cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါင်းသတ်ဆေးအသုံးပြုသည့် တောင်သူဦးကြီးများ သတိထားစေရန်

. ပေါင်းသတ်ဆေး
တောင်သူဦးကြီးတို့ သတိမမူမိပဲပြုလုပ်လေ့ရှိတဲ့ ပေါင်းသတ်ဆေးလွဲမှားစွာ ပက်ဖျန်းခြင်းတွေကို သတိထား မိနိုင်စေရန်အလို့ငှာ ရေးသားဖော်ပြပေးလိုက်ရပါတယ်ခင်ဗျာ။
  • ဆေးရွက်ကြီးစိုက်ပျိုးတောင်သူဦးကြီးတစ်ဦးသည် ပေါင်းသတ်ဆေးဖျန်းပြီး မဆေးကြောထားသော ဆေးဖျန်းပုံးအား သတိမမူမိပဲ ရွက်ဖျန်းအားဆေးထည့်ဖျန်းမိခဲ့ရာမှ စတင်မှားယွင်းခဲ့ခြင်းဖြစ်ပါတယ်။ ဆေးဖျန်းချိန်တွင် ဆေးဖျန်းပုံးထဲမှ လက်ကျန်ဆေးရည်များအား ပေါင်းသတ်ဆေးဆိုတာကို မေ့လျော့ကာ မဆေးမိပဲဆေးရွက်ကြီးခင်းတွင် ပက်ဖျန်းခဲ့ပါတယ်။ ဆေးရွက်ကြီးအရွက်တွေစတင် ဝါလာခဲ့ပါပြီ။ 

    ပေါင်းသတ်ဆေးလက်ကျန်ပမာဏနည်းသော်တည်း ဆေးဖျန်းပုံး ၁ ပုံးစာ ပက်ဖျန်းမိသွားပြီ ဖြစ်တဲ့အတွက် ဘာဆက်လုပ်သင့်သလဲ............ 

    ပေါင်းသတ်ဆေးလွဲမှားခြင်းအတွက် ဖြေဆေးရယ်လို့မရှိပါ........ 

    လုပ်ဆောင်ရမည့်အချက်များမှာ- 

    • သိသိချင်း ထွက်တိုးကောစင်တာ (၀၉-၉၇၇၉၁၀၀၀၀)ကို ချက်ချင်းဆက်သွယ်ပေးပါ။ 
    • ပက်ဖျန်းမိလိုက်သော ပေါင်းသတ်ရဲ့ ဆေး ai (အစွမ်းရှိပစ္စည်း)ကို သေချာစွာပြောပေးပါ။ 
    • ရေသန့်သန့်ဖြင့် ပက်ဖျန်းမိသောနေရာ/စိုက်ခင်းအား ၁၀ ဆ ပက်ဖျန်းပေးပါ။ 
    • အပင်အခြေအနေအား နေ့စဥ်စောင့်ကြည့်ပေးပါ။  
    • ပေါင်းသတ်ဆေးပက်ဖျန်းမိသည့်နေ့မှစ၍ ၃-၄ ရက် ရေဖြင့် နေ့စဥ် မနက် ၁ကြိမ်- ညနေ ၁ကြိမ် ပက်ဖျန်းပေးပါ။ 
    • အထူးသတိပြုရမည့်အချက်မှာ ပေါင်းသတ်ဆေးဖျန်းသည့် ဆေးဖျန်းပုံးအား အခြားသော ဆေးဖျန်းပုံးများနဲ့ အတူ အသုံးမပြုပဲ သီးသန့်ထားရှိပေးပါ။ 
    • သီးသန့်ထားရှိရန်အဆင်မပြေပါက ပေါင်းသတ်ဆေးဖျန်းပြီးတိုင်း အောက်ဖော်ပြပါအတိုင်း သန့်စင်စွာဆေးကြောပေးပါ။ 
    • ဆေးကြောရာတွင် ပထမဦးစွာ ရွှံ့နှစ်ရည်ဖြင့် စတင်ဆေးကြောပေးပါ။ 
    • ထို့နောက် ရေသန့်သန့်ဖြင့် ၄-၅ ကြိမ်တိတိ ပြန်လည်ဆေးကြောပြီး နေလှန်းပေးပါ။ 
    • ဆေးဖျန်းပုံးအား သီးသန့်မထားနိုင်သော်လည်း ဆေးဖျန်းပိုက်နှင့်ဆေးဖျန်းခေါင်းတို့အား သီးသန့် ထားရှိပေးပါ။ 

    ✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ -

    https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် -

    https://htwettoe.com/post/38752 


  • article
likes
12
comments
1
views
1787