မတ်ပဲတွင် အဓိကကျရောက်သော ဖျက်ပိုးလက္ခဏာများနှင့် ကာကွယ်နှိမ်နင်းနည်းများ
. ပိုးမွှား
သီးလုံးဖောက်ပိုးသည် လောက်ကောင်ဘဝ-အရွက်၊အဖူး၊အပွင့်၊ အသီးတို့ကို ကိုက်ဖြတ်စားသောက်ဖျက်ဆီးပြီး အရွက်များတွင် ဆန်ကာပေါက်ပုံစံ၊ ရွက်ကြောများသာ ကျန်သည်အထိ ဖျက်ဆီးသည်။
ပျပိုး
- ပဲအပင်ပေါက် (၂-၄)ပတ်အတွင်းဆိုးရွားစွကျရောက်တတ်
- အရွက်၊အညွန့်များမှာ အစုလိုက်အပြုံလိုက်စုဝေးကျရောက်
- Honeydew (အချိုရည်) စစ်ထုတ်- ပုရွက်ဆိတ်တွေလာတတ်
- ဗိုင်းရပ်စ်ရောဂါကိုသယ်ဆောင်
ကာကွယ်နှိမ်နင်းနည်း
- ဖျက်ပိုးများခိုအောင်းရာ စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်တွေရှင်းပါ
- ပင်ကြားတန်းကြား၊စိုက်ခင်းလေဝင်လေထွက် ကောင်းအောင် ဆောင်ရွက်ပါ၊
- အစိုဓာတ်ကိုချိန်ညှိပါ
- နိုက်ထရိုဂျင်မြေသြဇာ အလွန်အကျွံသုံးခြင်းကိုရှောင်ပါ
- တမာဆီ၊ Acetamiprid, Spinosad, Fipronil, Thiamethoxam
သီးလုံးဖောက်ပိုး
- လောက်ကောင်ဘဝ-အရွက်၊အဖူး၊အပွင့်၊ အသီးတို့ကို ကိုက်ဖြတ်စားသောက်ဖျက်ဆီး
- အရွက်များတွင်ဆန်ကာပေါက်ပုံစံ၊ ရွက်ကြောများသာကျန်
- ရုပ်ဖုံးပြုလုပ်ပြီး ပင်ကြွင်းပင်ကျန်၊ ပေါင်းမြက်များတွင်ခိုအောင်းနေတတ်
ကာကွယ်နှိမ်နင်းနည်း
- အပင်ပေါ်ရှိ ဥ၊လောက်ကောင်များကိုလက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ
- မီးထောင်ချောက်ထွန်းပြီး ဖလံများကိုဖမ်းယူဖျက်ဆီးပါ
- မြေပြင်ချိန်- Thiamethoxam, Carbosulfan, Fipronil
- Indoxacarb+ Lambda-cyhalothrin, Emamectin benzoate+ Lambda, Acephate
ပွင့်ထွေးပိုး
- အရွက်၊ အဖူး၊ အပွင့်တို့ကို လောက်ကောင်ရဲ့ပါးစပ်အစိတ်အပိုင်းကထုတ်တဲ့ချည်မျှင်ဖြင့်လုံးထွေးစားသောက်
- သီးတောင့်ကိုခွဲကြည့်ရင် လောက်ကောင်နဲ့ အညစ်အကြေးတွေကိုတွေ့ရ
ကာကွယ်နှိမ်နင်းနည်း
- အဖူးစတင်ဝင်ချိန် (ဥကနေအကောင်ပေါက်တာကိုဟန့်တားနိုင်) – Thiodicarb, Flubendiamide, Indoxacarb
- ပွင့်ထွေးလောက်ကောင်အဆင့်- Emamectin benzoate, Chlorantraniliprole, Indoxacarb, Spinosad
ပဲဂျပိုးစိမ်း
- အရွက်အောက်မျက်နှာပြင် ဥအုလေ့ရှိ
- အစိုဓာတ်နည်းပြီး ပူနွေးတဲ့ရာသီဥတုမှာပွားနှုန်းမြန်
ကာကွယ်နှိမ်နင်းနည်း
- ဥမြုံတွေတွေ့ရင်မဖြစ်မနေဖျက်ဆီးပစ်ပါ
- စိုက်ခင်းအစိုဓာတ်သေချာထိန်းညှိပါ
- သီးလှည့်စိုက်ပေးပါ။
- ကျရောက်မှု မများသေးရင်- ဆပ်ပြာဆီရည်၊ ကြက်သွန်ဖြူရည်
- Acetamiprid+ Lambda cyhalothrin/ Profenofos + Lambda cyhalothrin
- ပဲပင်စည်ထိုးယင်
- လောက်ကောင်- အရွက်၏အတွင်းသားကို ထွင်းဖောက်၍စားသောက်
- အရွက်မှာ အစိမ်းရောင်အသားများဖျော့လာ-အဝါရောင်မီးလောင်ထားသကဲ့သို့ တဖြည်းဖြည်းခြောက်သွေ့သွား
- အရွက်၊ ရွက်ညှာကနေတစ်ဆင့် ပင်စည်ထဲသို့ဝင်သွား- ပင်စည်ဖောင်းပွ၍ အက်ကွဲကြောင်းများဖြစ်
- ကာကွယ်နှိမ်နင်းနည်း
- လက္ခဏာတွေ့ရသောအပင်ကိုနုတ်ယူမီးရှို့ဖျက်ဆီးပစ်ပါ
- ရိတ်သိမ်းပြီး ပင်ကြွင်းပင်ကျန်သေချာရှင်းပါ
- မြေခံ- Fipronil,Carbosulfan
- Thiamethoxam, Acephate
ရွက်စုံစားခူဝါ
- လောက်ကောင်- အရွက်ရဲ့အစိမ်းရောင်တစ်သျှူးသားကိုခြစ်စား
- အကောင်ကြီးအဆင့်- အရွက်များကိုကိုက်ဖြတ်စားသောက်
ကာကွယ်နှိမ်နင်းနည်း
- ပေါင်းမြက်များရှင်းလင်းပါ
- လောက်ကောင်အစုလိုက်ကျနေသော အရွက်တွေကိုညှပ်ယူပြီး ကြွပ်ကြွပ်အိတ်ထဲထည့်လာပါ
- Cypermethrin, Cyrantraniliprole
ငမြောင်တောင်
- လောက်ကောင်-အရွက်တစ်သျှူးသားများကိုခြစ်စား
- အကောင်ကြီးအဆင့်- အပင်အစိတ်အပိုင်းများကိုကိုက်ဖြတ်စားသောက်
- လောက်ကောင်- နံနက်အစောပိုင်းနှင့် ညအချိန်မှာ အဓိကဖျက်ဆီး၊ နေ့အချိန်- ခိုအောင်းနေ
ကာကွယ်နှိမ်နင်းနည်း
- ဥမြုံများ၊ ပိုးလောက်ကောင်များကိုလက်ဖြင့်ကောက်ယူဖျက်ဆီးပစ်ပါ
- မီးထောင်ချောက်ထွန်း၍ ဖလံများကိုညအချိန်တွင်ဖမ်းယူပါ
- Cypermethrin, Emamectin benzoate, Lambda cyhalothrin, Profenofos, Thiodicarb, Indoxacarb+ Chlorantaniliprole
ယင်ဖြူ
- အဝါရောင်မိုဆေ့ဗိုင်းရပ်စ်သယ်ဆောင်ကောင်ဖြစ်
- Honeydew စွန့်ထုတ်၊ အရွက်ပေါ်တွင် ကြပ်ခိုးမှိုများကိုပူးတွဲတွေ့ရ
ကာကွယ်နှိမ်နင်းနည်း
- နိုက်ထရိုဂျင်ယူရီးယားမြေသြဇာအလွန်အကျွံမသုံးသင့်
- စိုက်ခင်းမြေစိုထိုင်းဆကိုထိန်းထားပါ
- ပင်ခြေက ပေါင်းမြက်အမှိုက်သရိုက်တွေကိုမဖြစ်မနေရှင်းပေးပါ
- Acetamiprid, Pymetrozine+ Nintepyram, Abamectin, Dinotefuran
Dr.DaDa (သီးနှံကာကွယ်ရေးဆိုင်ရာ အထွေထွေဗဟုသုတများ) ထံမှ ကိုးကားဖော်ပြအပ်ပါသည်။
-------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။

6
0
740

ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း