"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၂)"
တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။
အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ
- ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ
ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။
ကံထူးရှင်များကို ထွက်တိုးမှ
1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်
2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်
3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၃) စစ်တကောင်းကြက် ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော်
တိုင်းရင်းကြက်မျိုးများထဲမှ အသားအတွက်နှင့်ဥအတွက်မွေးရန်သင့်တော်သောကြက်မျိုးများမှာ-
(၁) စစ်တကောင်းကြက် ( စိမ်းနီရောင်ရှိပီး အမောက်ကြီးသည်။ အရွယ်ရောက်အထီးသည် ၂ ပိသာ၊၅၀ ကျပ်သားထိရှိပီး အမသည် ၂ ပိသာအထိ ရှိပါသည်။)
(၂) အင်ပင်ဝကြက်
(၃) လည်ပြောင်ကြက်
(၄) လုံးတီးကြက်
ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) အမဲရောင်အုပ်စု ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်
အမဲရောင်အုပ်စုဝက်များသည် အမဲ၊ နီညို၊ အဝါ၊ အကွက်၊ အကြား၊ စသည့်အရောင်ရှိသော ဝက်များ ဖြစ်သည်။ ခြံကိုစနစ် တကျမဆောက်နိုင်၊အစာကိုစံနစ်တကျမကျွေးနိုင်ပါကအမဲရောင်အုပ်စုဝက်များကို ရွေးချယ်မွေးမြူသင့် ပါသည်။အမဲရောင်အုပ်စုဝက်များကိုဒေသဝက်များဟုအလွယ်တကူမှတ်ယူနိုင်ပါသည်။
ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။





ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း