cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

. ကျန်းမာရေးဆောင်းပါးများ
တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေး စားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူး သုပ်ကို စားဖူးတယ်ဟုတ်။
  • ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်​ခြောက်တွေကိုထောင်းပြီး ကြက်သွန်နီ ပါးပါးလှီး၊ မယ်ဇလီဖူးကို ပါးပါးလှီးပီး သုပ်ထားတဲ့ အသုပ်လေးက ရေနွေးကြမ်းလေးနဲ့ဆို အတော်လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ လပြည့်ညမှာ အိမ်ရှေ့မြေပြောင်ပြောင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စားလိုက်ရရင် အတော်လေး အရသာရှိမှာပါ။

    ဒီ မယ်ဇလီဖူးသုပ်လေးကို ဘာလို့ ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    မယ်ဇလီဖူး ဆိုတာ

    မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးတာမျိုးလည်း ရှိပါတယ်။

    မယ်ဇလီဖူးမှာ ဘာတွေပါ

    ဆေးပေါင်းခဖို့ စားကြတဲ့ မယ်ဇလီဖူးလေးမှာ

    • ကလိုရိုဖီး
    • ကယ်လ်ဆီယမ်
    • သံဓာတ်
    • နီကာဆင်
    • ဘိုင်အိုတင်
    • ဖောလစ်အက်ဆစ်
    • မဂ္ဂနီဆီယမ်
    • ဖော့စဖရိတ်
    • ပိုတက်ဆီယမ်
    • ​ဗီတာမင် C
    • ​ဗီတာမင် D
    • ​ဗီတာမင် E
    • ​ဗီတာမင် K တို့ပါဝင်နေပါတယ်။

    တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

    တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး က

    သွေးချို ကျစေတယ်

    မယ်ဇလီဖူးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်တာကြောင့် ဆီးချို ရှိသူတွေအတွက် သင့်တော်တဲ့ ဓာတ်စာတစ်ခုပါ။ ဆီးချိုဖြစ်နိုင်ခြေကိုလည်း နည်းစေပါတယ်။

    ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

    မယ်ဇလီဖူးမှာပါတဲ့ saponins လို့ခေါ်တဲ့ သဘာဝဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အစာခြေလမ်းကြောင်းကို ဒုက္ခပေးတဲ့ ဘက်တီးရီးယားတွေကိုရော အရေပြားကို ထိခိုက်စေတဲ့ ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားပေးနိုင်တာပါ။ မှိုပိုးတွေကိုလည်း တိုက်ဖျက်ပေးပါတယ်။

    ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေနိုင်တယ်။

    မယ်ဇလီဖူးရဲ့ နောက်ထပ်အာနိသင်တစ်ခုက လေဒီလေးတွေရဲ့ ဆီးလမ်းကြောင်းပိုးဝင်တာကို အထိရောက်ဆုံး သက်သာစေနိုင်တာပါ။ ဘက်တီးရီးယား ပေါက်ဖွားမှုကို ဟန့်တားပေးပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

    ဝမ်းမှန်စေတယ်

    မယ်ဇလီဖူးက သဘာဝ ဝမ်းနုတ်ဆေးတစ်မျိုးပါ။ အစာခြေစနစ်ကို ကျန်းမာစေပြီး အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းစေတာကြောင့် ဝမ်းချုပ်တတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။

    ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်။

    မယ်ဇလီဖူးရဲ့ နောက်ထပ် အာနိသင်တစ်ခုက လေဒီလေးတွေကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေတာပါ။ ရာသီသွေးကို မှန်စေပြီး သွေးတွေ အများကြီး ဆင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    သွေးတွင်းကိုလက်စထရော ကျစေတယ်။

    မယ်ဇလီဖူးက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကိုယ်အလေးချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဝိတ်ကျချင်သူတိုင်း စားပေးသင့်ပါတယ်။ အခြောက်ခံပြီး ရေနွေးနဲ့ စိမ်သောက်ပေးလို့လည်း ရပါတယ်။

    အရေပြား ကျန်းမာစေတယ်။

    မယ်ဇလီဖူးက အရေပြားပေါ်က အမာရွတ်တွေ၊ အမညစက်တွေကိုလည်း သက်သာစေနိုင်ပါတယ်။ အခြောက်ခံ အမှုန့်လုပ်ပြီး ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်လို့ အရေပြားပေါ်မှာ လိမ်းပေးလို့ ရသလို စားပေးလို့လည်း ရပါတယ်။

    ကိုယ်နံ့ကင်းစေတယ်

    ကိုယ်နံ့ပြင်းတာကြောင့် စိတ်ညစ်နေတယ်ဆိုရင် သဘာဝဆေးနည်းလေးဖြစ်တဲ့ မယ်ဇလီဖူးကို စားပေးပါ။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်နံ့ပြင်းတာကို သက်သာစေမှာပါ။

    ဘာတွေ သတိထားရမလဲ

    လူတိုင်း စားလို့ ရပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလို အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ အလွန်အကျွံ စားမယ်ဆိုရင် ဝမ်းသွားတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရှိနေသူတွေလည်း အများကြီး စားတာမျိုး မလုပ်ပါနဲ့။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    မယ်ဇလီဖူးက ဆေးဖက်ဝင်တယ်ဆိုပေမယ့်

    • ရောဂါတစ်ခုခု ရှိတာကြောင့် ဆေးသောက်နေရသူတွေ
    • ရောဂါအခံ ရှိသူတွေ
    • ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မေမေတွေ၊ ကလေးတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသင့်ပါတယ်။

    ကဲ…ဘယ်လိုလဲ။ ဖွားဖွားအတင်းခွံတဲ့ မယ်ဇလီဖူးသုပ်ကို စားသင့်ရဲ့လား………… ကိုယ်တိုင် စဉ်းစားလိုက်တော့နော်…………..

    Source: Hello Sayarwon

    -------    

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
746