cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်း နိုဝင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရန်ကုန်တိုင်းအတွင်း တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ မုန်တိုင်းအကြွင်းအကျန်များကြောင့် နိုဝင်ဘာ ၉ ရက် မှ ၁၂ ရက်(၃ ရက်အတွင်း) မိုးအနည်းငယ်မှ မိုးအသင့်အတင့် (၃ ရက် မိုးရေချိန် ၁ လက်မအောက်)ရွာသွန်းနိုင်ပါမယ်။ ဤကြိုတင်ခန့်မှန်းချက်အရ တနိုင်ငံလုံးတွင် နိုဝင်ဘာ ၁၂ ရက်နောက်ပိုင်း မိုးရွာသွန်းမှု သိသိသာသာလျော့နည်းသွားနိုင်ပါတယ်။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက်ခြင်း(Atmospheric instabilities) အခြေအနေများ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် တောင်တရုတ်ပင်လယ်အနောက်တောင်ပိုင်း(ဗီယက်နမ် ကမ်းနီးပင်လယ်ပြင်)မှာ လေပွေလှိုင်းများဖြစ်ပေါ်ပြီး တိမ်ထူထပ်လာသော်လည်း တရုတ်ပြည်မကြီးဘက်မှ လေဖိအားများရပ်ဝန်း (High Pressure Area)၏ ဖိအားကြောင့်လည်းကောင်း၊ အရှေ့မြောက်ဘက်မှ လေစီးကြောင်းအားကောင်းနေခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံဘက်သို့ သက်ရောက်မှု၊ ရွေ့လျားဝင်ရောက်လာနိုင်မှုမရှိတော့ပါ။ 

    ·          မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၁၂ ရက်နေ့မှ စ ၍ တနင်္သာရီတိုင်းဒေသအချို့မှအပ မိုးတိမ်များ(Low Clouds) ဖြစ်ထွန်းသည့်အခြေအနေ တဖြည်းဖြည်းလျော့နည်းလာပြီး နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်၍ မြောက်ဘက်မှ တပြည်လုံးတိမ်ကင်းစင်လုနီးပါးဖြစ်လာနိုင်ပြီး လေအေးများတိုးဝင်လာကာ ညအပူချိန်များလည်းတဖြည်းဖြည်းကျဆင်းလာတော့မှာ ဖြစ်ပါတယ်။ 

    ရန်ကုန်တိုင်းအတွင်း နေ့စဉ်ပျမ်းမျှ နှင့် ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ရန်ကုန်တိုင်းအတွင်း တိုင်ဖွန်းမုန်တိုင်း KALMAEGI ၏ မုန်တိုင်းအကြွင်းအကျန်များကြောင့် နိုဝင်ဘာ ၉ ရက် မှ ၁၂ ရက်(၃ ရက်အတွင်း) မိုးအနည်းငယ်မှ မိုးအသင့်အတင့် (၃ ရက် မိုးရေချိန် ၁ လက်မအောက်)ရွာသွန်းနိုင်ပါမယ်။ ဤကြိုတင်ခန့်မှန်းချက်အရ တနိုင်ငံလုံးတွင် နိုဝင်ဘာ ၁၂ ရက်နောက်ပိုင်း မိုးရွာသွန်းမှု သိသိသာသာလျော့နည်းသွားနိုင်ပါတယ်။ 

    ·          နိုဝင်ဘာလအတွင်း ရန်ကုန်မြို့ပေါ်တွင် နေသာရက် ၈ ရက်ခန့်၊ မိုးရွာရက် ၈ ရက်ခန့်နှင့် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်သည့်ရက် ၂၂ ရက်ခန့်ရှိနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ ပင်လယ်ပြင်အခြေအနေနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ရန်ကုန်တိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပြီး၊ အမြင့်ဆုံးအပူချိန်တွေကို နိုဝင်ဘာ ၁၁ ရက် နဲ့ ၁၂ ရက်နေ့တွေမှာ ခံစားရနိုင်ပါတယ်။ 

    ·          ရန်ကုန်တိုင်းမှာ ယခုတပတ်အတွင်း ခံစားရတဲ့အပူချိန်(Feels like temperature) ၃၇°C အထိရှိနိုင်ပြီး လေထုစိုထိုင်းဆ ၆၀% မှ ၈၀% ခန့် ရှိနိုင်ပါမယ်။ 

    ·          ယခု ၁ ပတ်အတွင်း အရှေ့ဘက်၊ တောင်ဘက်နှင့် အရှေ့မြောက်ဘက်အရပ်မှ လေတိုက်နှုန်း တနာရီမိုင် ၂၀ မိုင်ခန့်ရှိနိုင်ပြီး၊ ရန်ကုန်မြစ်ဝ၊ ကမ်းနီးပင်လယ်ပြင်မှာ လှိုင်းအမြင့်ဆုံး ၂ ပေ ခန့်ရှိနိုင်ပါတယ်။ 

    ယခု ၁ ပါတ်အတွင်း ရန်ကုန်တိုင်းရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်းအမြင့်ဆုံး(AQI value) “၁၂၀” မှ “၁၃၀” ရှိနိုင်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ-ကျန်းမာရေးမကောင်းသူများအတွက် အပြင်ထွက်တဲ့အခါ Mask တပ်ပြီးထွက်ရန်သတိထားကြရမည့် အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးများဗိုက်ဖောင်းပြီး သေဆုံးသည့်ရောဂါအကြောင်း 

    ငါးမွေးတောင်သူအများစု ကြုံတွေ့နေရသော ငါးရောဂါ တမျိုးမှာ ငါးများ ငါးများ ဗိုက်ဖောင်းပွပြီး ဗူပေါင်းကဲ့သို့ဖြစ်နေခြင်း နှင့် ဝမ်းဗိုက်တွင် အစိမ်းရောင် အရည် (သို့မဟုတ်)အဝါရောင် အရည်များ စုဝေနေတတ်သည်။ ဖျဉ်းစွဲခြင်း(Dropsy disease) ဟုခေါ်ပါသည်။ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးပေါင်းစပ်ပြီး ရောဂါဝင်ခြင်းဖြစ်ပါသည်။ ထိုရောဂါဖြစ်ပါက ငါးသည် ဟန်ချက်ပျက်ပြီး ရေတွင်ကောင်းစွာမကူးခတ်နိုင်ပါ၊ အစာလည်းကောင်း စွာမစားနိုင်သဖြင့် သေဆုံးနိုင်ပြီး ကုန်ထုတ်လုပ်မှု ကျဆင်းနိုင်ပါသည်။ ထိုရောဂါ ကျနေပါက သဘာဝဓါတ်မြေဩဇာသုံးစွဲခြင်းကို ယာယီရပ်ဆိုင်းထားပါ။ 

    တစ်ဧကလျှင် ထုံး (၃၀)ပိဿာကို မနက် (၁၀)နာရီအတွင်း နေပူချိန်တွင် ကန်အနှံ့ပက်ပေးပါ။ 

    ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။ 

    --------------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို   

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
1508