ရန်ကုန်တိုင်း မိုးရွာသွန်းနိုင်မှု အခြေအနေ⛈⛈⛈⛈⛈⛈
နိုဝင်ဘာ ၉ ရက် ၀၉: ၃၀ နာရီ မှ နိုဝင်ဘာ ၁၂ ရက် ၀၉: ၃၀ နာရီအထိ၊ ရန်ကုန်တိုင်း ခရိုင်/မြို့နယ်များအလိုက် ၃ ရက် အတွင်း၊ ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်ပမာဏများ (မြေပုံ Color code များမှစမ်းသပ်ထုတ်နှုတ်ခြင်းဖြစ်ပါသည်)
(Experimental Rainfall extraction) from Reference Map : Ventusky ICON Model
• ကော့မှူး၊ တွံတေး၊ ကွမ်းခြံကုန်း၊ ဒလ၊ သံလျှင်၊ ကျောက်တန်း၊ မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်၊ တိုက်ကြီး မြို့နယ်/ခရိုင်များမှာ ၃ ရက် မိုးရေချိန် ၂ လက်မအထက်၊ ၃ လက်မနီးပါး ရွာသွန်းရရှိနိုင်(နေရာကွက်၍ မိုးသည်းထန်နိုင်)ပါမယ်။
• အင်းစိန်၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ ဒဂုံ(ဆိပ်ကမ်း၊ မြောက်၊ တောင်၊ အရှေ့)၊ ရန်ကုန်မြို့တွင်း - ပန်းဘဲတန်း၊ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ တာမွေ၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ စမ်းချောင်း၊ ကမာရွတ်၊ လှိုင် စသည့် မြို့နယ်/ခရိုင်များမှာ ၃ ရက်အတွင်း မိုးရေချိန် ၁ လက်မအထက်(၂ လက်မ နီးပါးခန့်)ရွာသွန်းရရှိနိုင်ပါတယ်။
FORECAST - MONITOR - COMMUNICATE
Win Naing
Administration Team,
MMWEATHER,
----------------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။




ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း