယ်။
· လေပွေလှိုင်းသည် နိုဝင်ဘာ ၂ ရက်နေ့ နေ့လည် ၁၂ နာရီအထိ၊ မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီး၊ ဂွမြို့အနောက်ဘက် ၁၁၅ မိုင်ခန့်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ICON model မှ ခန့်မှန်းထားပါတယ်။ ECMWF model ခန့်မှန်းချက်မှာ နိုဝင်ဘာ ၂ ရက် နေ့လည်တွင် ပုသိမ်မြို့အနောက်တောင်ဘက် မိုင် ၁၀၀ ခန့်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
· အခုဖြစ်ပေါ်နေတဲ့ ကပ္ပလီပင်လယ်မြောက်ပိုင်းမှ လေပွေလှိုင်းအရှိန်ကြောင့်၊ နိုဝင်ဘာ ၁ ရက် မှ ၃ ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၃ လက်မ အထက်ရွာသွန်းရရှိနိုင်ပြီး နေရာကွက်၍မိုးများနိုင်ပါတယ်။
· တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၂ လက်မအထက် ၃ လက်မနီးပါး ရွာသွန်းရရှိနိုင်ပါတယ်။
· မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်တွေမှာ ၃ ရက်အတွင်းမိုးရေချိန် ၂ လက်မ အထက်-၃ လက်မနီးပါးနှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တွေမှာ ၃ ရက်အတွင်း မိုးရေချိန် ၁ လက်မအောက်- မိုးအနည်းငယ်ရွာသွန်းနိုင်ပါတယ်။
ယခု ၁ ပါတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ
Ventusky Icon Model Update အရ
· Highest rainfall: Taunggyi (Southern Shan) ~4.7 in (≈120 mm) ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် ၇ ရက်မိုးရေချိန် ၄.၇ လက်မ(120mm/7days) ယခု ၁ ပတ်အတွင်း မိုးရေချိန်အများဆုံးရွာနိုင်ပါသည်။
· Wettest region overall: Southern Shan (avg ~3.5 in / 89 mm) ရှမ်းပြည်နယ်တောင်ပိုင်းသည် စိုစွတ်မှုအရှိဆုံး(Wettest Region)ဖြစ်နိုင်ပါမည်။
· Lightest rainfall: Northeastern dry corridors (Mong Yawng, Tangyan <2.5 in) ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း မိုင်းယောင်းနှင့် တန့်ယန်းမြို့နယ်များတွင် ၇ ရက်မိုးရေချိန် ၂.၅ လက်မခန့်သာရွာနိုင်ပြီး မိုးအနည်းဆုံးမြို့နယ်များဖြစ်နိုင်ပါမည်။
· ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်-လားရှိုး မြို့နယ်/ခရိုင်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီး-ကလော မြို့နယ်/ခရိုင်တွေမှာ ယခုတပတ်အတွင်း မိုးအများဆုံး ၇ ရက်မိုးရေချိန် ၄ လက်မအထက် ရွာသွန်းရရှိနိုင်ပါတယ်။
ရှမ်းပြည်နယ်အတွင်း မြောက်/အရှေ့/တောင်ပိုင်းရှိ မြို့နယ်/ခရိုင်များအလိုက် ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်များ
· ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး၊ မူဆယ် - ၄ လက်မအထက်၊ ကျောက်မဲ၊ နမ္မတူ၊ သီပေါ - ၃ လက်မအထက်၊ ကွတ်ခိုင်၊ တန့်ယန်း၊ မိုင်းရယ် - ၂ လက်မအထက်
· ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ် - ၃ လက်မအထက်၊ တာချီလိတ်၊ မိုင်းပျဉ်း၊ မိုင်းယောင်း - ၂လက်မအထက်
· ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီး၊ ကလော - ၄ လက်မအထက်၊ လွိုင်လင်၊ ညောင်ရွှေ၊ ပင်လောင်း - ၃လက်မအထက်၊ ဟိုပုံး၊ ပင်းတယ၊ ရပ်စောက် - ၂ လက်မအထက်
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၈°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၉°C ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၂၂°C ခန့်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း တောင်ဘက်နှင့် အရှေ့တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၂၅ မိုင်ခန့်အထိရှိနိုင်ပါတယ်။
· ရှမ်းပြည်နယ်ရဲ့ လေထုစိုထိုင်းဆအခြေအနေများအနေနဲ့ နေ့လည်ပိုင်းအချိန်တွေမှာ ၅၀% မှ ၆၀% ဝန်းကျင် ရှိနိုင်ပြီး ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၉၀% မှ ၁၀၀% အထိ ရှိနိုင်ပါတယ်။
· လေထုစိုထိုင်းဆမြင့်မားချိန် ၂၉ ရက်အထိ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၃၀°C ခန့်ရှိနေနိုင်ပါမယ်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ လေထုညစ်ညမ်းမှုအခြေအနေသည် Good to Moderate အသင့်အတင့်သာ မြင့်မားမှုရှိတာကြောင့် စိုးရိမ်စရာမရှိပါ။
Win Naing
Administration Team,
MMWEATHER,
ငါးကန်ရေအရောင်စစ်ဆေးရန် အကြံပြုချက်
- ငါးနှင့်ရေသတ္တဝါအားလုံးသည် သဘာဝအစာ (သက်ရှိအစာ)ကို အခြေခံစားသောက်ကြပါသည်။
- သဘာဝအစာဆိုသည်မှာ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများဖြစ်ကြပါသည်။ ကန်အတွင်းသဘာဝ အစာ ရှိနေပါက ကန်ရေ၏အရောင်သည် အစိမ်းရောင် ပေါ်ပေါက်နေပါသည်။
- ကန်ရေ၏အရောင်သည် အစိမ်းနုရောင် ရှိနေပါက သဘာဝအစာ သင့်တင့်မျှတစွာရှိနေကြာင်းကို ဖော်ပြပြီး၊ အစိမ်းရင့်ရောင်ဖြစ်နေပါက သဘာဝအစာပေါများစွာရှိနေကြောင်းကို ဖော်ပြပါသည်။ ကန်အတွင်း သဘာဝအစာပေါက်ဖွားခြင်းသည် အလင်းမှီစုဖွဲ့အစာချက်လုပ်ခြင်းမှ ပေါက်ဖွားလာခြင်းဖြစ်ပါသည်။
---------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း