cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကိုယ်ခန္ဓာမှာ ဓာတ်ဆားချို့တဲ့လာရင် ဘယ်လိုအစားအစာတွေစားသုံးသင့်သလဲ

. ကျန်းမာရေး
ကျွန်ုပ်တို့ကိုယ်ခန္ဓာမှာ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။
    • ခေါင်းကိုက်တာ 
    • နုံးတာ 
    • ရင်တုန်တာ 
    • ကြွက်တက်တာ 
    • ကြွက်သားတွေ အားနည်းတာ 
    • ခြေချောင်း၊ လက်ချောင်းတွေ ထုံကျင်တာ 
    • ပျို့အန်တာတွေတာ ဓာတ်ဆားချို့တဲ့တဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ 

     ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ 

    သာမန်ဖျားတာ၊ ‌ချွေးထွက်များတာကြောင့် ဓာတ်ဆားဓာတ်တွေ နည်းနေပြီဆိုရင်တော့ ခုပြောတဲ့ အစားအသောက်တွေကို ‌နေ့စဉ်ပါဝင်အောင်စားသောက်ပြီး ပြန်လည်ဖြည့်တင်းပေးလို့ ရပါတယ်။ 

    စားစရာတွေထဲမှာဆိုရင်တော့ 

    • အစိမ်းရောင် ဟင်းရွက်တွေ -ဥပမာ မုန်ညင်း၊ ကိုက်လန်။ 
    • အခြားဟင်းသီးဟင်းရွက်တွေထဲမှာဆိုရင် ထောပတ်သီး၊ ကန်စွန်းဥ၊ အာလူး၊ ရွှေဖရုံသီး။ 
    • အသီးအနှံတွေထဲမှာဆိုရင် ငှက်ပျောသီး၊ ဆီးသီးနဲ့ တခြား အသီးအနှံတော်တော်များများက ဓာတ်ဆားဓာတ် ကြွယ်ဝပါတယ်။ 
    • နို့ထွက်ပစ္စည်းတွေမှာဆိုရင်တော့ ချိစ်၊ ဒိန်ချဉ် စတာတွေက ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ စားစရာတွေပါ။ 
    • သီဟိုဠ်စေ့လိုမျိုး အစေ့အဆန်တွေ ပုံမှန်စားပေးရင်လည်း ဓာတ်ဆားဓာတ်ပြည့်ဝစေပါတယ်။ 
    • ပဲနီ၊ ပဲဝါ၊ ပဲပုပ်စေ့၊ တို့ဖူး အပါအဝင် ပဲအမျိုးမျိုးကလည်း ဓာတ်ဆားဓာတ် ပြည့်ဝစေတဲ့ အစားအစာတွေပါ။ 

    သောက်စရာတွေထဲမှာဆိုရင်တော့ 

    • နွားနို့အပါအဝင် နို့အမျိုးမျိုး 
    • ဓာတ်ဆားတွေ ဖြည့်စွက်ထားတဲ့ ဓာတ်ဆားအားဖြည့်ဖျော်ရည် 
    • လိမ္မော်သီးဖျော်ရည် 
    • အုန်းရည် 
    • ပဲနို့ 
    • ခရမ်းချဉ်သီး ဖျော်ရည်အပါအဝင် သစ်သီးဖျော်ရည်စတာတွေကို သောက်ပေးမယ်ဆိုရင် ချို့တဲ့နေတဲ့ ဓာတ်ဆားဓာတ်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ 

    ဓာတ်ဆားဓာတ်တွေ ချို့တဲ့တာက အဖြစ်များတဲ့ ပြဿနာပါ။ လက္ခဏာမပြလို့ မသိကြပေမယ့် မိမိမှာ အထက်ပါ အခြေအနေတွေ ရှိတယ်ဆိုရင် ဓာတ်ဆားဓာတ်ချို့တဲ့နိုင်တယ်ဆိုတာ သတိထားရပါမယ်။ ရောဂါကြောင့်၊ ဆေးဝါးတွေကြောင့် ဓာတ်ဆားချို့တဲ့တာဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး သေချာတိုင်ပင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စားသောက်နေထိုင်မှု၊ ချွေးထွက်များတာ စတာတွေကြောင့်ဆိုရင်တော့ နေ့စဉ်စားတဲ့ အစားအစာတွေထဲမှာ ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ထည့်သွင်းပေးမယ်ဆိုရင် ဓာတ်ဆားဓာတ်တွေ ပြန်လည်ပြည့်ဝလာမှာ ဖြစ်ပါတယ်။ 

    Hello ဆရာဝန်မှကူးယူဖော်ပြသည်။ 

    ✦✦✦✦✦✦✦✦✦✦✦ 


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 


  • article
likes
8
comments
0
views
1938