မိုးနှောင်းကာလ မိုးလေဝသသုံးသပ်ချက် (နိုဝင်ဘာလ၊ ဒီဇင်ဘာလ၊ ဇန်နဝါရီလ)⛈⛈
ကြိုတင်သုံးသပ်ကြည့်လျှင် -
#နိုဝင်ဘာလတွင်
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းမှလွှဲပြီး ကျန်ဒေသများတွင် ပုံမှန်မိုးရေချိန်ထက် မိုးရွာနိုင်သွန်းနိုင်မှု များနိုင်ပါသည်။ သို့ပေမယ့် တစ်လအတွင်း ၈ လက်မအောက်သာ ရွာသွန်းနိုင်ပါသည်။
ချင်းပြည်နယ်တစ်ခုလုံးနှင့် ထိစပ်နေသောဒေသအချို့တွင် ပုံမှန်ထက် မိုးရေချိန်များနိုင်ပါသည်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းမြောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်များ၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် ပုံမှန်ထက် မိုးအသင့်တင့်မှ မိုးများနိုင်ပါသည်။
ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် - ဗူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ စစ်တွေမြို့နယ်များ၊ မန္တလေးတိုင်း -ကျောက်ဆည်၊ မြင်းခြံမြို့နယ်များ၊ ကချင်ပြည်နယ် - မြစ်ကြီးနားမြို့၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်အထက်ပိုင်းတို့တွင် ပုံမှန်မိုးရေချိန်မှ မိုးအနည်းငယ်များနိုင်ပါသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မန္တလေးတိုင်း မိတ္ထီလာခရိုင်၊ ကရင်ပြည်နယ်တို့တွင် ပုံမှန်မိုးရေချိန် ရရှိနိုင်ပါသည်။
ကျန်ပြည်နယ်နှင့်တိုင်းများတွင် ပုံမှန်မိုးရေချိန်မှ မိုးလျော့သွားနိုင်ပါသည်။
#ဒီဇင်ဘာလတွင်
ရှမ်းပြည်နယ်တွင် ပုံမှန်မိုးရေချိန် ရရှိနိုင်ပြီး ကချင်ပြည်နယ်တွင် ပုံမှန်မိုးရေချိန်မှ မိုးလျော့သွားနိုင်ပါသည်။ ကျန်ပြည်နယ်နှင့်တိုင်းများတွင် ခြောက်သွေ့လာနိုင်ပါသည်။
#ဇန်နဝါရီလတွင် မြန်မာနိုင်ငံတစ်ဝှမ်း ခြောက်သွေ့လာနိုင်ပါသည်။
အပူချိန် ခန့်မှန်းချက်
ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် ခြောက်သွေ့လာနိုင်ပါသည်။ နိုင်ငံတစ်ဝှမ်း ပုံမှန်ထက် အပူချိန် တိုးလာနိုင်ပါသည်။ ပုံမှန်မဟုတ်သော အပူချိန်အပြောင်းအလဲရှိနိုင်သည့်အခြေအနေများကို နိုဝင်ဘာလတွင် မန္တလေးတိုင်းနှင့် မကွေးတိုင်း၊ ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် တွေ့နိုင်ပါသည်။
Source: Weather Impact
(၀၅.၁၁.၂၀၂၅ ရက်နေ့သုံးသပ်ချက်)
နိုဝင်ဘာလအတွက် မိုးလေဝသ တလစာ ကြိုတင်ခန့်မှန်းချက်အရ လအစောပိုင်းအတွက် အချို့နေရာများတွင် အနည်းငယ်မိုးရွာနိုင်ပြီး အချို့နေရာများတွင် အေးလာမည်ဟု သိရှိရပါသည်။ ထို့ကြောင့် တိရစ္ဆာန်များအတွက် တစ်လတာ ကြိုတင်လုပ်ဆောင်စရာများကို ဖော်ပြအပ်ပါသည်။
၁။ ဝက်မွေးမြူရေး
-ရာသီဥတုအေးလာသည့်အတွက် ဝက်လတ်နှင့်ဝက်ကြီးများအတွက် ကောင်းသော်လည်း သားပေါက် ဝက်(ရက် သားဝက်) နှင့် ၂ လသားအောက် ဝက်ကလေးများအတွက် အအေးမမိစေရန်သတိပြုရန်လိုပါသည်။ ထိုဝက်က လေးများအတွက် လေတိုက်ရာ လမ်းကြောင်းကို အောက်ခြေမှ ကာရံထားပေးရန်လိုပါသည်။နွေးနွေးထွေးထွေး ထားရန်လိုပါသည်။
-အချို့နေရာများတွင် ဝက်ရောဂါ ဖြစ်ပွားနေသည့်အတွက် ဇီဝလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ရမည့်အချက်များကို သေချာစွာဖတ်ရှုပီး လိုက်နာလုပ်ဆောင်ရန်လိုအပ်ပါသည်။
၂။ တိုင်းရင်းကြက်မွေးမြူရေး
-အအေးဝင်လာသည့်အတွက် ကြက်ဥနှုန်း၊ကြက်ပေါက်နှုန်း၊ ကြက်ကလေးရှင်သန်မှုနှုန်းများ ပိုမိုကောင်းလာနိုင်ပါ သည်။သို့သော် ကြက်ကလေးအသက် ၁ရက် မှ ၁လ သားအရွယ်များ အအေးမမိစေရန် ညဘက်တွင်နွေးထွေးစွာ သိပ်ပေးရန်လိုပါသည်။
-ကြက်လည်လိမ်ကာကွယ်ဆေးကို မပေးဖြစ်သေးပါက ယခုလတွင် စတင်ပေးရန်လိုပါသည်။ သို့မှသာ နောက်ထပ် ၃ လခန့်အကြာတွင်နောက်ထပ် တကြိမ် ထပ်မံပေးခြင်းဖြင့် နွေရာသီတွင် လည်လိမ်ရောဂါဖြစ်ပီး ကြက်များ အုပ်လိုက်သေဆုံးခြင်းကို ထိထိရောက်ရောက်ကာကွယ်နိုင်မည်ဖြစ်သည်။
- လည်လိမ်(လာဆိုတာ)+ အိုင်ဘီ ..........အကောင် ၁၀၀၀ စာ မျက်စဥ်းခပ်သည့်အမျိုးအစား ကိုသုံးပီး မျက်စဥ်း ခပ်ပေးပါ။
-------------
မွေးမြူရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/tawetto-mwemyuyaetawinthumyaa
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း